Local News

မြန်မာဆန်ကုန်သည်များထံမှ ကျပ်နှစ်ဘီလီယံကျော်ဖိုး ဆန်ဝယ်ထားသော တရုတ်ကုန်သည် ငွေမရှင်းဘဲတိမ်းရှောင်နေ

Unicode :

မြန်မာဆန်ကုန်သည် များထံမှ နယ်စပ်ကုန်သွယ်ရေး ဖြင့် ကျပ် ၂

ဒသမ ၆ ဘီလီယံဖိုး ဆန်ဝယ်ယူ တင်သွင်းခဲ့သော တရုတ်

ကုန်သည်တစ်ဦးက ငွေမ ပေးချေဘဲ တိမ်းရှောင်နေကြောင်း မူ

ဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

တရုတ်နိုင်ငံ ဟူပေပြည်နယ် မှ ဆန်ကုမ္ပဏီပိုင်ရှင် လော်ကြံဖန်

(Luo Jianfang) ခေါ် လော် လောပန်းဆိုသူက မြန်မာနိုင်ငံမှ ဆန်

ကုန်သည်များကို ကျပ် ၂ ဒသမ ၆ ဘီလီယံဖိုးနှင့် ရွှေလီမြို့

အခြေစိုက် တရုတ်ဆန်ကုန်သည် များကို ကျပ် ရှစ်ဘီလီယံကျော်

ငွေမရှင်းဘဲ တိမ်းရှောင်သွားခြင်း ဖြစ်ကြောင်း ၎င်းကရှင်း

ပြသည်။

ထို့ကြောင့် ငွေမရှင်းဘဲ တိမ်းရှောင်သွားသူ ပိုင်ဆိုင်သည့် ရွှေလီ

မြို့နှင့် ဝမ်တိန်မြို့ရှိ ဆန် စက်များကို တရုတ်ဆန်ကုန် သည်များ

က ဒီဇင်ဘာ ၅ ရက်တွင် သွားရောက်သိမ်းဆည်းခဲ့သည်ဟု ၎င်းက

ဆက်လက်ပြောသည်။

အဆိုပါ ငွေကြေးပြဿနာ သည် နိုဝင်ဘာလကုန်ပိုင်းတွင် စတင်ခဲ့

ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်တွင် ကုမ္ပဏီ၊ လူအမည်များ နှင့်

ငွေကြေးပမာဏ တိတိကျကျ သတင်းထွက်ပေါ်လာခြင်း ဖြစ်

သည်။ နိုဝင်ဘာလကုန်ပိုင်းတွင် မူဆယ်ရှိ ဆန်ကုန်သည်အချို့က

ငွေကြေး ပြန်လည်ရရှိနိုင်မည့် မျှော်လင့်ချက်ဖြင့် အချိန်စောင့် စား

နေခြင်းဖြစ်သည်။ မူဆယ်မြို့ တွင် ကြုံနေရသော ငွေကြေး

ပြဿနာကို သိရှိရပြီးနောက် မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်က

တရုတ်ကုန်သည်အဖွဲ့အ စည်းများ၊ မူဆယ်ဆန်ကုန်စည် ဒိုင်တို့နှင့်

ဆွေးနွေးမှုများပြုလုပ်ပြီး နောက် ငွေကြေးဆုံးရှုံးသွားသူ များ

အချက်အလက် တိတိကျကျ တင်ပြလျှင် ညှိနှိုင်းဆောင်ရွက် ပေ

းမည်ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်း

အောင်က ပြောသည်။

‘‘ကျွန်တော်တို့ သိရသ လောက်ဆိုရင် ဖြစ်သွားတဲ့အခြေ အနေ

အရ အခွန်ပြဿနာပဲ’’ ဟု ဦးရဲမင်းအောင်က ပြောသည်။

တရုတ်အစိုးရက ပြည်ပမှ တင်သွင်းသော ဆန်တစ်အိတ်ကို ယွမ်

၄ဝ ကျော် အခွန်ကောက် သော်လည်း ဆန်ကွဲတစ်အိတ် လျှင် ယွမ်

၁ဝ သာ အခွန်ကောက် သည်။ လက်ရှိ တိမ်းရှောင်နေ သော

တရုတ်ကုန်သည်က အခွန် သက်ခွင့်ရရှိရန်အတွက် ဆန်ကွဲ တင်

သွင်းခွင့် လျှောက်ထားပြီး ဆန်တင်သွင်းခဲ့သည်ဟု ဦးရဲမင်း

အောင်ကပြောသည်။ ထို့ကြောင့် အခွန်တိမ်းရှောင်မှုနှင့် ပတ်သက်

၍ တရုတ်အစိုးရက အရေးယူစစ် ဆေးနေသည်ကို သိရှိရသည်ဟု

လည်း ၎င်းကပြောသည်။

အထက်ပါ ငွေကြေးပြဿ နာနှင့်ပတ်သက်၍ ဒီဇင်ဘာ ၆ ရက်

အထိ မြန်မာဆန်ကုန်သည် များက ငွေကြေးဆုံးရှုံးမှုကို

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ အချက်အလက်ပြည့်ပြည့်စုံစုံ

ဖြင့် အကြောင်းကြားမှု မရှိသေး ကြောင်း ၎င်းကရှင်းပြသည်။

မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများတွင် ငွေကြေ

းပြဿနာများ ကြုံရပြီး မြန်မာကုန်သည်များ နစ်နာဆုံး ရှုံးမှုရှိ

သဖြင့် စာချုပ်ချုပ်ဆိုပြီး လုပ်ထုံးလုပ်နည်းများနှင့် အညီ

စနစ်တကျဆောင်ရွက်ရန် မြန်မာ နိုင်ငံဆန်စပါးအသင်း

ချုပ်(MRF)က နိုဝင်ဘာ ၂၈ ရက်တွင် ကြေ ညာချက်ထုတ်ပြန်

ထားသည်။


Zawgyi :

ျမန္မာဆန္ကုန္သည္ မ်ားထံမွ နယ္စပ္ကုန္သြယ္ေရး ျဖင့္ က်ပ္ ၂ ဒသမ ၆ ဘီလီယံဖိုး ဆန္ဝယ္ယူ တင္သြင္းခဲ့ေသာ

 

တ႐ုတ္ကုန္သည္တစ္ဦးက ေငြမ ေပးေခ်ဘဲ တိမ္းေရွာင္ေနေၾကာင္း မူဆယ္ဆန္ကုန္စည္ဒိုင္ ဒုတိယ ဥကၠ႒ ဦးမင္းသိန္းက ေျပာသည္။

တ႐ုတ္ႏိုင္ငံ ဟူေပျပည္နယ္ မွ ဆန္ကုမၸဏီပိုင္ရွင္ ေလာ္ႀကံဖန္ (Luo Jianfang) ေခၚ ေလာ္ ေလာပန္းဆိုသူက ျမန္မာႏိုင္ငံမွ ဆန္ကုန္သည္မ်ားကို က်ပ္

 

၂ ဒသမ ၆ ဘီလီယံဖိုးႏွင့္ ေ႐ႊလီၿမိဳ႕ အေျခစိုက္ တ႐ုတ္ဆန္ကုန္သည္ မ်ားကို က်ပ္ ရွစ္ဘီလီယံေက်ာ္

ေငြမရွင္းဘဲ တိမ္းေရွာင္သြားျခင္း ျဖစ္ေၾကာင္း ၎ကရွင္းျပသည္။

ထို႔ေၾကာင့္ ေငြမရွင္းဘဲ တိမ္းေရွာင္သြားသူ ပိုင္ဆိုင္သည့္ ေ႐ႊလီၿမိဳ႕ႏွင့္ ဝမ္တိန္ၿမိဳ႕ရွိ ဆန္ စက္မ်ားကို

 

တ႐ုတ္ဆန္ကုန္ သည္မ်ားက ဒီဇင္ဘာ ၅ ရက္တြင္ သြားေရာက္သိမ္းဆည္းခဲ့သည္ဟု ၎ကဆက္လက္ေျပာသည္။

အဆိုပါ ေငြေၾကးျပႆနာ သည္ ႏိုဝင္ဘာလကုန္ပိုင္းတြင္ စတင္ခဲ့ျခင္းျဖစ္ၿပီး ဒီဇင္ဘာ ၆ ရက္တြင္ ကုမၸဏီ၊

 

လူအမည္မ်ား ႏွင့္ ေငြေၾကးပမာဏ တိတိက်က် သတင္းထြက္ေပၚလာျခင္း ျဖစ္ သည္။ ႏိုဝင္ဘာလကုန္ပိုင္းတြင္ မူဆယ္ရွိ ဆန္ကုန္သည္အခ်ိဳ႕က ေငြေၾကး ျပန္လည္ရရွိႏိုင္မည့္ ေမွ်ာ္လင့္ခ်က္ျဖင့္ အခ်ိန္ေစာင့္ စားေနျခင္းျဖစ္သည္။မူဆယ္ၿမိဳ႕ တြင္ ႀကဳံေနရေသာ ေငြေၾကး ျပႆနာကို သိရွိရၿပီးေနာက္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္း ခ်ဳပ္က တ႐ုတ္ကုန္သည္အဖြဲ႕အ စည္းမ်ား၊ မူဆယ္ဆန္ကုန္စည္ ဒိုင္တို႔ႏွင့္ ေဆြးေႏြးမႈမ်ားျပဳလုပ္ၿပီး ေနာက္ ေငြေၾကးဆုံးရႈံးသြားသူ မ်ား

 

အခ်က္အလက္ တိတိက်က် တင္ျပလွ်င္ ညႇိႏႈိင္းေဆာင္႐ြက္ ေပးမည္ဟု ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္ဥကၠ႒ ဦးရဲမင္း ေအာင္က ေျပာသည္။

‘‘ကြၽန္ေတာ္တို႔ သိရသ ေလာက္ဆိုရင္ ျဖစ္သြားတဲ့အေျခ အေနအရ အခြန္ျပႆနာပဲ’’ ဟု ဦးရဲမင္းေအာင္က ေျပာသည္။

တ႐ုတ္အစိုးရက ျပည္ပမွ တင္သြင္းေသာ ဆန္တစ္အိတ္ကို ယြမ္ ၄ဝ ေက်ာ္ အခြန္ေကာက္ ေသာ္လည္း ဆန္ကြဲတစ္အိတ္ လွ်င္ ယြမ္ ၁ဝ သာ အခြန္ေကာက္ သည္။

 

လက္ရွိ တိမ္းေရွာင္ေန ေသာ တ႐ုတ္ကုန္သည္က အခြန္ သက္ခြင့္ရရွိရန္အတြက္ ဆန္ကြဲ တင္သြင္းခြင့္ ေလွ်ာက္ထားၿပီး ဆန္တင္သြင္းခဲ့သည္ဟု ဦးရဲမင္း ေအာင္ကေျပာသည္။

 

ထို႔ေၾကာင့္ အခြန္တိမ္းေရွာင္မႈႏွင့္ ပတ္သက္ ၍ တ႐ုတ္အစိုးရက အေရးယူစစ္ ေဆးေနသည္ကို သိရွိရသည္ဟု လည္း ၎ကေျပာသည္။

အထက္ပါ ေငြေၾကးျပႆ နာႏွင့္ပတ္သက္၍ ဒီဇင္ဘာ ၆ ရက္အထိ ျမန္မာဆန္ကုန္သည္ မ်ားက ေငြေၾကးဆုံးရႈံးမႈကို

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္သို႔ အခ်က္အလက္ျပည့္ျပည့္စုံစုံျဖင့္ အေၾကာင္းၾကားမႈ မရွိေသး ေၾကာင္း ၎ကရွင္းျပသည္။

ျမန္မာ-တ႐ုတ္ နယ္စပ္ ကုန္သြယ္ေရး လုပ္ငန္းမ်ားတြင္ ေငြေၾကးျပႆနာမ်ား ႀကဳံရၿပီး ျမန္မာကုန္သည္မ်ား နစ္နာဆုံး ရႈံးမႈရွိသျဖင့္

 

စာခ်ဳပ္ခ်ဳပ္ဆိုၿပီး လုပ္ထုံးလုပ္နည္းမ်ားႏွင့္ အညီ စနစ္တက်ေဆာင္႐ြက္ရန္ ျမန္မာ ႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF)က ႏိုဝင္ဘာ ၂၈ ရက္တြင္ ေၾက ညာခ်က္ထုတ္ျပန္ထားသည္။