Daily News

လွတ်မြောက်လာတဲ့ ပြည်သူတွေအတွက် မင်းမော်ကွန်းရေးတဲ့ မေတ္တာစာ

ဘယ်သူလွတ်မလဲမသေချာတာတောင်မနက် ၇နာရီထဲကနေပူပူမိုးရွာရွာမျော်လင့်တကြီးလာစောင့်ကြရှာတယ်တစ်ချို့ဆို မူးလဲကြလို့တဲ့။

ကိုယ့်သားသမီးပါမလား၊ကိုယ့်မြေးလေးများပါမလား၊ကိုယ့်ခင်ပွန်းသည်ပါလာမလား၊ကိုယ့်ညီအကိုမောင်နှမတွေပါကောင်းပါမလားရယ်နဲ့

ကိုဗစ်ကာလကြီးမှာတောင်ပါမယ်မပါ’ဘူးမသေချာတာတောင်မနက်ထဲကခုထိမလွှတ်သေးတာတောင်ဇွဲနဲ့စောင့်မျော်နေကြသူများ၊ အားလုံးမျော်လင့်ထားတဲ့အတိုင်းကိုယ်ချစ်တဲ့သူများပြန်လွတ်မြောက်ကျပါစေခင်ဗျာ။

အာဏာရှင်လက်အောက်ကအပြီးလွတ်မြောက်ခြင်းမဟုတ်တာတောင်ကိုယ့်မျက်စိအောက်ပြန်ရောက်လာရင်ပဲ စိတ်ပူတာတွေအနည်းငယ်တော့သက်သာရမှာပါ။

တကယ်ကိုယ်ချင်းစာနာပါတယ်။စောင့်မျော်နေသူများအားလုံးရဲ့အပူတွေသက်သာကြပါစေခင်ဗျာ..

ဟု မင်းမော်ကွန်း၏ facebook စာမျက်နှာမှာတင်ထားတာကို ကူးယူဖော်ပြပေးလိုက်ပါသည်။အားလုံး အာဏာရှင်လက်အောက်မှ အပြီးသတ်လွတ်မြောက်ကြပါစေ..