AMAZING

မီးသဂြိုဟ်ပြီးခဲ့ပေမယ့် ၇လအကြာမှာ အိမ်ပြန်ရောက်လာခဲ့တာကြောင့် မိသားစုဝင်တွေထိတ်လန့်ခဲ့ရတဲ့ အဖြစ်

မီးသဂြိုဟ်ပြီးခဲ့ပေမယ့် ၇လအကြာမှာ အိမ်ပြန်ရောက်လာခဲ့တာကြောင့် မိသားစုဝင်တွေထိတ်လန့်ခဲ့ရတဲ့ အဖြစ်

ယခုအခါ ဖော်ပြမယ့် ထိုင်းနိုင်ငံက အမျိုးသားတစ်ဦးရဲ့ အိမ်ပြန်ခရီးဟာ ထင်ထားသလို ပျော်ရွှင်စရာမကောင်းခဲ့ပါဘူး ။ အကြောင်းကတော့ လွန်ခဲ့တဲ့ ၇ လခန့်က Sakorm Sacheewa အမည်ရှိတဲ့အမျိုးသားဟာ သူအလုပ်လုပ်ကိုင်နေတဲ့ ငါးဖမ်းသဘောင်္ပေါ်မှာ ရောဂါတစ်ခုနဲ့ သေဆုံးသွားခဲ့လို့ ရဲအရာရှိတွေက အဆိုပါအလောင်းကို နေရပ်သို့ပြန်ပို့ခဲ့လို့ပါပဲ ။ Sakorm ရဲ့ ညီဖြစ်သူကတော့ အဆိုပါရုပ်အလောင်းက Sakorm မဟုတ်မှန်း သတိထားမိခဲ့ပါတယ် ။

အကြောင်းကတော့ Sakorm ဟာ ရှေ့သွားနှစ်ချောင်းမရှိပေမဲ့ ရုပ်အလောင်းကတော့ ရှေ့သွားနှစ်ချောင်းရှိနေခဲ့လို့ပါပဲ ။ 3 ရက်အကြာမှာတော့ ဆေးရုံက အဆိုပါရုပ်အလောင်းဟာ Sakorm ဖြစ်မှန်အတည်ပြုခဲ့လို့ မိသားစုဝင်တွေကလည်း ရွေးချယ်စရာမရှိတဲ့အဆုံး Sakorm လို့သတ်မှတ်ပြီး သဂြိုဟ်ခဲ့ကြတာပါ ။

Sakorm မှာလည်း ငါးဖမ်းသဘောင်္ပေါ် သွားရောက်
လုပ်ကိုင်ခဲ့တဲ့ ၂နှစ်လုံးလုံးမှာ နေအိမ်ကိုလုံးဝအဆက်အသွယ်မပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ် ။ Sakorm နေအိမ်သို့ ရောက်ရှိလာခဲ့ချိန်မှာတော့ သူ့ရဲ့မောင်နှမတွေက သရဲ ဟုတ် ၊မဟုတ် Sakorm ရဲ့ အသားကိုထိကြည့်ပြီး အတည်ပြုခဲ့ပါတယ် ။ မိခင်ဖြစ်သူကတောင် ‘ နင် သေပြီးသွားပြီလေ ။

ဘာလို့ ပြန်လာတာလဲ’ ဆိုပြီး မေးခဲ့ပါသေးတယ် ။ ရွာသူကြီးကိုယ်တိုင်က Sakorm ဖြစ်ကြောင်း သက်သေပြခိုင်းခဲ့ပါတယ် ။ ဒါကြောင့် Sakorm ဟာ သူငါးဖမ်းသဘောင်္ပေါ်မှာ အလုပ်လုပ်ကိုင်ခဲ့စဉ်အချိန်က နိုင်ငံခြားအလုပ်သမားတစ်ဦးဟာ သူ့ရဲ့မှတ်ပုံတင်ကို ခိုးယူသွားခဲ့ကြောင်း အဖြစ်အပျက်အကြောင်းအရာတွေကို သေချာရှင်းပြခဲ့ရပါတယ် ။

နောက်ဆုံးမှ လူအများက ယုံကြည်သွားခဲ့လို့ ၊ Sakorm ရဲ့ အိမ်ပြန်ခရီးက ကြိုဆိုမဲ့သူမရှိခဲ့ဘဲ လူတွေကြောက်လန့်ဖွယ် အဖြစ်အပျက်တစ်ခုဖြစ်နေခဲ့ပါတော့တယ်ဗျာ ။ ဒါကြောင့် အချို့သော အရာတွေဟာ ပျောက်ဆုံး ခဲ့ရပြီလို့ ဝမ်းနည်းခဲ့ရပေမယ့် ကံဇာတာက ပျော်ရွှင်စရာတွေ ရှိနေသေးကြောင်း မျက်လှည့်ပြလိုက်သလိုပါပဲ။

Zawgyi

မီးသၿဂိဳဟ္ၿပီးခဲ့ေပမယ့္ ၇လအၾကာမွာ အိမ္ျပန္ေရာက္လာခဲ့တာေၾကာင့္ မိသားစုဝင္ေတြထိတ္လန႔္ခဲ့ရတဲ့ အျဖစ္

ယခုအခါ ေဖာ္ျပမယ့္ ထိုင္းနိုင္ငံက အမ်ိဳးသားတစ္ဦးရဲ႕ အိမ္ျပန္ခရီးဟာ ထင္ထားသလို ေပ်ာ္႐ႊင္စရာမေကာင္းခဲ့ပါဘူး ။ အေၾကာင္းကေတာ့ လြန္ခဲ့တဲ့ ၇ လခန႔္က Sakorm Sacheewa အမည္ရွိတဲ့အမ်ိဳးသားဟာ သူအလုပ္လုပ္ကိုင္ေနတဲ့ ငါးဖမ္းသေဘာေပၤၚမွာ ေရာဂါတစ္ခုနဲ႕ ေသဆုံးသြားခဲ့လို႔ ရဲအရာရွိေတြက အဆိုပါအေလာင္းကို ေနရပ္သို႔ျပန္ပို႔ခဲ့လို႔ပါပဲ ။ Sakorm ရဲ႕ ညီျဖစ္သူကေတာ့ အဆိုပါ႐ုပ္အေလာင္းက Sakorm မဟုတ္မွန္း သတိထားမိခဲ့ပါတယ္ ။

အေၾကာင္းကေတာ့ Sakorm ဟာ ေရွ႕သြားႏွစ္ေခ်ာင္းမရွိေပမဲ့ ႐ုပ္အေလာင္းကေတာ့ ေရွ႕သြားႏွစ္ေခ်ာင္းရွိေနခဲ့လို႔ပါပဲ ။ 3 ရက္အၾကာမွာေတာ့ ေဆး႐ုံက အဆိုပါ႐ုပ္အေလာင္းဟာ Sakorm ျဖစ္မွန္အတည္ျပဳခဲ့လို႔ မိသားစုဝင္ေတြကလည္း ေ႐ြးခ်ယ္စရာမရွိတဲ့အဆုံး Sakorm လို႔သတ္မွတ္ၿပီး သၿဂိဳဟ္ခဲ့ၾကတာပါ ။

Sakorm မွာလည္း ငါးဖမ္းသေဘာေပၤၚ သြားေရာက္
လုပ္ကိုင္ခဲ့တဲ့ ၂ႏွစ္လုံးလုံးမွာ ေနအိမ္ကိုလုံးဝအဆက္အသြယ္မျပဳလုပ္ခဲ့ေၾကာင္းလည္း သိရပါတယ္ ။ Sakorm ေနအိမ္သို႔ ေရာက္ရွိလာခဲ့ခ်ိန္မွာေတာ့ သူ႕ရဲ႕ေမာင္ႏွမေတြက သရဲ ဟုတ္ ၊မဟုတ္ Sakorm ရဲ႕ အသားကိုထိၾကည့္ၿပီး အတည္ျပဳခဲ့ပါတယ္ ။ မိခင္ျဖစ္သူကေတာင္ ‘ နင္ ေသၿပီးသြားၿပီေလ ။

ဘာလို႔ ျပန္လာတာလဲ’ ဆိုၿပီး ေမးခဲ့ပါေသးတယ္ ။ ႐ြာသူႀကီးကိုယ္တိုင္က Sakorm ျဖစ္ေၾကာင္း သက္ေသျပခိုင္းခဲ့ပါတယ္ ။ ဒါေၾကာင့္ Sakorm ဟာ သူငါးဖမ္းသေဘာေပၤၚမွာ အလုပ္လုပ္ကိုင္ခဲ့စဥ္အခ်ိန္က နိုင္ငံျခားအလုပ္သမားတစ္ဦးဟာ သူ႕ရဲ႕မွတ္ပုံတင္ကို ခိုးယူသြားခဲ့ေၾကာင္း အျဖစ္အပ်က္အေၾကာင္းအရာေတြကို ေသခ်ာရွင္းျပခဲ့ရပါတယ္ ။

ေနာက္ဆုံးမွ လူအမ်ားက ယုံၾကည္သြားခဲ့လို႔ ၊ Sakorm ရဲ႕ အိမ္ျပန္ခရီးက ႀကိဳဆိုမဲ့သူမရွိခဲ့ဘဲ လူေတြေၾကာက္လန႔္ဖြယ္ အျဖစ္အပ်က္တစ္ခုျဖစ္ေနခဲ့ပါေတာ့တယ္ဗ်ာ ။ ဒါေၾကာင့္ အခ်ိဳ႕ေသာ အရာေတြဟာ ေပ်ာက္ဆုံး ခဲ့ရၿပီလို႔ ဝမ္းနည္းခဲ့ရေပမယ့္ ကံဇာတာက ေပ်ာ္႐ႊင္စရာေတြ ရွိေနေသးေၾကာင္း မ်က္လွည့္ျပလိုက္သလိုပါပဲ။