INTERNATIONAL NEWS

သားသမီးတွေ ကိုဗစ် ကူးစက်ခံရမှာကြောင့် အိမ်မပြန်ပဲ လမ်းဘေးမှာသာ အိပ်နေခဲ့ရတဲ့ မိခင်

ကျမအိမ်ပြန်လို့ မဖြစ်ဘူး ကျမဆီကနေတဆင့် သားသမီးတွေကို ကူးစက်လိမ့်မယ်။ ကွာလတင်းစင်တာတွေမှာလဲ အားလပ်တဲ့နေရာမရှိတာကြောင့် ‘ဒီနေရာလေးမှာပဲ အိပ်ပါရစေ။

ဇွန်လ ၂၅ ရက်နေ့တွင် အသက် ၆၀ နှစ်အမျိုသမီးတစ်ဉီး ကိုဗစ်၁၉ ရှိ၊ မရှိစစ်ဆေးပါတယ်။ ၂၇ ရက်နေ့လောက်မှာ အဖြေထွက်တော့ ကိုဗစ်ကူးစက်ခံရတယ်ဟု သိရပါတယ်။

ဒါပေမဲ့ ပေးနေဖို့ ကွာလတင်း စင်တာတွေမှာ အားလပ်တဲ့ကုတင်မရှိသေးတာကြောင့် အိမ်ပြန်ရင် မိသားစုတွေ ကူးစက်ခံရမှာစိုးရိမ်လို့ အိမ်မပြန်ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ဒါနဲ့ရှိတဲ့ အဝတ်အစားတွေနဲ့ ခြင်ထောင်ကိုယူပြီး ကျောတပြင်စာအိမ်လို့ရမယ့်နေရာကို ရှာပြီးအိပ်ပါတယ်။ (၃) ရက်နေ့မြောက်မှာတော့ ဗန်ကောက်မြို့ရှိ နာမ်လုံးမြို့နယ်ရဲစခန်းမှာ လာတည်းတော့ ဖြစ်စဉ်အကြောင်းရင်းကိုမေးမြန်းကာ သူမအတွက်နေရာတစ်ခုစာ နယ်မြေခံစေတနာ့ဝန်ထမ်းတွေက ဆောင်ရွက်ပေးခဲ့ဟုဒေသခံစေတနာ့ဝန်းထမ်းထံက သိရှိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ
ဇွန်လ ၃၀ ရက်နေ့ ၂၀၂၁





ကိုချစ် ဇွဲကပင်မြေ
ဇွန်လ ၃၀ ရက်နေ့ ၂၀၂၁