Daily News

ထောင်ရှေ့မှာ သမီးလေးကို မျှော်လင့်တကြီးစောင့်ခဲ့ပေမယ့် လွတ်မယ့်အထဲမှာ ပါမလာတာကြောင့်သွေးတက်ပြီး အသက်ဆုံးရှုံးသွားတဲ့ ဖခင်တစ်ဦး

ထောင်ရှေ့မှာ သမီးလေးကို မျှော်လင့်တကြီးစောင့်ခဲ့ပေမယ့် လွတ်မယ့်အထဲမှာ ပါမလာတာကြောင့်သွေးတက်ပြီး အသက်ဆုံးရှုံးသွားတဲ့ ဖခင်တစ်ဦး

ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ဒီအခြေအနေကို လူကြီး၊လူငယ်မရွေးက တတ်နိုင်တဲ့နေရာကနေ ပါဝင်အားဖြည့်ပေးခဲ့ကြတာဖြစ်ပါတယ်။ဒါ့ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူတွေရှိတဲ့အပြင် ၅၀၅(က)ပုဒ်မနဲ့ဖမ်းဝရမ်းထုတ်ခံရသူတွေလည်းရှိပါတယ်။မနေ့က ဇွန်လ (၃၀)ရက်နေ့မှာဆိုရင်တော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့လူကြီး၊လူငယ်တချို့ကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

မိသားစုဝင်တွေကလည်း ပြန်လွှတ်မယ်လို့သတင်းကြားတာကြောင့် အမြို့မြို့၊အနယ်နယ်ရဲ့ သက်ဆိုင်ရာနေရာရှေ့မှာ သွားရောက်စောင့်ဆိုင်းခဲ့ကြတာဖြစ်ပါတယ်။မြစ်ကြီးနားအကျဉ်းထောင်မှာလည်း ဖမ်းဆီးခံရသူတချို့ကို လွှတ်ပေးမှာဖြစ်တာကြောင့် မိသားစုဝင်တွေခမျာမျှော်လင့်တကြီးနဲ့ ရင်ခုန်ခဲ့ရတာဖြစ်ပါတယ်။

ဦးလေးကြီးတစ်ယောက်ကလည်း ၅၀၅(က)ပုဒ်မနဲ့ အမှုရင်ဆိုင်နေရတဲ့ သူ့ရဲ့သမီးလေး လွှတ်မယ့်အထဲပါမလားလို့ အကျဉ်းထောင်ရှေ့မှာ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ရင်းသမီးထွက်အလာကို စောင့်နေခဲ့ရှာတာဖြစ်ပါတယ်။သမီးလေးကို မျှော်လင့်တကြီးစောင့်နေခဲ့ပေမယ့် ဒီနေ့လွှတ်တဲ့အထဲပါမလာခဲ့တာကြောင့် ဖခင်ဖြစ်သူခမျာ သွေးတက်ပြီး အသက်ဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။

ညနေစောင်းတဲ့အချိန်မှာ အိမ်မှာဘဲ ကွယ်လွန်သွားတာကြောင့် မိသားစုဝင်တွေလည်း ဖြည်မဆည်နိုင်အောင်ဖြစ်ရပြီး သူ့သမီးလေးလည်းမသိသွားခဲ့ရှာတာဖြစ်ပါတယ်။သူအားကိုးပြီးချစ်ရတဲ့ သမီးလေးကို ဖခင်မေတ္တာအပြည့်နဲ့ထောင်ပေါက်ဝမှာ အချိန်အကြာကြီးစောင့်ခဲ့ပေမယ့် မလွတ်လာခဲ့တာကြောင့် စိတ်ထိခိုက်သွားရတာဖြစ်ပါတယ်။

ပြန်လွတ်လာတဲ့သူတွေအတွက်လည်း အရမ်းပျော်ရွှင်ရသလို မလွတ်သေးဘဲ အထဲမှာကျန်နေခဲ့သူတွေလည်း အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေလို့ ဆုတောင်းရင်း စိတ်မကောင်းစရာအဖြစ်အပျက်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi

ေထာင္ေရွ႕မွာ သမီးေလးကို ေမွ်ာ္လင့္တႀကီးေစာင့္ခဲ့ေပမယ့္ လြတ္မယ့္အထဲမွာ ပါမလာတာေၾကာင့္ေသြးတက္ၿပီး အသက္ဆုံးရႈံးသြားတဲ့ ဖခင္တစ္ဦး

ေဖေဖာ္ဝါရီလ (၁)ရက္ေန႕မွာ ႐ုတ္တရက္ျဖစ္ေပၚလာတဲ့ ဒီအေျခအေနကို လူႀကီး၊လူငယ္မေ႐ြးက တတ္နိုင္တဲ့ေနရာကေန ပါဝင္အားျဖည့္ေပးခဲ့ၾကတာျဖစ္ပါတယ္။ဒါ့ေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံရသူေတြရွိတဲ့အျပင္ ၅၀၅(က)ပုဒ္မနဲ႕ဖမ္းဝရမ္းထုတ္ခံရသူေတြလည္းရွိပါတယ္။မေန႕က ဇြန္လ (၃၀)ရက္ေန႕မွာဆိုရင္ေတာ့ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့လူႀကီး၊လူငယ္တခ်ိဳ႕ကို ျပန္လႊတ္ေပးခဲ့တာျဖစ္ပါတယ္။

မိသားစုဝင္ေတြကလည္း ျပန္လႊတ္မယ္လို႔သတင္းၾကားတာေၾကာင့္ အၿမိဳ႕ၿမိဳ႕၊အနယ္နယ္ရဲ႕ သက္ဆိုင္ရာေနရာေရွ႕မွာ သြားေရာက္ေစာင့္ဆိုင္းခဲ့ၾကတာျဖစ္ပါတယ္။ျမစ္ႀကီးနားအက်ဥ္းေထာင္မွာလည္း ဖမ္းဆီးခံရသူတခ်ိဳ႕ကို လႊတ္ေပးမွာျဖစ္တာေၾကာင့္ မိသားစုဝင္ေတြခမ်ာေမွ်ာ္လင့္တႀကီးနဲ႕ ရင္ခုန္ခဲ့ရတာျဖစ္ပါတယ္။

ဦးေလးႀကီးတစ္ေယာက္ကလည္း ၅၀၅(က)ပုဒ္မနဲ႕ အမႈရင္ဆိုင္ေနရတဲ့ သူ႕ရဲ႕သမီးေလး လႊတ္မယ့္အထဲပါမလားလို႔ အက်ဥ္းေထာင္ေရွ႕မွာ ေခါက္တုန႔္ေခါက္ျပန္လမ္းေလွ်ာက္ရင္းသမီးထြက္အလာကို ေစာင့္ေနခဲ့ရွာတာျဖစ္ပါတယ္။သမီးေလးကို ေမွ်ာ္လင့္တႀကီးေစာင့္ေနခဲ့ေပမယ့္ ဒီေန႕လႊတ္တဲ့အထဲပါမလာခဲ့တာေၾကာင့္ ဖခင္ျဖစ္သူခမ်ာ ေသြးတက္ၿပီး အသက္ဆုံးရႈံးသြားခဲ့တာျဖစ္ပါတယ္။

ညေနေစာင္းတဲ့အခ်ိန္မွာ အိမ္မွာဘဲ ကြယ္လြန္သြားတာေၾကာင့္ မိသားစုဝင္ေတြလည္း ျဖည္မဆည္နိုင္ေအာင္ျဖစ္ရၿပီး သူ႕သမီးေလးလည္းမသိသြားခဲ့ရွာတာျဖစ္ပါတယ္။သူအားကိုးၿပီးခ်စ္ရတဲ့ သမီးေလးကို ဖခင္ေမတၱာအျပည့္နဲ႕ေထာင္ေပါက္ဝမွာ အခ်ိန္အၾကာႀကီးေစာင့္ခဲ့ေပမယ့္ မလြတ္လာခဲ့တာေၾကာင့္ စိတ္ထိခိုက္သြားရတာျဖစ္ပါတယ္။

ျပန္လြတ္လာတဲ့သူေတြအတြက္လည္း အရမ္းေပ်ာ္႐ႊင္ရသလို မလြတ္ေသးဘဲ အထဲမွာက်န္ေနခဲ့သူေတြလည္း အျမန္ဆုံးျပန္လည္လြတ္ေျမာက္ပါေစလို႔ ဆုေတာင္းရင္း စိတ္မေကာင္းစရာအျဖစ္အပ်က္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။