CELEBRITY NEWS

လွှတ်မြောက်ဖို့ ထပ်မံရှိနေတဲ့ အနုပညာရှင် အချို့စာရင်းကို စိတ်ချရတဲ့ ရှေ့နေကြီးတွေ ကိုယ်တိုင်ပြော

လွှတ်မြောက်ဖို့ ထပ်မံရှိနေတဲ့ အနုပညာရှင် အချို့စာရင်းကို စိတ်ချရတဲ့ ရှေ့နေကြီးတွေ ကိုယ်တိုင်ပြော

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ

ယုံကြည် စိတ်ချရတဲ့ ရှေ့နေကြီးတွေ ကိုယ်တိုင်ပြောလာတဲ့ လွှတ်မြောက်ဖို့ ထပ်မံရှိနေတဲ့ အနုပညာရှင် အချို့စာရင်း

အမှု ရင်ဆိုင် ဆဲ အချုပ် ကျ ခံနေရတဲ့ အနုပညာရှင်အချို့ မကြာခင် ရက်သတ္တပတ် အတွင်း ထပ်မံ လွတ်မြောက် ဖို့ ကြားနေရတယ်လို့ လက်ရှိ ၅၀၅ က နဲ့ အမှုရင်ဆိုင် နေရသူတွေ ကိုလိုက်ပါကူညီ ပေးနေတဲ့ ရှေ့နေ အသိုင်းအဝိုင်းကနေ သိရပါတယ်။

လတ်တလောမှာ အနုပညာရှင်တွေ ခံဝန်ကတိတွေနဲ့လက်မှတ်ထိုးငွေပေးရတယ်ဆိုတဲ့ ဖြစ်ရပ်တွေက မြေပြင်မှာတကယ်ဖြစ်နေတာမျိုး မရှိဘူးလို့ အနုပညာရှင်တွေရဲ့ အမှုတွေကို လိုက်ပါကူညီနေတဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

“ကျွန်တော့်ရဲ့ အမူသည်တွေ ဖြစ်တဲ့ပိုင်တံခွန်၊ ရဲတိုက်နဲ့ တခြား အနု ပညာရှင်တွေ ပါလာမယ်ကြားထားလို့မျှော်လင့်မိပါတယ်။ ဒါပေမယ့် အနုပညာရှင် နှစ်ယောက်လောက်ပဲပါတယ်။

နောက်လာမယ့် အသုတ်တွေမှာထပ်ပါလာမယ်လို့ကြားသိထားပါတယ် ” လို့ ဦးခင်မောင်မြင့်ကကိုပြောပြ ပါတယ် ။ ပြီးခဲ့တဲ့ ဇွန်လ ၃ဝရက်က နိုင်ငံတဝန်း တရားရင် ဆိုင်ဆဲအကျဉ်းသား ၂ဝဝဝ လောက်ကိုပြန်လွှတ်ပေးခဲ့တာရှိပေမယ့် နိုင်ငံကျော်အနုပညာရှင်အများစုပါမလာခဲ့ပါဘူး ။

အကျဉ်းသားတွေပြန်လွှတ်ပေးတဲ့နေရာမှာ ပထမအဆင့်အနေနဲ့ အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြ ရာမှာပါဝင်ပြီး ပုဒ်မ ၅ဝ၅- ကနဲ့ တရားစွဲဆိုထားသူတွေကိုလွှတ်ပေးတာဖြစ်ပါတယ်။

ဒုတိယအဆင့်အနေနဲ့နိုင်ငံကျော်အနုပညာရှင်တွေ ပါဝင်မှာဖြစ်ပြီးနောက်ပိုင်းမှာ ဝန်ထမ်းပိုင်းဆိုင်ရာတွေပါဝင်လာနိုင်တယ်လို့ အကျဉ်းဦးစီးဌာနဲ့နီးစပ်သူတွေအသိုင်းအဝိုင်းက သိရပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး တဲ့နောက်ပိုင်းသရုပ်ဆောင် အဆိုတော်နဲ့အနုပညာရှင် ၅ဝ ကျော်လောက် စကစ ကပုဒ်မ ၅ဝ၅ -က နဲ့ဖမ်းဝရမ်းထုတ်ထားပြီး မကြာသေးခင်ကအနု ပညာရှင် တချို့ကို ဝရမ်းရုပ်သိမ်းပေးခဲ့ပါတယ်။

လက်ရှိ အကျဉ်းထောင်တွေထဲမှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင် ၁ဝ ယောက်ထက်မနည်းရှိနေပါတယ်။ ပရိတ်သတ်ကြီးတို့လည်းကိုယ်မျှော်လင့်ထားတဲ့ အနုပညာရှင်တွေ အမြန်ဆုံးလွတ်လာအောင်ဆုတောင်းပေးကြပါဦးနော်။ အခုလို ဝင်ရောက်ဖ တ်ရှု့ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း ကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်းပါတယ်။

မူရင်း crd

Zawgyi

လႊတ္ေျမာက္ဖို႔ ထပ္မံရွိေနတဲ့ အႏုပညာရွင္ အခ်ိဳ႕စာရင္းကို စိတ္ခ်ရတဲ့ ေရွ႕ေနႀကီးေတြ ကိုယ္တိုင္ေျပာ

မဂၤလာပါ ပရိတ္သတ္ႀကီးေရ

ယုံၾကည္ စိတ္ခ်ရတဲ့ ေရွ႕ေနႀကီးေတြ ကိုယ္တိုင္ေျပာလာတဲ့ လႊတ္ေျမာက္ဖို႔ ထပ္မံရွိေနတဲ့ အႏုပညာရွင္ အခ်ိဳ႕စာရင္း

အမႈ ရင္ဆိုင္ ဆဲ အခ်ဳပ္ က် ခံေနရတဲ့ အႏုပညာရွင္အခ်ိဳ႕ မၾကာခင္ ရက္သတၱပတ္ အတြင္း ထပ္မံ လြတ္ေျမာက္ ဖို႔ ၾကားေနရတယ္လို႔ လက္ရွိ ၅၀၅ က နဲ႕ အမႈရင္ဆိုင္ ေနရသူေတြ ကိုလိုက္ပါကူညီ ေပးေနတဲ့ ေရွ႕ေန အသိုင္းအဝိုင္းကေန သိရပါတယ္။

လတ္တေလာမွာ အႏုပညာရွင္ေတြ ခံဝန္ကတိေတြနဲ႕လက္မွတ္ထိုးေငြေပးရတယ္ဆိုတဲ့ ျဖစ္ရပ္ေတြက ေျမျပင္မွာတကယ္ျဖစ္ေနတာမ်ိဳး မရွိဘူးလို႔ အႏုပညာရွင္ေတြရဲ႕ အမႈေတြကို လိုက္ပါကူညီေနတဲ့ ဥပေဒအႀကံေပး ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။

“ကြၽန္ေတာ့္ရဲ႕ အမူသည္ေတြ ျဖစ္တဲ့ပိုင္တံခြန္၊ ရဲတိုက္နဲ႕ တျခား အႏု ပညာရွင္ေတြ ပါလာမယ္ၾကားထားလို႔ေမွ်ာ္လင့္မိပါတယ္။ ဒါေပမယ့္ အႏုပညာရွင္ ႏွစ္ေယာက္ေလာက္ပဲပါတယ္။

ေနာက္လာမယ့္ အသုတ္ေတြမွာထပ္ပါလာမယ္လို႔ၾကားသိထားပါတယ္ ” လို႔ ဦးခင္ေမာင္ျမင့္ကကိုေျပာျပ ပါတယ္ ။ ၿပီးခဲ့တဲ့ ဇြန္လ ၃ဝရက္က နိုင္ငံတဝန္း တရားရင္ ဆိုင္ဆဲအက်ဥ္းသား ၂ဝဝဝ ေလာက္ကိုျပန္လႊတ္ေပးခဲ့တာရွိေပမယ့္ နိုင္ငံေက်ာ္အႏုပညာရွင္အမ်ားစုပါမလာခဲ့ပါဘူး ။

အက်ဥ္းသားေတြျပန္လႊတ္ေပးတဲ့ေနရာမွာ ပထမအဆင့္အေနနဲ႕ အာဏာရွင္ ဆန႔္က်င္ေရးဆႏၵျပ ရာမွာပါဝင္ၿပီး ပုဒ္မ ၅ဝ၅- ကနဲ႕ တရားစြဲဆိုထားသူေတြကိုလႊတ္ေပးတာျဖစ္ပါတယ္။

ဒုတိယအဆင့္အေနနဲ႕နိုင္ငံေက်ာ္အႏုပညာရွင္ေတြ ပါဝင္မွာျဖစ္ၿပီးေနာက္ပိုင္းမွာ ဝန္ထမ္းပိုင္းဆိုင္ရာေတြပါဝင္လာနိုင္တယ္လို႔ အက်ဥ္းဦးစီးဌာနဲ႕နီးစပ္သူေတြအသိုင္းအဝိုင္းက သိရပါတယ္။

လက္ရွိအခ်ိန္မွာ ျမန္မာနိုင္ငံမွာ အာဏာသိမ္းၿပီး တဲ့ေနာက္ပိုင္းသ႐ုပ္ေဆာင္ အဆိုေတာ္နဲ႕အႏုပညာရွင္ ၅ဝ ေက်ာ္ေလာက္ စကစ ကပုဒ္မ ၅ဝ၅ -က နဲ႕ဖမ္းဝရမ္းထုတ္ထားၿပီး မၾကာေသးခင္ကအႏု ပညာရွင္ တခ်ိဳ႕ကို ဝရမ္း႐ုပ္သိမ္းေပးခဲ့ပါတယ္။

လက္ရွိ အက်ဥ္းေထာင္ေတြထဲမွာဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ အႏုပညာရွင္ ၁ဝ ေယာက္ထက္မနည္းရွိေနပါတယ္။ ပရိတ္သတ္ႀကီးတို႔လည္းကိုယ္ေမွ်ာ္လင့္ထားတဲ့ အႏုပညာရွင္ေတြ အျမန္ဆုံးလြတ္လာေအာင္ဆုေတာင္းေပးၾကပါဦးေနာ္။ အခုလို ဝင္ေရာက္ဖ တ္ရႈ႕ေပးၾကတဲ့ ပရိတ္သတ္ တစ္ေယာက္ျခင္းစီတိုင္း က်န္းမာ ခ်မ္းသာၾကပါေစလို႔ ဆုေတာင္းပါတယ္။

မူရင္း crd