CELEBRITY NEWS

သား ရေမွန်ရဲ့ နာရေးကို ကူညီပေးတဲ့ သူတွေကို ကျေးဇူးတင်ရင်း သူမ လိုချင်တဲ့ ချွေးမရဲ့ ပုံစံကို ဒဲ့ပြောလိုက်တဲ့ ရေမွန်ရဲ့ မိခင်

ကွယ်လွန်သွားပြီဖြစ်တဲ့ သားဖြစ်သူရေမွန်ကိုအစစအရာရာစောင့်ရှောက် ပေးတဲ့သူတွေကို ရေမွန်ရဲ့မိခင်မှကျေးဇူးတင်စကားပြောကြားလာခဲ့တာပဲဖြစ်ပါတယ်နော်။

“မနေ့(29.6.21)က တွတ်ပီရဲ့ရက်လည်ပါရက်လည်ဆိုရင် သိသူမသိသူ ခင်သူမခင်သူအားလုံး ဖိတ်ကြားရတာထုံးစံပါဒါပေမဲ့. .အခန်းအနေအထား လက်ရှိကျန်းမာရေး အန္တာရယ် နဲ့ လာရောက်သူတွေရဲ့လုံခြုံမှုကိုစိုးရိမ်ငဲ့ညှာရတာကြောင့် F.b ပေါ် စာတင်ပြီး အားလုံးကိုမဖိတ်ခဲ့နိုင်ဘူးစိတ်ရှိတိုင်းသာ‌ဆို ရွာလုံးကျွတ်ပေါ့နားလည်ခွင့်လွှတ်စာနာပေးနိုင်ကြမယ်ထင်ပါတယ်။

ပျက်ကွက်မှုအတွက် ချစ်ခင်ရသူများသို့တောင်းပန်အပ်ပါတယ်.သူ့ရဲ့နောက်ဆုံးထွက်သက်တည်ရှိခဲ့ရာဟိုးအဝေးမှာလဲယုံကြည်စိတ်ချရသူတွေကိုလွှဲအပ်ပြီးရက်လည်ဆွမ်းသွပ်လုပ်ပေးခဲ့ပါတယ်လာဖြစ်သူ မလာဖြစ်သူ လာနိုင်သူ မလာနိုင်သူလာခွင့်ရသူ မရသူကိုယ်နဲ့ထပ်တူသူ့ကိုချစ်ပေး နှမြောပေး စိတ်ထိခိုက်ပေး ခံစားပေးခဲ့ကြတဲ့ရင်ဘတ်တူသူ ရင်ခုန်ဘက်အားလုံးကိုလှိုက်လှဲစွာ. . ကျေးဇူးတင်ရှိပါတယ်။

လွမ်းသူ့ပန်းခြင်း၊လှူ ဖွယ်သင်ဃန်းအစားအစာ၊အလှူငွေ(ကိုယ်တိုင်/တဆင့်K pay) အစရှိသဖြင့် ကျန်ရစ်သူတို့မျက်နှာမငယ်အားမငယ်ရအောင်အနယ်နယ်အရပ်ရပ်မှပါဝင်ဖြည့်ဆည်းပေးခဲ့ကြတဲ့ချစ်ခင်သူအားလုံး၊ ဂီတလောကမှညီအကိုမောင်နှမများ(တစ်ဦးချင်းနံမည်ရေးရင်မိုးချုပ်သွားမှာမို့ မရေးပြတော့ဘူးနော်)အခြေအနေအရလူချင်းမဆုံနိုင်ကြလို့ လိုင်းပေါ်ကစာနာခံစား၊ငိုကြွေး၊ခွန်အားပေးခဲ့ကြတဲ့ချစ်ခင်သူများအားလုံး ရင်ထဲကလှိုက်လှဲစွာကျေးဇူးတင်ပါတယ်။

အထူးသဖြင့် လွတ်မြောက်နယ်မြေကိုယ့်မိသားစုခေတ်တ ခိုလှုံနွေးထွေးခဲ့ရာ. ဒေသခံရွာသူရွာသားများမြို့သူမြို့သားများ.နာရေးအစမှအဆုံး ထောင့်စေ့အောင် ချစ်ခြင်းမြစ်တာဖြင့်ကူညီခဲ့ကြသူ၊လှူဒါန်းခဲ့ကြသူများ၊ငိုကြွေးခဲ့ကြသူများ၊နောက်ဆုံးခရီးလာရောက်ပေးကြတဲ့နယ်ခံပရိသတ်များ၊မှတ်တမ်းတင်ဗွီဒီယိုအဖွဲ့သားများခိုလှုံခဲ့ရစဉ်ကာလတွေမှာဆွေမျိုးမတော်စပ်ပေမဲ့ တွတ်ပီနဲ့မိသားစုအားလုံးအပေါ် နွေးထွေးစွာ‌ကျွေးမွေးစောင့်ရှောက်‌ချစ်ခင်ပေးခဲ့ကြတဲ့(တွတ်ပီကိုအရမ်းချစ်တဲ့) အမိုး နဲ့အဖွဲ့ဝင်မိသားစုများ(လုံခြုံမှုအရ တစ်ဦးချင်းအမည်‌များမဖေါ်ပြတော့ပါ)။

တုံတုံ‌လေးကိုအရိပ်ကြည့်အနီးကပ်စာင့်ရှောက်ပေးခဲ့တဲ့ဖိုးခွား(ဗိုက်ကလေး)ဒီအချိန်တစ်ယောက်ထဲကြေကွဲငိုကြွေးနေမဲ့တွတ်ပီချစ်ရတဲ့ညီ‌လေး သား NOVEMနာရေးအစမှအဆုံးထိ လှည့်မကြည့်ရအောင်အစစစိတ်ချအားကိုးခဲ့ရတဲ့သမီး သော်သော်(မြေးချွေးမ‌လောင်းလေး))ရန်ကုန်မှာတော့ သမီး သိမ့်ရည်ဇော်(စိတ်ထဲက ချွေးမတော်ချင်ခဲ့သူ.အမျိုးကောင်းသမီးလေး)တွတ်ပီရဲ့ ညီ‌လေး ‌စောပိုးပိုး၊ကိုယ်တို့ရဲ့မိသားစုသဖွယ်တစ်သက်လုံးရှိခဲ့၊ခါးစည်းခံခဲ့သူSaint/Sweet family၊သားသားမင်းသက်ချိဦးတွတ်၊မနီလာ၊မီးမီးနောက်‌ဆုံး. . .တွတ်ပီရဲ့အနီးကပ်ဆုံး အရင်းနှီးဆုံးအချစ်ဆုံး အပင်ပန်းဆုံးIDIOTS BAND(ဖိုးလုံး၊ဂျပန်၊အောင်ရဲ၊ဒီမို) နှင့်မိသားစုဝင်များ၊တွတ်ပီကိုညီလအရင်းလိုတစ်သက်တာလုံးချစ်ခင်စောင့်ရှောက်ခဲ့သူ

သား . .ကိုနေလ၊ဂိုဏ်ချုပ်နဲ့‌ဘော်ဒါများအားလုံး အားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း. .LOVE AND THANK U ALL (သားအတွက် ပူဆွေးလွန်းပြီးစိတ်နဲ့လူမကပ်နိုင်လို့ ကျေးဇူးတင်ဖို့မေ့ခဲ့သူ၊ကျန်ခဲ့သူများရှိခဲ့ရင်လဲအောင်လ…ပါနော်. .အော်…‌ပြောရင်းဆိုရင်းကျန်ခဲ့ပြန်ပြီတွတ်ပီဘဝတစ်‌လျှောက်လုံးပြသနာမှန်သမျှ လိုက်လံဖြေရှင်းပြီးတွတ်ပီဆီအသွား တစ်လမ်းလုံးနေမကောင်းဖြစ် မူးဝေအော့အန်တဲ့ဒဏ်ကိုခံခဲ့တဲ့ ဘစန်း(တေးရေး အောင်နိုင်စန်း)ကျေးဇူးပါကျန်ခဲ့ရင် အတုတ်ခံရမယ်.နောက်တစ်ဦး ..မောင်ဇော်သစ်(သူလဲ. . ဘစန်းလိုဘဲ

ကိုယ့်မိသားစုဒဏ်အတော်ခံခဲ့ရတာ)Next one ..အဆုံးစွန်ထိရက်စက်ခဲ့သူတစ်ဦးရဲ့စွန့်ပစ်ခြင်းခံရချိန်မှ ယနေ့ထိအနားမှာအရင်းအချာတစ်ယောက်လို အားပေးစောင့်ရှောက်ခဲ့သော. စာ‌ရေးဆရာမနှင်းဝေငြိမ်းနောက်ဆုံးတစ်ဦး. .ဖခင်ဖြစ်သူရဲ့နာရေးကြားကမမောပန်းနိုင်.အသက်အရွယ်မထောက်တွတ်ပီအခန်းရှိရာ ၇ လွှာထိအရောက်လာ အားပေးစကားတွေပြောသားအမိ ၃ယောက်ပုံလေးအမှတ်တယလာပို့ပေးတဲ့(ဦး) ဆရာဦးမြတ်ခိုင်တို့ အားလုံး ကျေးဇူးပါ..ကျန်ခဲ့ပြီးနောက် မှတ်ဉာဏ်ထဲထပ်ပေါ်လာသူတွေ ထပ်တင်ဦးမယ်.LOVE YOU ALL THANKS U ALL FOR EVERYTHING. .”ဆိုပြီးရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်..။ crd