Daily News

အားလုံးထုတ်ရပီးသွားရင်တော့ CB ဘဏ်ကိုတော့ တသက်တာလမ်းခွဲပါပြီ.. စိတ်မကောင်းပါဘူး

ပြောပါရစေအုံး . . .ဒီနေ့ ပစ္စည်းတစ်ခုလှမ်းဝယ်တယ်။ ကူညီရောင်းပေးတဲ့ ညီလေးက ပိုက်ဆံကို mobile banking နဲ့ ပေးရအောင်လည်း လုပ်ပေးရှာတယ်။

ဒါနဲ့ ကိုယ်ကလည်း ပစ္စည်းသွားယူလိုက် ငွေချက်ချင်းလွဲလိုက်ပါ့မယ်ဆိုပီး လွှတ်လိုက်တယ်။ CB ဘဏ်နဲ့ ပေးပါဆိုလို့ ပေးမယ်လုပ်တော့ ဘယ်လိုမှလွှဲမရဖြစ်နေတယ်။

ဒါနဲ့ ဘဏ်ကို ဖုန်းဆက်လိုက်တော့ ရုံးချုပ်က လိုင်းကျနေလို့ပါတဲ့။ ခဏစောင့်တယ်။ လုပ်မရဘူး။

ပစ္စည်းကယူပီးခဲ့ပီ။ သူကလည်း ကိုယ့်ယုံကြည်မှုနဲ့ ပေးလိုက်တာ။ အပြင်မှာတောင် မတွေ့ဖူးဘူး။ အဲ့တော့ ကိုယ်က ပိုအားနာပီး ခဏစောင့်ပေးပါ အကျိုးအကြောင်းပြော လှမ်းတောင်းပန်ရရော။

အကြာကြီးစောင့်တော့လည်း မရဘူး။ ဒါနဲ့ ဘဏ်ကိုကိုယ်တိုင်သွားပီး Mobile banking က လုပ်မရလို့ ညီမတို့ဘဏ်ကပဲ ဒီအကောင့်ကို transfer လုပ်ပေးပါဆိုတော့။ ဘဏ်ဝန်ထမ်းတွေက အကောင့် အကောင့်ခြင်းလွှဲတာကို ရုံးချုပ်က ပိတ်ထားတယ်တဲ့
ဟမ် အတော်အံ့အားသင့်သွားတယ်။

ဒါနဲ့ ခင်ဗျားတို့ဟာက ကိုယ့်ငွေကိုယ်ပြန်ထုတ်တော့လည်း ထုတ်မပေးနိုင်ဘူး။ ခု Mobile banking စနစ်ကလည်း သုံးမရဘူးဆိုတော့ ကျနော်တို့က ဘယ်လိုလုပ်ရမှာလဲ စိတ်ပျက်စရာပဲလို့ အော်ပြောလိုက်တော့

ဘဏ်ဝန်ထမ်းကောင်မလေးတစ်ယောက်က ခဏစောင့်ပါ ဘဏ်မန်နေဂျာပြောပေးပါမယ်ဆိုပီး အပေါ်တက်သွားတယ်။ ခဏနေတော့ ပြန်ဆင်းလာပီး လုပ်ပေးလိုက်ပါ့မယ်ဆိုပီး လုပ်ပေးတယ်။

ခုနကကြတော့ မရဘူးတဲ့။ ခုကြတော့ ရတယ်လုပ်ပေးမယ်ဖြစ်သွားတယ်။ ကဲ အဲ့ဒါက ဘာတုန်း။

ခုလိုဖြစ်နေရင် ကျနော်တို့က ဘယ်လိုလုပ်ကြမလဲ။ ငွေထုတ်မရတာကို နားလည်ပေးလို့ရတယ်။ Mobile စနစ်တောင် သုံးမရဘူးဆိုရတော့ သေပီလေ။

နောက်အဆိုးဆုံးကတော့ ဒီဘဏ်က လက်ရှိမှာ ငွေထုတ်တာကို ဖုန်းနဲ့ ပဲ စာရင်းလှမ်းပေးခိုင်းတယ်။ ဒါနဲ့ ဆိုင်ကဝန်ထမ်းတစ်ယောက်ကို ဖုန်းဆက် စာရင်းပေးဖို့ တာဝန်ပေးထားတယ်။

အဲ့ စာရင်းပေးတဲ့နေရာမှာ စာရင်း​​ကောက်တဲ့ ဘဏ်ဝန်ထမ်းရဲ့ ဆက်ဆံပုံ အတော်ဆိုးဝါးတယ်။ စာရင်းလှမ်းပေးသူ ကာစတန်မာကို သူခိုးစစ်သလိုစစ်တာ။

နာမည်ပြော အကောင့်ပြောရုံတင်မရဘူး။ မှတ်ပုံတင်ပြော။ မွေးသက္ကရာဇ်ပါမေးတာ။ ပီးရင် ဆက်တဲ့ ဖုန်းနံပါတ်က ဘယ်လောက်လဲ ဘာလဲ တရားခံစစ်သလိုစစ်တာ။

အဆိုးဆုံးကတော့ ကျနော်စာရေးမက ကျနော်အကောင့်စာရင်းပေးရင် စာရင်းပိုင်ရှင်ကိုယ်တိုင်ပေး ကြားလူမဆက်နဲ့ပြော ဖုန်းချပစ်တာ။ ဖုန်းတစ်ခါရဖို့က အင်မတန်ခက်တာ။

ဖုန်းဝင်လို့ ခဏလေး ဆရာ့ပေးလိုက်အုံးမယ်ပြောတာကိုမရဘူး။ ချပစ်တယ်။ ယောက်ကျားလေးအကောင့်ကို မိန်းကလေက ပေးလို့မရဘူးတဲ့။

စဉ်းစားကြည့် ကျုပ်တို့က ဘာအလုပ်မှ မလုပ်တော့ပဲ အဲ့ဖုန်းပဲ တစ်နေကုန်ထိုင်ခေါ်နေရမှာလား။ နောက်ဆိုးတာက ကိုယ်တိုင်လာထုတ်မှပေးတာ။ ကိုယ်စားလှယ်လွှဲစာနဲ့ ထုတ်မပေးဘူးတဲ့။

နောက်ပြောသေးတာ ၉ နာရီအရောက်လာခဲ့ မလာရင် cancel တဲ့။ စဉ်းစားကြည့်အုံး ပြောဆို ဆက်ဆံပုံက သူတို့ဆီက ပိုက်ဆံ အလကား လာတောင်းနေသလိုပဲ။ မျက်နှာထားတွေ ပြောပုံတွေက သူတို့အလုပ်သမားအတိုင်းပဲ။

ထုတ်ပေးတာကမှ တစ်ပတ်မှ ၂ သိန်းခွဲပဲရတာ။ အပ်ငွေနဲ့စာရင် မုန့်ဖိုးလောက်ရတာ။ ကိုယ်လည်းတကယ်လိုမှသာ ထုတ်တာ အရင်က မလိုတုန်းက ထုတ်ကို မထုတ်ခဲ့ဘူး။

လက်ရှိ မိုးရာသီးတောင်သူတွေ စိုက်ပျိုးရာသီချိန်ဆို ငွေလိုပီ ထုတ်မရတော့ အပြင်ကတောင် ၁ ကျပ်တိုးနဲ့ ဆွဲပီး သုံးနေရတယ်။ ဒါကြောင့်ရသလောက်လေး ဘယ်လောက်သက်သာသက်သာဆိုပီး သည်းခံထုတ်နေရတာ။

လိုသလိုထုတ်မရတာလည်း ဖြစ်ပေါ်နေတဲ့ အခြေအနေအရ နားလည်ပေးလို့ရတယ်။ ဒါပေမယ့် ခုလိုကြီး မောက်မာစွာပြောဆို ဆက်ဆံတာက တော့ အတော်ကို အဆင်မပြေလှဘူး။

ပြည်သူတွေမှာ ငွေထုတ်မရလို့ စိတ်ညစ်နေရချိန် ဘဏ်ဝန်ထမ်းတွေက အားနာပီးတောင် ပိုချိုသာရမှာ ခုဟာက သူတို့ပိုက်ဆံ အလကားသွားတောင်နေရသလိုပဲ။

အရင်တစ်ချိန်က အပ်ငွေရဖို့ စာရင်းဖွင့်ဖို့ ပြောဆိုခဲ့တုန်းကတော့ ချိုသာနေတာ ခုကြတော့ မောက်မာလိုက်ကြတာ။

ဘဏ်တစ်ခုမှာ ဘယ်သူက တကယ်ငွေလိုလို့ လာထုတ်တာ။ ဘယ်သူက အပြင်မှာ ပြန်ရောင်းစား လုပ်စားနေတယ်ဆိုတာ ဘဏ်မန်နေဂျာရော ဘဏ်ဝန်ထမ်းတွေရောသိတယ်။

လုပ်စားနေတဲ့သူတွေကြတော့ ဘာမှမထိန်းချုပ်နိုင်ပဲ အမှန်တကယ်လိုအပ်လို့ လာထုတ်တဲ့ လုပ်ငန်းရှင်ကြတော့ မောက်မာစွာ လက်အောက်ငယ်သားလို့ ဆက်ဆံကြတယ်။

အတော်ဝမ်းနည်းစိတ်ပျက်စရာပါ။ ဒါတွေကို ဘဏ်တာဝန်ရှိသူတွေရော အစိုးရပိုင်းကပါ စနစ်တကျထိန်းချုပ်ကိုင်တွယ်ထိမ်းကြောင်းပေးပါ။

ဒီနေ့ထိ ဗဟိုဘဏ်ရော အစိုးရပိုင်းကပါ ဘဏ်စနစ်ကို ကောင်းမွန်လာအောင် ထိန်းချုပ် မကိုင်တွယ်နိုင်သေးတာကလည်း အတော်စိတ်ပျက်ဖွယ်ပါပဲ။ အတော်ကို အသုံးမကျတာပါပဲ။

အားလုံးထုတ်ရပီးသွားရင်တော့ CB ကတော့ တသက်တာလမ်းခွဲပါပီ။ စိတ်မကောင်းပါဘူး။