CELEBRITY NEWS

ထိုင်းကလူတွေနဲ့ပဲ အလုပ်လုပ်တော့မယ်ဆိုတာ အထင်လွဲတာဖြစ်ကြောင်း စာအရှည်ကြီးရေးကာ မျက်ရည်ချူလာတဲ့ နေဆန်း

ထိုင်းကလူတွေနဲ့ပဲ အလုပ်လုပ်တော့မယ်ဆိုတာ အထင်လွဲတာဖြစ်ကြောင်း စာအရှည်ကြီးရေးကာ မျက်ရည်ချူလာတဲ့ နေဆန်း

နေဆန်းရဲ့ အခုလက်ရှိပြန့်သွားတဲ့ SS နဲ့ပတ်သက်ပြီး ပထမဦးစွာ နေဆန်း ဒီစာကို

ညိုးငယ်သောစိတ်ဖြင့်ရေးရခြင်းဖြစ်ပါတယ်။ ပြန့်နေတဲ့ SS နဲ့ပတ်သက်ပြီး

နေဆန်းဘာမှမငြင်းလိုပါဘူး ဟုတ်ပါတယ် နေဆန်းတင်လိုက်မိတာပါ။

ဒါပေမယ့် နေဆန်းဂုဏ်မောက်ဘဝမေ့ပြီး ရေးလိုက်ရခြင်းမဟုတ်ပါဘူး

နေဆန်းသည် ဘယ်လိုနေထိုင်နေတယ် ဘယ်လိုလူမျိုးလည်းဆိုတာ

ချစ်သူခင်သူအားလုံးလည်းသိကြမှာပါ။ နေဆန်းက်ို အဲဒီရေးသားထားတဲ့သူတစ်ယောက်ကို

သာရေညွန်းပြီးရေးရခြင်းဖြစ်ပါတယ်။ အဲဒါကြောင့် My day ကို fri only နဲ့ပဲ တင်ပြီး

တင်တဲ့သူကိုရည်ရွယ်ချက်ရှိရှိ ပြောလိုက်တာပါ အဲဒါကို SS ပြန်ရိုက်ပြီး ထပ်တင်လိုက်လို့

နေဆန်းအပေါ်အားလုံးပိုပြီးအထင်လွှဲ သွားကြတာပါ။ ကိုယ်လဲ လူငယ်တစ်ယောက်မို့

ကိုယ့်ကိုလာတိုက်ခိုက်တဲ့သူတစ်ယောက်အတွက် ကျန်တာမစဉ်းစားမိပဲ

ချက်ချင်းတုံ့ပြန်လိုက်မိတာလဲ ဆန်း အမှားတစ်ခုပါ လူတစ်ယောက်အတွက် နဲ့

အများ ပါအထင်လွှဲ ခံခဲ့ရတယ် ဘာပဲဖြစ်ဖြစ် အဆိုးထဲကအကောင်းလို့ပဲမှတ်ပြီး သ

င်ခန်းစာယူတတ်လာပါတယ် ရန်ရန်ချင်းမတုံ့ပြန်တတ်ဖို့လဲ နောက်ဆို ဂရုစိုက်မှာပါ

ဒီလိုအချိန် ဒီလိုကာလကြီးမှာ အလုပ်တွေရေလိုဝင်မလား မဝင်ဘူးလားဆိုတာ

အားလူံးလည်းသိကြမှာပါ နေဆန်း တမင်ပြောလိုက်တာပါ။ ပုံမှန် အလုပ်ရခြင်း မရခြင်းဆိုတာ

နေဆန်းဘယ်တော့မှ တင်လေ့ ကြွားဝါလေ့မရှိခဲ့ပါဘူး။ အဲဒီ စာအတွက် နေဆန်းမှားပါတယ်။

ရည်ရွယ်ချက်နှင့်ထင်မြင်လွှဲမှားမှူတွေအတွက် နေဆန်း တကယ်တောင်းပန်ပါတယ်။

နောက်ဆိုပိုပြီး နေဆန်း ဆင်ခြင်ပါ့မယ် အမှားမှန်သမျှပြုပြင်ပြောင်းလဲပြီးဘဝကိုအမြဲ

ရိုးသားကြိုးစားရုန်းကန်လေ့ရှိပါတယ် နေဆန်းရဲ့ ဘဝအစနဲ့ ကျေးဇူးရှင် ထမင်းရှင်တွေအပေါ်လည်

နေဆန်း ဘယ်တော့မှကျေးဇူးကန်းဘဝမေ့ပြီး စော်ကားမှာမဟုတ်ပါဘူးလို့ နေဆန်းပြောရဲပါတယ်။

နေဆန်းဘယ်နေရာတွေမှာဘယ်လိုပါဝင်ခဲ့လည်းဆိုတာဟာလည်း တော်တော်များများသိကြမှာပါ

ထုတ်ပြောပြလို့မရတဲ့အတွက်လည်း နားလည်ပေးကြနော်။ ရှေ့ဆက်ပြီး နေကောင်းကျန်းမာအောင်ပိုပြီး

ဂရုစိုက်ကြပါ နော် ။ ဦးတည်ချက်တစ်ခုတည်းနဲ့သာ ဆက်ပြီးရှင်သန်ကြရအောင်နော်

တောင်းပန်ပါတယ် ကျေးဇူးလည်းတင်ပါတယ်

နေဆန်းအတွက် ပိုပြီးဘဝကို အသိနဲ့သတိနဲ့ အမြဲလုံးဝကပ်ပဲရှေ့ဆက်စေလ်ို့ပါ