Daily News

တံတား အပေါ်ကနေ ကြိုးဆွဲချ မသေခင်လေးမှာ အမအကျိုးရှိစေမယ့် သူရဲကောင်းလုပ်ရပ်ကို လုပ်သွားခဲ့တဲ့ အဘ

တံတား အပေါ်ကနေ ကြိုးဆွဲချ မသေခင်လေးမှာ အမအကျိုးရှိစေမယ့် သူရဲကောင်းလုပ်ရပ်ကို လုပ်သွားခဲ့တဲ့ အဘ

ခုလို ခေတ်ကြီးမှာ လူတိုင်းကတော့ အခက်အခဲ ကိုယ်စီ ရှိကြစမြဲပါ ။ ချမ်းသာကြွယ်ဝပြီး ပိုင်ဆိုင်မှုတွေ များနေတဲ့ သူတွေတောင် အဆင်မပြေရတဲ့ အကြောင်းအရင်းတွေ ရှိကြသလို ဆင်းရဲနွမ်းပါးသူတွေဆိုရင် ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရသူတွေမို့ ပိုလို့တောင် စိတ်သောကတွေ အပူအပင်တွေ ရှိနေမှာပါ ။ အရာရာတိုင်းက တန်ဖိုးနှုန်းတွေ မြင့်မားနေချိန်မှာ တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေအဖို့ မိသားစုတွေ ဘယ်လို ဖြေရှင်း စားသောက်နေရမလည်းဆိုတာ တွေးကြည့်ရင်တောင် မလွယ်ကူလှပါဘူးနော် ။

မြန်မာနိုင်ငံမှာ ခုဆိုရင် လတ်တလောဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေတွေအပြင် ကိုဗစ် ရောဂါကူးစက်မှုတွေ တတိယလှိုင်းအနေနဲ့ ပြန်လည်ဖြစ်ပွားနေတာကြောင့် အလုပ်အကိုင်အဆင်မပြေမှုတွေကို အဆိုးဝါးဆုံး ကြုံတွေ့နေကြရပါတယ် ။ ဒါ့ကြောင့်လည်း နွမ်းပါးပြည်သူတွေ အတွက် စေတနာရှင်တွေ ၊ ပရဟိတတွေ ပေါင်းပြီး ထောက်ပံ့လှူဒါန်းခြင်းတွေ တတ်နိုင်သလောက် ပြုလုပ်ပေးနေကြတာပါ ။

တစ်ချို့ကလည်း အရမ်းခက်ခဲလွန်းတဲ့ ဘဝတွေကို ရှေ့မဆက်ချင်တော့တာကြောင့် အရှုံးပေးကာ လူဘဝထဲကနေ အဆုံးစီရင်ကာ ထွက်သွားကြတာတွေလည်းရှိပါတယ် ။ ဒီနေ့မှာဆိုရင်လည်း အဘတစ်ယောက် ရွှေပေါက်ကံ တံတား အပေါ်ကနေ ကိုယ့်ကိုယ်ကို ဆွဲကြိုးချကာ အဆုံးစီရင်ခဲ့တဲ့ သတင်းလေးပျံ့နှံ့ခဲ့ပါတယ် ။

ငွေကြေး အဆင်မပြေမှုတွေကြောင့် ခုလို အဆုံးစီရင် သွားခဲ့ကြောင်း မိသားစုဝင်တွေက ပြောကြားတယ်လို့လည်း သိရပါတယ် ။မသေခင် မှာ” သူရဲ့ ခန္ဓာကိုယ်ကို ဆေးကျောင်းကို လှူပါတယ် ” ဆိုပြီး ရေးသားခဲ့ရာ လေးစားမိသလို စိတ်မကောင်းမိတာ အမှန်ပါပဲ ။
ပရိသတ်ကြီးအတွက် အဘရဲ့ စာလေးကို ပြန်လည်ဝေမျှပေးရင်း ကောင်းရာ သုဂတိလာပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Zawgyi

တံတား အေပၚကေန ႀကိဳးဆြဲခ် မေသခင္ေလးမွာ အမအက်ိဳးရွိေစမယ့္ သူရဲေကာင္းလုပ္ရပ္ကို လုပ္သြားခဲ့တဲ့ အဘ

ခုလို ေခတ္ႀကီးမွာ လူတိုင္းကေတာ့ အခက္အခဲ ကိုယ္စီ ရွိၾကစၿမဲပါ ။ ခ်မ္းသာႂကြယ္ဝၿပီး ပိုင္ဆိုင္မႈေတြ မ်ားေနတဲ့ သူေတြေတာင္ အဆင္မေျပရတဲ့ အေၾကာင္းအရင္းေတြ ရွိၾကသလို ဆင္းရဲႏြမ္းပါးသူေတြဆိုရင္ ဘဝကို ခက္ခက္ခဲခဲ ႐ုန္းကန္ေနရသူေတြမို႔ ပိုလို႔ေတာင္ စိတ္ေသာကေတြ အပူအပင္ေတြ ရွိေနမွာပါ ။ အရာရာတိုင္းက တန္ဖိုးႏႈန္းေတြ ျမင့္မားေနခ်ိန္မွာ တစ္ေန႕လုပ္မွ တစ္ေန႕စားရသူေတြအဖို႔ မိသားစုေတြ ဘယ္လို ေျဖရွင္း စားေသာက္ေနရမလည္းဆိုတာ ေတြးၾကည့္ရင္ေတာင္ မလြယ္ကူလွပါဘူးေနာ္ ။

ျမန္မာနိုင္ငံမွာ ခုဆိုရင္ လတ္တေလာျဖစ္ပ်က္ေနတဲ့ နိုင္ငံေရး အေျခအေနေတြအျပင္ ကိုဗစ္ ေရာဂါကူးစက္မႈေတြ တတိယလွိုင္းအေနနဲ႕ ျပန္လည္ျဖစ္ပြားေနတာေၾကာင့္ အလုပ္အကိုင္အဆင္မေျပမႈေတြကို အဆိုးဝါးဆုံး ႀကဳံေတြ႕ေနၾကရပါတယ္ ။ ဒါ့ေၾကာင့္လည္း ႏြမ္းပါးျပည္သူေတြ အတြက္ ေစတနာရွင္ေတြ ၊ ပရဟိတေတြ ေပါင္းၿပီး ေထာက္ပံ့လႉဒါန္းျခင္းေတြ တတ္နိုင္သေလာက္ ျပဳလုပ္ေပးေနၾကတာပါ ။

တစ္ခ်ိဳ႕ကလည္း အရမ္းခက္ခဲလြန္းတဲ့ ဘဝေတြကို ေရွ႕မဆက္ခ်င္ေတာ့တာေၾကာင့္ အရႈံးေပးကာ လူဘဝထဲကေန အဆုံးစီရင္ကာ ထြက္သြားၾကတာေတြလည္းရွိပါတယ္ ။ ဒီေန႕မွာဆိုရင္လည္း အဘတစ္ေယာက္ ေ႐ႊေပါက္ကံ တံတား အေပၚကေန ကိုယ့္ကိုယ္ကို ဆြဲႀကိဳးခ်ကာ အဆုံးစီရင္ခဲ့တဲ့ သတင္းေလးပ်ံ့ႏွံ႕ခဲ့ပါတယ္ ။

ေငြေၾကး အဆင္မေျပမႈေတြေၾကာင့္ ခုလို အဆုံးစီရင္ သြားခဲ့ေၾကာင္း မိသားစုဝင္ေတြက ေျပာၾကားတယ္လို႔လည္း သိရပါတယ္ ။မေသခင္ မွာ” သူရဲ႕ ခႏၶာကိုယ္ကို ေဆးေက်ာင္းကို လႉပါတယ္ ” ဆိုၿပီး ေရးသားခဲ့ရာ ေလးစားမိသလို စိတ္မေကာင္းမိတာ အမွန္ပါပဲ ။
ပရိသတ္ႀကီးအတြက္ အဘရဲ႕ စာေလးကို ျပန္လည္ေဝမွ်ေပးရင္း ေကာင္းရာ သုဂတိလာပါေစ ဆုေတာင္းေပးလိုက္ပါတယ္ ။