Local News

မန္တလေးခရိုင်အတွင်း ခွင့်ပြုကတ်များမပါဘဲသွားလာသူများကို ဒဏ်ငွေရိုက်ရာ မြန်မာငွေကျပ် ၈၅သိန်းကျော် လက်ခံရရှိ

(Unicode)

မန္တလေးခရိုင်အတွင်းမှာ အပြင်ထွက်သွားလာခွင့်

ခွင့်ပြုကတ်မပါဘဲ သွားလာသူများကို ဒဏ်ငွေရိုက်

အရေးယူမှု ပြုလုပ်ခဲ့ရာမှာ နှစ်ရက်အတွင်း ဒဏ်ငွေ

ကျပ် ၈၅သိန်းကျော် ရရှိခဲ့တယ်လို့ ခရိုင်ပြန်/

ဆက်(မန္တလေး)ရဲ့ သတင်းများအရ သိရပါတယ်။

မန္တလေးခရိုင်အတွင်းမှာ ကိုဗစ်-၁၉ရောဂါဖြစ်ပွား

သည့် အတည်ပြုလူနာ များပြားလာခြင်းကြောင့်

ဒီဇင်ဘာလ ၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၈ရက်နေ့အထိ

အသွားအလာကန့်သတ်ခြင်းပြုလုပ်ရန်

တိုင်းအစိုးရအဖွဲ့က ညွှန်ကြားချက်

ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ထိုသို့ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီးနောက် ဒီဇင်ဘာလ

၅ရက်နေ့နဲ့ ဒီဇင်ဘာလ ၆ရက်နေ့မှာ ညွှန်ကြားချက်

များ ကို မလိုက်နာဘဲ အပြင်ထွက်သွားလာသူ

၁၇၀၀ကျော်ကို ဒဏ်ကြေးငွေ ၅၀၀၀ကျပ်သတ်မှတ်

ပြီးအရေးယူမှုပြု လုပ်ခဲ့တယ်လို့ သိရပါတယ်။

ထိုသို့ ဒဏ်ငွေရိုက်အရေးယူခံရသူ ၁၇၀၀ကျော်သည်

ချမ်းမြသာစည်မြို့မှ လူ ၆၀၀ကျော်၊ ချမ်းအေးသာစံ

မြို့ နယ်မှ ၂၅၀၊ မဟာအောင်မြေမြို့နယ်မှ

၄၀၀ကျော်၊ အောင်မြေသာစံမြို့နယ်မှ ၂၀၀ ကျော်၊

 

အမရပူရမြို့နယ်မှ ၁၅၀ကျော်၊ ပြည်ကြီးတံခွန်မြို့မှ

၁၀၀ကျော်နဲ့ ပုသိမ်ကြီးမြို့မှ ၁၀၀ခန့်တို့ဖြစ်တယ်လို့

သိရပါတယ်။

မန္တလေးခရိုင်အတွင်း အပြင်ထွက်သွားလာခွင့်ကတ်

များကို ထုတ်ပေးလျက်ရှိကာ ကတ်မပါပါက

အရေးယူခံရ မှာဖြစ်ပြီး ကတ်ထုတ်ပေးရာမှာလည်း

ပိုက်ဆံမတောင်းရန် ညွှန်ကြားချက်ထုတ်ပြန်ထား

တယ်လို့ တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်

က ပြောကြားထားတာဖြစ်ပါတယ်။


(Zawgyi)

မႏၲေလးခရိုင္အတြင္းမွာ အျပင္ထြက္သြားလာခြင့္

ခြင့္ျပဳကတ္မပါဘဲ သြားလာသူမ်ားကို ဒဏ္ေငြရိုက္

အေရးယူမႈ ျပဳလုပ္ခဲ့ရာမွာ ႏွစ္ရက္အတြင္း ဒဏ္ေငြ

က်ပ္ ၈၅သိန္းေက်ာ္ ရရွိခဲ့တယ္လို႔ ခရိုင္ျပန္/

ဆက္(မႏၲေလး)ရဲ႕ သတင္းမ်ားအရ သိရပါတယ္။

မႏၲေလးခရိုင္အတြင္းမွာ ကိုဗစ္-၁၉ေရာဂါျဖစ္ပြား

သည့္ အတည္ျပဳလူနာ မ်ားျပားလာျခင္းေၾကာင့္

ဒီဇင္ဘာလ ၅ ရက္ေန႕မွ ဒီဇင္ဘာလ ၁၈ရက္ေန႕အထိ

အသြားအလာကန့္သတ္ျခင္းျပဳလုပ္ရန္

တိုင္းအစိုးရအဖြဲ႕က ၫႊန္ၾကားခ်က္

ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

ထိုသို႔ၫႊန္ၾကားခ်က္ထုတ္ျပန္ခဲ့ၿပီးေနာက္ ဒီဇင္ဘာလ

၅ရက္ေန႕နဲ႕ ဒီဇင္ဘာလ ၆ရက္ေန႕မွာ ၫႊန္ၾကားခ်က္

မ်ား ကို မလိုက္နာဘဲ အျပင္ထြက္သြားလာသူ

၁၇၀၀ေက်ာ္ကို ဒဏ္ေၾကးေငြ ၅၀၀၀က်ပ္သတ္မွတ္

ၿပီးအေရးယူမႈျပဳ လုပ္ခဲ့တယ္လို႔ သိရပါတယ္။

ထိုသို႔ ဒဏ္ေငြရိုက္အေရးယူခံရသူ ၁၇၀၀ေက်ာ္သည္

ခ်မ္းျမသာစည္ၿမိဳ႕မွ လူ ၆၀၀ေက်ာ္၊ ခ်မ္းေအးသာစံ

ၿမိဳ႕ နယ္မွ ၂၅၀၊ မဟာေအာင္ေျမၿမိဳ႕နယ္မွ

၄၀၀ေက်ာ္၊ ေအာင္ေျမသာစံၿမိဳ႕နယ္မွ ၂၀၀ ေက်ာ္၊

 

အမရပူရၿမိဳ႕နယ္မွ ၁၅၀ေက်ာ္၊ ျပည္ႀကီးတံခြန္ၿမိဳ႕မွ

၁၀၀ေက်ာ္နဲ႕ ပုသိမ္ႀကီးၿမိဳ႕မွ ၁၀၀ခန့္တို႔ျဖစ္တယ္လို႔

သိရပါတယ္။

မႏၲေလးခရိုင္အတြင္း အျပင္ထြက္သြားလာခြင့္ကတ္

မ်ားကို ထုတ္ေပးလ်က္ရွိကာ ကတ္မပါပါက

အေရးယူခံရ မွာျဖစ္ၿပီး ကတ္ထုတ္ေပးရာမွာလည္း

ပိုက္ဆံမေတာင္းရန္ ၫႊန္ၾကားခ်က္ထုတ္ျပန္ထား

တယ္လို႔ တိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္

က ေျပာၾကားထားတာျဖစ္ပါတယ္။