Knowledge

ယနေ့အချိန်ထိ တည်တံနေတဲ့ ​ရန်ကုန် မြို့တော်ခန်းမ နဲ့ ရန်ကုန်ဘူတာကြီး စသည်တို့ကို တည်ဆောက်ပေးခဲ့သူ မြန်မာ့ဗိသုကာ ပညာရှင်အကြောင်း

မြန်မာဗိသုကာပညာရှင်စည်သူဦးတင်အကြောင်း

ကြီးမားကျယ်ပြန့်လှသော မြန်မာဆန်လှသော၊ ဗိသုကာ လက်ရာမြောက်လှသော မြို့တော်ခန်းမကြီးကို ဘယ်သူ တည်ဆောက်ခဲ့ပါ

သလဲ ။ ခြူးပန်း ခြူးနွယ်များဖြင့် မြန်မာဆန်ဆန် အလှဆင်ထားသော၊ မြန်မာတစ်မျိုးသားလုံး ဂုဏ်ယူရမည့် အဆောက်အဦးကြီးကို

တည်ဆောက်ခဲ့သူကတော့ အင်းစိန် အေဂျီတီအိုင် ကျောင်းဆင်း မြန်မာဗိသုကာပညာရှင် စည်သူဦးတင်ပင် ဖြစ်ပါသည် ။

စည်သူဦးတင်ကား ရန်ကုန်မြို့တော်ခန်းမ အဆောက်အဦးကြီးကိုသာမက ရန်ကုန်မြို့မှ အခြား အထင်ကရ အဆောက်အဦး အချို့ကို

လည်း ပုံစံထုတ်ကာ တည်ဆောက်ခဲ့သည် ။ အဆိုပါ တည်ဆောက်ခဲ့ရသည့် အထင်ကရ အဆောက်အဦးများနှင့် အကြံပြုခဲ့ရသည့်

လုပ်ငန်းရပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။

( ၁ ) ရန်ကုန်မြို့တော်ခန်းမ

( ၂ ) ရွှေတိဂုံစေတီတော် အနောက်မုခ် ( နှစ်ပြားတန်ဆောင်း )

( ၃ ) ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ရသည့် ဆူးလေစေတီတော်အား မူလပုံစံအတိုင်း ပြန်လည် တည်ဆောက်ခြင်း

( ၄ ) ရန်ကုန်ဗဟို မီးသတ်အဆောက်အဦး

( ၅ ) စမ်းချောင်းမြို့နယ် မီးသတ်ရုံ

( ၆ )ရန်ကုန်တက္ကသိုလ်ဓမ္မာရုံ

( ၇ ) မြို့မကျောင်း

( ၈ )ရန်ကုန်ဘူတာကြီး

( ၉ ) နိုင်ငံခြား ကုန်သွယ်မှုဘဏ်( ရန်ကုန် )

( ၁၀ ) ကော်မာရှယ်ဘဏ်( မန္တလေး )

( ၁၁ ) ကောလိပ်ကျောင်းများ ( မန္တလေး ၊ မော်လမြိုင် ၊ ပုသိမ် ၊ တောင်ကြီး ) တို့ဖြစ်ကြသည် ။

စည်သူဦးတင်သည် မန္တလေးနန်းတွင်း အဆက်အနွယ်များမှ ဆင်းသက်လာသူ ဖြစ်ပြီး ၁၈၉ဝပြည့်နှစ်တွင် မန္တလေးမြို့ ပုလဲငွေရောင်ရပ်

တွင် ဖွားမြင်ခဲ့သည် ။မိဘများမှာ အင်စပက်တော်ဦးတိုးနှင့် ဒေါ်မြကြီးတို့ ဖြစ်ကြကာ ဖခင်ဦးတိုးဘက်မှ မိဘများမှ ာမန္တလေးနန်းတွင်းမှ

မင်းမှုထမ်းများ ဖြစ်ကြသည် ။ ဦးတိုး၏ဖခင်ဖြစ်သူ ဦးကြင်သည် မင်းတုန်းမင်းလက်ထက် နိုင်ငံခြားပညာတော်သင်တစ်ဦးဖြစ်ပြီး

အိမ်ရှေ့စံကနောင်မင်းသားကြီး၏ လက်ရုံးတစ်ဆူ ဖြစ်ကာ မန္တလေးတွင် ဒင်္ဂါးစက်ရုံအမြောက်စက်ရုံများကို ဦးစီးခဲ့သည့် မြန်မာ

အင်ဂျင်နီယာကြီးတစ်ဦး ဖြစ်သည် ။ ပန်းချီဆရာဗိသုကာ ပညာရှင် ဆရာခင်မောင်ရင်သည် ဦးတင်၏ တူတော်စပ်ပါသည် ။

ယင်းကဲ့သို့ အင်ဂျင်နီယာမျိုးရိုးမှ ဆင်းသက်လာသော ဦးတင်အဖို့ လက်တွေ့ လုပ်ဆောင်ရသောအင်ဂျင်နီယာလုပ်ငန်းများကို ဝါသနာပါ

သူ ဖြစ်သည် ။ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ လုပ်ရမှကျေနပ်သူ ဦးတင်သည် မိမိပုံစံ ထုတ်ရေးဆွဲခဲ့သော အဆောက်အဦးများ

တည်ဆောက်ရာတွင် ကိုယ်တိုင် ကိုယ်ကျ ကြီးကြပ်ပေးခဲ့သည် ။ စည်သူဦးတင်သည် ယခုအခါ နှစ်ပေါင်းတစ်ရာကျော်သက်တမ်း

ကြာမြင့်ပြီဖြစ်သော ဂျီတီအိုင်ကျောင်း ( Government Technical Institute,G.T.I ) အင်းစိန်မှာ တက်ရောက်ခဲ့သူတစ်ဦး ဖြစ်သည် ။

အင်းစိန် ဂျီတီအိုင်ကျောင်းကြီးသည် တစ်ချိန်က အရှေ့တောင်အာရှတိုင်းပြည်များ၏ ပိုလီတက္ကနစ်ကျောင်းတော်ကြီး ဖြစ်ခဲ့သည် ။

စည်သူဦးတင်သည် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၈၆ လမ်းနှင့် ၂၄ လမ်းထောင့်ရှိ နာမည်ကျော်စိန့်ပီတာ အထက်တန်းကျောင်း

( ယခုအခါ မန္တလေးအမှတ်( ၉ )အစိုးရအထက်တန်းကျောင်း ) မှ ဆယ်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန်သို့ ရောက်ရှိလာကာ ရန်ကုန်

ကောလိပ် တက်ရောက်ခဲ့သည် ။

ထိုစဉ်က ရန်ကုန်ကောလိပ်မှာ ကာလကတ္တားတက္ကသိုလ်လက်အောက်ခံအဖြစ် ထားရှိချိန် ဖြစ်သည် ။ စည်သူဦးတင်သည် ၁၉၀၉တွင်

ရန်ကုန်ကောလိပ်မှ ပညာဆုံးခန်းတိုင်အောင် ပြီးစီးခဲ့သည် ။ ဦးတင်သည် အခြားသူများကဲ့သို့ ကာလကတ္တားသို့လည်း ဆက်လက် ပညာ

သွားရောက် မသင်ကြားလို ၊ မြို့အုပ်မြို့ပိုင် ၊ နယ်ပိုင်ဝန်ထောက်များလည်း မလုပ်လိုဘဲ လက်တွေ့လုပ်ငန်းများကိုသာ ဝါသနာပါ

သူတစ်ဦးဖြစ်ပေရာ ကိုတင် အဖို့ ပညာဆက်လက် ဆည်းပူးရန် လမ်းဆုံးသွားသကဲ့သို့ ဖြစ်နေသည် ။ သို့သော် ကိုတင်အတွက် အားကိုး

အားထားပြုစရာ အစိုးရအင်ဂျင်နီယာကျောင်းတစ်ကျောင်းရှိနေပါသေးသည် ။ ထိုကျောင်းကား မြန်မာအင်ဂျင်နီယာများကို မွေးထုတ်

ပေးနေရာ အင်းစိန်ဂျီတီအိုင်ကျောင်းပင်ြ ဖစ်ပါသည် ။ ကိုတင်တို့အင်းစိန်ဂျီတီအိုင်တွင်အဆောက်အဦးနှင့်လမ်းတံတားဘာသာရပ်များကို

သင်ယူနေချိန်တွင်မြန်မာပြည်၌အင်ဂျင်နီယာပညာရပ်ဆိုင်ရာကျောင်းဟူ၍ မရှိသေးပေ။ ထို့ကြောင့်အင်းစိန်ဂျီတီအိုင်မှ ကျောင်းဆင်း

လာလျှင်ပြည်သူ့လုပ်ငန်းဌာန(Public Works Department)ကဲ့သို့သော ဗြိတိသျှအစိုးရဌာနများကအလုပ်သင်အင်ဂျင်နီယာများအဖြစ်

ကြိုဆိုနေကြလေသည်။ ကိုတင်သည် ၁၉၁၂-၁၃ခုနှစ်တွင်အင်းစိန်ဂျီတီအိုင်မှကျောင်းပြီးခဲ့ပြီးပြည်သူ့လုပ်ငန်းဌာနတွင်တံတားကလေး

စိတ္တဇဆေးရုံစီမံကိန်းလုပ်ငန်းခွင်သို့ဝင်ရောက်ခဲ့သည်။

ဦးတင်က အင်းစိန်ဂျီတီအိုင်မှ သင်ယူခဲ့သည့် အင်ဂျင်နီယာပညာရပ်များကိုလုပ်ငန်းခွင်တွင်လက်တွေ့အသုံးချသည်။ ပရိုဖိုင်း(Profile)

များ ရိုက်သည်မှစ၍ မြေကြီးလုပ်ငန်း၊အောက်ခံကွန်ကရစ်လုပ်ငန်း၊ အုတ်စီလုပ်ငန်းများကိုကိုယ်တိုင်ကြီးကြပ်ကာ စနစ်တကျ

လုပ်ဆောင်ခဲ့သည်။ အရည်အချင်းထက်မြက်သောဦးတင်ကိုအိန္ဒိယသို့ပညာတော်သင်အဖြစ်ရွေးချယ်ခဲ့ပြီး ဘုံဘေမြို့ရှိ Sir JamstedJiJee Bhoကျောင်းတွင်တစ်နှစ်ကြာဗိသုကာပညာရပ်များကိုသင်ယူခဲ့သည်။ကျောင်းတက်နေစဉ်တစ်ဖက်မှလည်း လက်တွေ့

လုပ်ငန်းခွင်အြစ်MessersEreeson,Brathy&Kihib ဗိသုကာကုမ္ပဏီတွင်ဝင်ရောက်လုပ်ကိုင်ကာတည်ဆောက်ဆဲဖြစ်သောအတွင်း

ဝန်ရုံးတည်ဆောက်ရေးလုပ်ငန်းများကိုလေ့လာသင်ယူခဲ့သည်

ဦးတင်သည် အိန္ဒိယနိုင်ငံမှ ၁၉၂၄တွင်ပြန်လာခဲ့ပြီးနောက် ရန်ကုန်မြို့တော်မြူနီစီပယ်ရုံးကြီးတွင် အဆောက်အဦး အင်ဂျင်နီယာ

(Building Engineer)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တာဝန်ထမ်းဆောင်နေစဉ် တစ်ဖက်မှလည်း ဗိသုကာပညာရှင်အဖြစ် အထင်

ကရအဆောက်အဦးအချို့ကို ပုံစံထုတ်ခြင်း ၊ ကိုယ်တိုင်ကြီးကြပ်တည်ဆောက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည် ။ မြန်မာတိုင်းအတွက်

လေးစားအားကျအတုယူရမည့် မြန်မာအင်ဂျင်နီယာဗိသုကာပညာရှင်စည်သူဦးတင်ကို ယခုစာစုဖြင့် ဂုဏ်ပြုအပ်ပါသည် ။

Credit

Zawgyi

ျမန္မာဗိသုကာပညာရွင္စည္သူဦးတင္အေၾကာင္း

ႀကီးမားက်ယ္ျပန႔္လွေသာ ျမန္မာဆန္လွေသာ၊ ဗိသုကာ လက္ရာေျမာက္လွေသာ ၿမိဳ႕ေတာ္ခန္းမႀကီးကို ဘယ္သူ တည္ေဆာက္ခဲ့ပါ

သလဲ ။ ျခဴးပန္း ျခဴးႏြယ္မ်ားျဖင့္ ျမန္မာဆန္ဆန္ အလွဆင္ထားေသာ၊ ျမန္မာတစ္မ်ိဳးသားလုံး ဂုဏ္ယူရမည့္ အေဆာက္အဦးႀကီးကို

တည္ေဆာက္ခဲ့သူကေတာ့ အင္းစိန္ ေအဂ်ီတီအိုင္ ေက်ာင္းဆင္း ျမန္မာဗိသုကာပညာရွင္ စည္သူဦးတင္ပင္ ျဖစ္ပါသည္ ။

စည္သူဦးတင္ကား ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ အေဆာက္အဦးႀကီးကိုသာမက ရန္ကုန္ၿမိဳ႕မွ အျခား အထင္ကရ အေဆာက္အဦး အခ်ိဳ႕ကို

လည္း ပုံစံထုတ္ကာ တည္ေဆာက္ခဲ့သည္ ။ အဆိုပါ တည္ေဆာက္ခဲ့ရသည့္ အထင္ကရ အေဆာက္အဦးမ်ားႏွင့္ အႀကံျပဳခဲ့ရသည့္

လုပ္ငန္းရပ္မ်ားမွာ ေအာက္ပါအတိုင္း ျဖစ္ပါသည္ ။

( ၁ ) ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ

( ၂ ) ေ႐ႊတိဂုံေစတီေတာ္ အေနာက္မုခ္ ( ႏွစ္ျပားတန္ေဆာင္း )

( ၃ ) ငလ်င္ဒဏ္ေၾကာင့္ ၿပိဳက်ခဲ့ရသည့္ ဆူးေလေစတီေတာ္အား မူလပုံစံအတိုင္း ျပန္လည္ တည္ေဆာက္ျခင္း

( ၄ ) ရန္ကုန္ဗဟို မီးသတ္အေဆာက္အဦး

( ၅ ) စမ္းေခ်ာင္းၿမိဳ႕နယ္ မီးသတ္႐ုံ

( ၆ )ရန္ကုန္တကၠသိုလ္ဓမၼာ႐ုံ

( ၇ ) ၿမိဳ႕မေက်ာင္း

( ၈ )ရန္ကုန္ဘူတာႀကီး

( ၉ ) နိုင္ငံျခား ကုန္သြယ္မႈဘဏ္( ရန္ကုန္ )

( ၁၀ ) ေကာ္မာရွယ္ဘဏ္( မႏၲေလး )

( ၁၁ ) ေကာလိပ္ေက်ာင္းမ်ား ( မႏၲေလး ၊ ေမာ္လၿမိဳင္ ၊ ပုသိမ္ ၊ ေတာင္ႀကီး ) တို႔ျဖစ္ၾကသည္ ။

စည္သူဦးတင္သည္ မႏၲေလးနန္းတြင္း အဆက္အႏြယ္မ်ားမွ ဆင္းသက္လာသူ ျဖစ္ၿပီး ၁၈၉ဝျပည့္ႏွစ္တြင္ မႏၲေလးၿမိဳ႕ ပုလဲေငြေရာင္ရပ္

တြင္ ဖြားျမင္ခဲ့သည္ ။မိဘမ်ားမွာ အင္စပက္ေတာ္ဦးတိုးႏွင့္ ေဒၚျမႀကီးတို႔ ျဖစ္ၾကကာ ဖခင္ဦးတိုးဘက္မွ မိဘမ်ားမွ ာမႏၲေလးနန္းတြင္းမွ
မင္းမႈထမ္းမ်ား ျဖစ္ၾကသည္ ။ ဦးတိုး၏ဖခင္ျဖစ္သူ ဦးၾကင္သည္ မင္းတုန္းမင္းလက္ထက္ နိုင္ငံျခားပညာေတာ္သင္တစ္ဦးျဖစ္ၿပီး

အိမ္ေရွ႕စံကေနာင္မင္းသားႀကီး၏ လက္႐ုံးတစ္ဆူ ျဖစ္ကာ မႏၲေလးတြင္ ဒဂၤါးစက္႐ုံအေျမာက္စက္႐ုံမ်ားကို ဦးစီးခဲ့သည့္ ျမန္မာ

အင္ဂ်င္နီယာႀကီးတစ္ဦး ျဖစ္သည္ ။ ပန္းခ်ီဆရာဗိသုကာ ပညာရွင္ ဆရာခင္ေမာင္ရင္သည္ ဦးတင္၏ တူေတာ္စပ္ပါသည္ ။

ယင္းကဲ့သို႔ အင္ဂ်င္နီယာမ်ိဳးရိုးမွ ဆင္းသက္လာေသာ ဦးတင္အဖို႔ လက္ေတြ႕ လုပ္ေဆာင္ရေသာအင္ဂ်င္နီယာလုပ္ငန္းမ်ားကို ဝါသနာပါ

သူ ျဖစ္သည္ ။ ကိုယ္တိုင္ကိုယ္က် လက္ေတြ႕ လုပ္ရမွေက်နပ္သူ ဦးတင္သည္ မိမိပုံစံ ထုတ္ေရးဆြဲခဲ့ေသာ အေဆာက္အဦးမ်ား

တည္ေဆာက္ရာတြင္ ကိုယ္တိုင္ ကိုယ္က် ႀကီးၾကပ္ေပးခဲ့သည္ ။ စည္သူဦးတင္သည္ ယခုအခါ ႏွစ္ေပါင္းတစ္ရာေက်ာ္သက္တမ္း

ၾကာျမင့္ၿပီျဖစ္ေသာ ဂ်ီတီအိုင္ေက်ာင္း ( Government Technical Institute,G.T.I ) အင္းစိန္မွာ တက္ေရာက္ခဲ့သူတစ္ဦး ျဖစ္သည္ ။

အင္းစိန္ ဂ်ီတီအိုင္ေက်ာင္းႀကီးသည္ တစ္ခ်ိန္က အေရွ႕ေတာင္အာရွတိုင္းျပည္မ်ား၏ ပိုလီတကၠနစ္ေက်ာင္းေတာ္ႀကီး ျဖစ္ခဲ့သည္ ။

စည္သူဦးတင္သည္ မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ ၈၆ လမ္းႏွင့္ ၂၄ လမ္းေထာင့္ရွိ နာမည္ေက်ာ္စိန႔္ပီတာ အထက္တန္းေက်ာင္း

( ယခုအခါ မႏၲေလးအမွတ္( ၉ )အစိုးရအထက္တန္းေက်ာင္း ) မွ ဆယ္တန္းေအာင္ျမင္ခဲ့ၿပီး ရန္ကုန္သို႔ ေရာက္ရွိလာကာ ရန္ကုန္

ေကာလိပ္ တက္ေရာက္ခဲ့သည္ ။

ထိုစဥ္က ရန္ကုန္ေကာလိပ္မွာ ကာလကတၱားတကၠသိုလ္လက္ေအာက္ခံအျဖစ္ ထားရွိခ်ိန္ ျဖစ္သည္ ။ စည္သူဦးတင္သည္ ၁၉၀၉တြင္

ရန္ကုန္ေကာလိပ္မွ ပညာဆုံးခန္းတိုင္ေအာင္ ၿပီးစီးခဲ့သည္ ။ ဦးတင္သည္ အျခားသူမ်ားကဲ့သို႔ ကာလကတၱားသို႔လည္း ဆက္လက္ ပညာ

သြားေရာက္ မသင္ၾကားလို ၊ ၿမိဳ႕အုပ္ၿမိဳ႕ပိုင္ ၊ နယ္ပိုင္ဝန္ေထာက္မ်ားလည္း မလုပ္လိုဘဲ လက္ေတြ႕လုပ္ငန္းမ်ားကိုသာ ဝါသနာပါ

သူတစ္ဦးျဖစ္ေပရာ ကိုတင္ အဖို႔ ပညာဆက္လက္ ဆည္းပူးရန္ လမ္းဆုံးသြားသကဲ့သို႔ ျဖစ္ေနသည္ ။ သို႔ေသာ္ ကိုတင္အတြက္ အားကိုး

အားထားျပဳစရာ အစိုးရအင္ဂ်င္နီယာေက်ာင္းတစ္ေက်ာင္းရွိေနပါေသးသည္ ။ ထိုေက်ာင္းကား ျမန္မာအင္ဂ်င္နီယာမ်ားကို ေမြးထုတ္
ေပးေနရာ အင္းစိန္ဂ်ီတီအိုင္ေက်ာင္းပင္ျ ဖစ္ပါသည္ ။ ကိုတင္တို႔အင္းစိန္ဂ်ီတီအိုင္တြင္အေဆာက္အဦးႏွင့္လမ္းတံတားဘာသာရပ္မ်ားကို

သင္ယူေနခ်ိန္တြင္ျမန္မာျပည္၌အင္ဂ်င္နီယာပညာရပ္ဆိုင္ရာေက်ာင္းဟူ၍ မရွိေသးေပ။ ထို႔ေၾကာင့္အင္းစိန္ဂ်ီတီအိုင္မွ ေက်ာင္းဆင္း

လာလွ်င္ျပည္သူ႕လုပ္ငန္းဌာန(Public Works Department)ကဲ့သို႔ေသာ ၿဗိတိသွ်အစိုးရဌာနမ်ားကအလုပ္သင္အင္ဂ်င္နီယာမ်ားအျဖစ္

ႀကိဳဆိုေနၾကေလသည္။ ကိုတင္သည္ ၁၉၁၂-၁၃ခုႏွစ္တြင္အင္းစိန္ဂ်ီတီအိုင္မွေက်ာင္းၿပီးခဲ့ၿပီးျပည္သူ႕လုပ္ငန္းဌာနတြင္တံတားကေလး

စိတၱဇေဆး႐ုံစီမံကိန္းလုပ္ငန္းခြင္သို႔ဝင္ေရာက္ခဲ့သည္။

ဦးတင္က အင္းစိန္ဂ်ီတီအိုင္မွ သင္ယူခဲ့သည့္ အင္ဂ်င္နီယာပညာရပ္မ်ားကိုလုပ္ငန္းခြင္တြင္လက္ေတြ႕အသုံးခ်သည္။ ပရိုဖိုင္း(Profile)

မ်ား ရိုက္သည္မွစ၍ ေျမႀကီးလုပ္ငန္း၊ေအာက္ခံကြန္ကရစ္လုပ္ငန္း၊ အုတ္စီလုပ္ငန္းမ်ားကိုကိုယ္တိုင္ႀကီးၾကပ္ကာ စနစ္တက်

လုပ္ေဆာင္ခဲ့သည္။ အရည္အခ်င္းထက္ျမက္ေသာဦးတင္ကိုအိႏၵိယသို႔ပညာေတာ္သင္အျဖစ္ေ႐ြးခ်ယ္ခဲ့ၿပီး ဘုံေဘၿမိဳ႕ရွိ Sir JamstedJiJee Bhoေက်ာင္းတြင္တစ္ႏွစ္ၾကာဗိသုကာပညာရပ္မ်ားကိုသင္ယူခဲ့သည္။ေက်ာင္းတက္ေနစဥ္တစ္ဖက္မွလည္း လက္ေတြ႕

လုပ္ငန္းခြင္ျအစ္MessersEreeson,Brathy&Kihib ဗိသုကာကုမၸဏီတြင္ဝင္ေရာက္လုပ္ကိုင္ကာတည္ေဆာက္ဆဲျဖစ္ေသာအတြင္း

ဝန္႐ုံးတည္ေဆာက္ေရးလုပ္ငန္းမ်ားကိုေလ့လာသင္ယူခဲ့သည္

ဦးတင္သည္ အိႏၵိယနိုင္ငံမွ ၁၉၂၄တြင္ျပန္လာခဲ့ၿပီးေနာက္ ရန္ကုန္ၿမိဳ႕ေတာ္ျမဴနီစီပယ္႐ုံးႀကီးတြင္ အေဆာက္အဦး အင္ဂ်င္နီယာ

(Building Engineer)အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး တာဝန္ထမ္းေဆာင္ေနစဥ္ တစ္ဖက္မွလည္း ဗိသုကာပညာရွင္အျဖစ္ အထင္

ကရအေဆာက္အဦးအခ်ိဳ႕ကို ပုံစံထုတ္ျခင္း ၊ ကိုယ္တိုင္ႀကီးၾကပ္တည္ေဆာက္ျခင္းတို႔ကို လုပ္ေဆာင္ခဲ့ပါသည္ ။ ျမန္မာတိုင္းအတြက္

ေလးစားအားက်အတုယူရမည့္ ျမန္မာအင္ဂ်င္နီယာဗိသုကာပညာရွင္စည္သူဦးတင္ကို ယခုစာစုျဖင့္ ဂုဏ္ျပဳအပ္ပါသည္ ။

Credit