CELEBRITY NEWS

သေဒဏ်ချခံထားရတဲ့ သား ၄ယောက်ထဲက သားအငယ်လေး နိုင်နိုင် သူ့အမေစီ ရေးလိုက်တဲ့ စာလေး

သေဒဏ်ချခံထားရတဲ့ သား ၄ယောက်ထဲက
သားအငယ်လေး နိုင်နိုင် သူ့အမေစီ ရေးလိုက်တဲ့ စာလေး

နိုင်နိုင်(ခ)ရွှေငါး

အမေနေကောင်းလား၊ကျန်းမာရေးဂရုစိုက်နော် သားသတိရလို့စာရေးလိုက်ပါတယ်။အဖေ့ကိုလည်းပြောလိုက်ပါမေကြီး ကျန်းမာရေးဂရုစိုက်ပြီးနေပါလို့။အရက်တွေလည်း အရမ်းမသောက်ပါနဲ့လို့။မေကြီးတို့သားတို့(ည်ီအစ်ကို)[လေးယောက်]စလုံးအတွက် ဘာမှစိတ်မပူနဲ့နော်။သားတို့အစစအရာရာ အကုန်လုံးအဆင်ပြေပါတယ်။

ညီမလေးနဲ့ယောက်ဖကိုလည်း ပြောလိုက်ဦးနော် သားသတိရပါတယ်လို့၊ ကိုကြီး (ကျောင်းဆရာ)ကိုလည်း ပြောလိုက်ပါနော် ဟိုဟာတွေ အရင်လို ထပ်(ထက်)မလုပ်ပါနဲ့တော့လို့ သားတို့(လေးယောက်)စလုံးအတွက် (အင်္ကျီ)တစ်ယောက်တစ်စုံစီထည့်ပေးလိုက်ပါနော်မေကြီး သားတို့(အမေနဲ့အဖေ)ဆီကို့ အချိန်တန်ရင် ရောက်အောင် ပြန်လာခဲ့မယ်။သားရဲ့ မိန်းမ(မိုးလွင်)ကိုလည်း ပြောလိုက်ပါ။

သားအရမ်းသတိရပါတယ်လို့ မေကြီး။သားအဓိက အရေးကြီးတာ ရေးချင်(ခြင်)တာက(အမေနဲ့အဖေ) ကျန်းမာရေးကိုသာ အစစအရာရာဂရုစိုက်ပြီးသာနေပါနော်မေကြီး။ကြင်ယာအင်္ကျီ(အပြာအစင်းကြား)ကို သေချာလေးသိမ်းထားပေးပါမေကြီးတဲ့။

ဂွင်းထဲမှ စာသားတစ်ချို့မှာ မှားနေလို့ အမှန်က ဂွင်းအရှေ့ ထည့်ပြီးရေးပေးထားပါတယ်ဗျ

Crd

Zawgyi


နိုင်နိုင်(ခ)ရွှေငါး





Crd