INTERNATIONAL NEWS

မသန်စွမ်းဖြစ်နေတဲ့ သမီး နှစ်ဦးကို ခက်ခဲစွာ ပြုစု နေရတဲ့ အသက် ၉၄နှစ်အရွယ် အမေအို

ဒီ အဖြစ်ပျက်ကတော့ ဗီယက်နမ်နိုင်ငံ Phu Hoa ခရိုင် Hoa Thang communeကျေးရွာတစ်ခုတွင်အသက်၉၄အရွယ် အမေအိုတစ်ဦးဟာ အသက်အရွယ်ရလာပြီဖြစ်သော်လည်း ဘဝ၏ခါးသီးတွေကို ခါးသီးစွာ ခံစားနေရဆဲဖြစ်ပါတယ်။

အဖွားအိုသည် ဘဝ၏အလွန်ပင်ပန်းစွာဖြတ်သန်းနေရသည့်အပြင် သမီးနှစ်ဦးရှိသော်လည်း နှစ်ဦးစလုံးဟာ မသန်မစွမ်းဖြစ်ကာ အိပ်ရာထဲတွင်သာ လှဲနေကြရပါတယ်။

ထို့ကြောင့် အမေအိုဟာ သမီးလေးနှစ်ဦးကိုလည်း ပြုစုစောင့်ရှောက်ပေးနေရပေသည်။အဖွားအိုဟာ ပိုက်ဆံအနည်းငယ်း ရှာဖွေလို့ရသည်နှင့် သမီးငယ်လေးနှစ်ဦးအတွက် စားစရာများရရှိစေရန် အသီးအရွက်လေးများနှင့် ကိတ်မုန့်လေးတွေကို ဝယ်ယူပေးလေ့ရှိတယ်ဟုသိရပါတယ်။

အဖွားဟာ ယခုလို အသက်အရွယ်ကြီးတွင် ဝင်ငွေရရှိစေရန်အတွက် တစ်ခါတစ်လေတွင် အဝတ်လေးတွေကို လိုက်လျှော်ပေးရသည်ဟုလည်းသိရှိရပါသေးတယ်။ ခက်ခဲလှတဲ့ ဘဝကို အမေအိုဟာ ဖြတ်သန်းနေရတာဖြစ်ပါတယ်။

Zawgyi

 



