AMAZING

ရိုးရိုးဓာတ်ဆီ BMW အင်ဂျင်နဲ့ လေထဲ ၃၅ မိနစ်ကြာအောင်ပျံပြခဲ့တဲ့ အမိုက်စား ကားပျံ

ရိုးရိုးဓာတ်ဆီ BMW အင်ဂျင်နဲ့ လေထဲ ၃၅ မိနစ်ကြာအောင်ပျံပြခဲ့တဲ့ အမိုက်စား ကားပျံ

ဇွန်လ ၂၈ ရက်နေ့က စလိုဗက်ကီးယားနိုင်ငံ၊ Nitra မြို့ နဲ့ Bratislava မြို့ကြားမှာ Klein Vision ကုမ္ပဏီက ဖန်တီးတီထွင်ထားတဲ့ ကားငယ်လေးကို စမ်းသပ်ပျံသန်းမှုပြုလုပ်ခဲ့ရာမှာ အောင်မြင်မှုရရှိခဲ့ပြိး သမိုင်းမှတ်တိုင်သစ် စတင်နိုင်ခဲ့ပါတယ်။

ရှေ့ပြေးပုံစံကားငယ်ဟာ လေထဲမှာ ၃၅ မိနစ်ကြာ ပျံသန်းမောင်းနှင်နေခဲ့တာဖြစ်ပြီး အောင်မြင်မှုတစ်ခုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ BBC ရဲ့ ဖော်ပြချက်အရ AirCar ဟာ ကားအဖြစ်ကနေ လေယာဉ်အဖြစ်ကို အသွင်ပြောင်းလဲဖို့အတွက် ၂မိနစ် နဲ့ ၁၅ စက္ကန့်ကြာမြင့်ခဲ့ကြောင်း သိရပါတယ်။

BMW အင်ဂျင်တပ်ဆင်ထားပြီး ပုံမှန်ဓာတ်ဆီနဲ့ပဲ လည်ပတ်မောင်းနှင်ခဲ့ကာ လေထဲမှာ နာရီပေါင်း ၄၀ အထိ အလုပ်လုပ်နိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အမြင့်ပေ မိုင် ၆၀၀ (ပေပေါင်း ၈၂၀၀) အထိကို ပျံသန်းနိုင်တယ်လို့လည်း သိရပါတယ်။

Stefan Klein ဟာ သူကိုယ်တိုင်ဖန်တီးတီထွင်ထားတဲ့ ယာဉ်ငယ်ကို ကိုယ်တိုင်စမ်းသပ်ကာ မောင်းနှင်ခဲ့ပြီး သတင်းထောက်တွေနဲ့ အများပြည်သူ ကြည့်ရှုနိုင်အောင် မြို့ထဲမှာပျံသန်းပြခဲ့တာပါ။

ဒါပေမယ့်လည်း ယာဉ်ငယ်အနေနဲ့ ကားလမ်းမကို သွေဖယ်ပစ်နိုင်ဖို့ အသင့်မဖြစ်သေးသလို ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်ခြင်းလည်းမရှိသေးဘဲ သူ့အတွက် လေယာဉ်ပြေးလမ်းတစ်ခု လိုအပ်နေပါသေးတယ်။ ယာဉ်ငယ်ဟာ တစ်နာရီကို ၁၀၆ မိုင်နှုန်းအထိ မောင်းနှင်နိုင်ပြီး တည်ဆောက်ဖို့အတွက် ၂နှစ်ကျော်ကြာမြင့်ခဲ့ကာ ဒေါ်လာ ၂.၃သန်းခန့် ကုန်ကျခဲ့ကြောင်းလည်း Klein က ပြောဆိုခဲ့ပါတယ်။

Klein Vision ကုမ္ပဏီရဲ့ အကြံပေးနဲ့ ရင်းနှီးမြုပ်နှံသူတစ်ဦးဖြစ်တဲ့ Anton Zajac က သူတို့အနေဲ့ ကမ္ဘာလေကြောင်းလိုင်း ဒါမှမဟုတ် တက္ကစီရောင်းချရမှုတွေရဲ့ ရာခိုင်နှုန်းအနည်းငယ်ကို ဆွဲဆောင်နိုင်ဖို့ မျှော်လင့်ထားကြောင်း BBC ကို ဖွင့်ဟခဲ့ပါတယ်။

မူရင်း Crd

Zawgyi

ရိုးရိုးဓာတ္ဆီ BMW အင္ဂ်င္နဲ႕ ေလထဲ ၃၅ မိနစ္ၾကာေအာင္ပ်ံျပခဲ့တဲ့ အမိုက္စား ကားပ်ံ

ဇြန္လ ၂၈ ရက္ေန႕က စလိုဗက္ကီးယားနိုင္ငံ၊ Nitra ၿမိဳ႕ နဲ႕ Bratislava ၿမိဳ႕ၾကားမွာ Klein Vision ကုမၸဏီက ဖန္တီးတီထြင္ထားတဲ့ ကားငယ္ေလးကို စမ္းသပ္ပ်ံသန္းမႈျပဳလုပ္ခဲ့ရာမွာ ေအာင္ျမင္မႈရရွိခဲ့ၿပိး သမိုင္းမွတ္တိုင္သစ္ စတင္နိုင္ခဲ့ပါတယ္။

ေရွ႕ေျပးပုံစံကားငယ္ဟာ ေလထဲမွာ ၃၅ မိနစ္ၾကာ ပ်ံသန္းေမာင္းႏွင္ေနခဲ့တာျဖစ္ၿပီး ေအာင္ျမင္မႈတစ္ခုကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။ BBC ရဲ႕ ေဖာ္ျပခ်က္အရ AirCar ဟာ ကားအျဖစ္ကေန ေလယာဥ္အျဖစ္ကို အသြင္ေျပာင္းလဲဖို႔အတြက္ ၂မိနစ္ နဲ႕ ၁၅ စကၠန႔္ၾကာျမင့္ခဲ့ေၾကာင္း သိရပါတယ္။

BMW အင္ဂ်င္တပ္ဆင္ထားၿပီး ပုံမွန္ဓာတ္ဆီနဲ႕ပဲ လည္ပတ္ေမာင္းႏွင္ခဲ့ကာ ေလထဲမွာ နာရီေပါင္း ၄၀ အထိ အလုပ္လုပ္နိုင္မွာျဖစ္တယ္လို႔လည္း ဆိုပါတယ္။ အျမင့္ေပ မိုင္ ၆၀၀ (ေပေပါင္း ၈၂၀၀) အထိကို ပ်ံသန္းနိုင္တယ္လို႔လည္း သိရပါတယ္။

Stefan Klein ဟာ သူကိုယ္တိုင္ဖန္တီးတီထြင္ထားတဲ့ ယာဥ္ငယ္ကို ကိုယ္တိုင္စမ္းသပ္ကာ ေမာင္းႏွင္ခဲ့ၿပီး သတင္းေထာက္ေတြနဲ႕ အမ်ားျပည္သူ ၾကည့္ရႈနိုင္ေအာင္ ၿမိဳ႕ထဲမွာပ်ံသန္းျပခဲ့တာပါ။

ဒါေပမယ့္လည္း ယာဥ္ငယ္အေနနဲ႕ ကားလမ္းမကို ေသြဖယ္ပစ္နိုင္ဖို႔ အသင့္မျဖစ္ေသးသလို ေဒါင္လိုက္အတက္အဆင္းျပဳလုပ္နိုင္ျခင္းလည္းမရွိေသးဘဲ သူ႕အတြက္ ေလယာဥ္ေျပးလမ္းတစ္ခု လိုအပ္ေနပါေသးတယ္။ ယာဥ္ငယ္ဟာ တစ္နာရီကို ၁၀၆ မိုင္ႏႈန္းအထိ ေမာင္းႏွင္နိုင္ၿပီး တည္ေဆာက္ဖို႔အတြက္ ၂ႏွစ္ေက်ာ္ၾကာျမင့္ခဲ့ကာ ေဒၚလာ ၂.၃သန္းခန႔္ ကုန္က်ခဲ့ေၾကာင္းလည္း Klein က ေျပာဆိုခဲ့ပါတယ္။

Klein Vision ကုမၸဏီရဲ႕ အႀကံေပးနဲ႕ ရင္းႏွီးျမဳပ္ႏွံသူတစ္ဦးျဖစ္တဲ့ Anton Zajac က သူတို႔အေနဲ႕ ကမာၻေလေၾကာင္းလိုင္း ဒါမွမဟုတ္ တကၠစီေရာင္းခ်ရမႈေတြရဲ႕ ရာခိုင္ႏႈန္းအနည္းငယ္ကို ဆြဲေဆာင္နိုင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း BBC ကို ဖြင့္ဟခဲ့ပါတယ္။

မူရင္း Crd