CELEBRITY NEWS

အားလုံးဝမ်းသာပီတိဖြစ်ခဲ့ရတဲ့ ခီမောင်နှံတို့ရဲ့ဂုဏ်ယူဖွယ်ရာ အလှူကြီး

Unicode :ကိုဗစ်-၁၉ ကပ်ဘေးပထမလှိုင်းကာလမှ လက်ရှိအချိန်ထိ ခီမောင်နှံပရဟိတအဖွဲ့

Free Cash Program for the Needy(FCPN)က လှူဒါန်းငွေကျပ်သိန်း ၁,၁၆၀ ကျော် ရရှိထားတယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဇဏ်ခီက ဒီဇင်ဘာ ၁ ရက်က

သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် လှူဒါန်းမှုစာရင်းနဲ့အတူ ခုလိုရေးသားမျှဝေထား ခဲ့တာပါ။

“ဒီနေ့ အကြိမ် ၃၀ မြောက် ပို့ဖြစ်တဲ့လူစာရင်းဖြစ်သလို

FCPN Chat box မှာလျှောက်ထားသမျှသူတွေအကုန်ပဲဖြစ်ပါတယ်။

ကိုဗစ်-၁၉ ပထမလှိုင်းဖြစ်ချိန်မှ ယနေ့အ ချိန်ထိ စုစုပေါင်း

ကျပ် ၁၁၆,၂၈၀,၀၀၀(သိန်းတစ်ထောင့်တစ်ရာခြောက်ဆယ့်နှစ်သိန်းနဲ့ ရှစ်သောင်း) လှူဒါန်းပြီးဖြစ်ပါတယ်။

FCPN ကိုယ်စားဝမ်းသာပီတိဖြစ်ရသလို ဒီအလှူကြီး မှာ ဝင်ရောက်လှူဒါန်းသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်”

Free Cash Program for the Needy(FCPN) ပရဟိတအဖွဲ့ကိုတော့

ပြီးခဲ့တဲ့ မေ လတုန်းက ဇဏ်ခီနဲ့ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီတို့က

ငွေကျပ် သိန်း ၅၀ နဲ့ မ, တည်ထားခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့်

အခက်အခဲတွေနဲ့ ရင်ဆိုင်နေ ကြရတဲ့ လက်လုပ်လက်စား မပြေလည်သူတွေအတွက်

ထောက်ပံ့ကူညီနိုင်မယ့် အစီအစဉ်အနေနဲ့စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ငွေကြေး အကူအညီတောင်းခံလိုသူတွေအနေနဲ့

အမည်၊ မှတ်ပုံတင် အမှတ်၊ မှတ်ပုံတင်၊ ဒါမှမဟုတ် ကားလိုင်စင်ကို ဓာတ်ပုံရိုက်ထားတဲ့ဓာတ်ပုံ၊

ငွေလွှဲပေး ရမယ့် ဖုန်းနံပါတ်တွေ ကို FCPN ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် ပို့ပေးရုံနဲ့

Wave Pay နဲ့ ငွေလွှဲပေးမယ်လို့ အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

ငွေကြေးပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်တွေအနေနဲ့လည်း FCPN ရဲ့ ဖေ့စ်ဘွတ်ခ်

စာမျက်နှာကတဆင့် ဆက်သွယ်လှူဒါန်းနိုင်မယ့် လူပုဂ္ဂိုလ်နဲ့ ဘဏ်အကောင့်တွေကိုပါ

ဖော်ပြထားပြီး လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ FCPN အနေနဲ့ ပရဟိတ အဖွဲ့အစည်းတွေဖြစ်တဲ့

We Love Yangon၊ Clean Yangon၊ Braveheart Foundation၊ Y.W.C.A၊

မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းအသင်း(မိတ္ထီလာ)၊

နယ်စည်းမခြား စာနာသူများ We Love Yangon၊

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး) စတဲ့
အဖွဲ့တွေက တဆင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊

စစ်ကိုင်းတိုင်းစတဲ့ နေရာအနှံ့က ငွေကြေးအ ခက်အခဲ ဒုက္ခရောက်နေသူတွေကို

ထောက်ပံ့ကူညီတာတွေ၊ စစ်ပြေးရှောင်တွေကို ထောက်ပံ့ကူညီတာတွေ၊

ဖေ့စ်ဘွတ်ခ်စာမျက်နှာ ချက်ဘောက်စ်ကတဆင့် ဆက်သွယ်အ ကူအညီတောင်းလာတဲ့

ပြည်သူတွေကို ထောက်ပံ့ကူညီခဲ့တာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ FCPN ရဲ့ ချက်ဘောက်စ်ကို ပြန်မဖွင့်ဖြစ်တော့ပေမယ့်

ဝင်လာသမျှအလှူငွေတွေကိုတော့ မြေပြင်ပေါ်မှာရှိတဲ့ လမ်းကြောင်းတွေမှာ ဆက်လက်

လှူ ဒါန်းသွားမှာဖြစ်ကြောင်းလည်း ဇဏ်ခီက အသိပေးထားခဲ့တာကို တွေ့ရပါတယ်။


Zawgyi :ကိုဗစ္-၁၉ ကပ္ေဘးပထမလွိုင္းကာလမွ လက္ရွိအခ်ိန္ထိ ခီေမာင္ႏွံပရဟိတအဖြဲ႕

Free Cash Program for the Needy(FCPN)က လႉဒါန္းေငြက်ပ္သိန္း ၁,၁၆၀ ေက်ာ္ ရရွိထားတယ္လို႔ သိရပါတယ္။

ဒီအေၾကာင္းနဲ႕ ပတ္သက္ၿပီး သ႐ုပ္ေဆာင္ ဇဏ္ခီက ဒီဇင္ဘာ ၁ ရက္က

သူ႕ရဲ႕ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ေပၚကတဆင့္ လႉဒါန္းမႈစာရင္းနဲ႕အတူ ခုလိုေရးသားမွ်ေဝထား ခဲ့တာပါ။

“ဒီေန႕ အႀကိမ္ ၃၀ ေျမာက္ ပို႔ျဖစ္တဲ့လူစာရင္းျဖစ္သလို

FCPN Chat box မွာေလွ်ာက္ထားသမွ်သူေတြအကုန္ပဲျဖစ္ပါတယ္။

ကိုဗစ္-၁၉ ပထမလွိုင္းျဖစ္ခ်ိန္မွ ယေန႕အ ခ်ိန္ထိ စုစုေပါင္း

က်ပ္ ၁၁၆,၂၈၀,၀၀၀(သိန္းတစ္ေထာင့္တစ္ရာေျခာက္ဆယ့္ႏွစ္သိန္းနဲ႕ ရွစ္ေသာင္း) လႉဒါန္းၿပီးျဖစ္ပါတယ္။

FCPN ကိုယ္စားဝမ္းသာပီတိျဖစ္ရသလို ဒီအလႉႀကီး မွာ ဝင္ေရာက္လႉဒါန္းသူမ်ားအားလုံးကိုလည္း အထူးေက်းဇူးတင္ရွိပါတယ္”

Free Cash Program for the Needy(FCPN) ပရဟိတအဖြဲ႕ကိုေတာ့

ၿပီးခဲ့တဲ့ ေမ လတုန္းက ဇဏ္ခီနဲ႕ ဇနီးျဖစ္သူ ဒါရိုက္တာ ခရစၥတီးနားခီတို႔က

ေငြက်ပ္ သိန္း ၅၀ နဲ႕ မ, တည္ထားခဲ့တာျဖစ္ၿပီး ကိုဗစ္-၁၉ ေရာဂါကပ္ေဘးေၾကာင့္

အခက္အခဲေတြနဲ႕ ရင္ဆိုင္ေန ၾကရတဲ့ လက္လုပ္လက္စား မေျပလည္သူေတြအတြက္

ေထာက္ပံ့ကူညီနိုင္မယ့္ အစီအစဥ္အေနနဲ႕စတင္ခဲ့တာ ျဖစ္ပါတယ္။

ဒီအစီအစဥ္မွာ ေငြေၾကး အကူအညီေတာင္းခံလိုသူေတြအေနနဲ႕

အမည္၊ မွတ္ပုံတင္ အမွတ္၊ မွတ္ပုံတင္၊ ဒါမွမဟုတ္ ကားလိုင္စင္ကို ဓာတ္ပုံရိုက္ထားတဲ့ဓာတ္ပုံ၊

ေငြလႊဲေပး ရမယ့္ ဖုန္းနံပါတ္ေတြ ကို FCPN ရဲ႕ ေဖ့စ္ဘြတ္ခ္ကတဆင့္ ပို႔ေပး႐ုံနဲ႕

Wave Pay နဲ႕ ေငြလႊဲေပးမယ္လို႔ အဖြဲ႕ရဲ႕ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာေပၚမွာ ေၾကညာထားခဲ့တာ ျဖစ္ပါတယ္။

ေငြေၾကးပါဝင္လႉဒါန္းလိုတဲ့ အလႉရွင္ေတြအေနနဲ႕လည္း FCPN ရဲ႕ ေဖ့စ္ဘြတ္ခ္

စာမ်က္ႏွာကတဆင့္ ဆက္သြယ္လႉဒါန္းနိုင္မယ့္ လူပုဂၢိဳလ္နဲ႕ ဘဏ္အေကာင့္ေတြကိုပါ

ေဖာ္ျပထားၿပီး လႉဒါန္းနိုင္ေၾကာင္း ႏွိုးေဆာ္ထားခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္မွာေတာ့ FCPN အေနနဲ႕ ပရဟိတ အဖြဲ႕အစည္းေတြျဖစ္တဲ့

We Love Yangon၊ Clean Yangon၊ Braveheart Foundation၊ Y.W.C.A၊

ျမန္မာနိုင္ငံ ကိုယ္အဂၤါ မသန္စြမ္းအသင္း(မိတၳီလာ)၊

နယ္စည္းမျခား စာနာသူမ်ား We Love Yangon၊

ျမန္မာနိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (မႏၲေလး) စတဲ့
အဖြဲ႕ေတြက တဆင့္ ရန္ကုန္တိုင္း၊ ပဲခူးတိုင္း၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မႏၲေလးတိုင္း၊

စစ္ကိုင္းတိုင္းစတဲ့ ေနရာအႏွံ႕က ေငြေၾကးအ ခက္အခဲ ဒုကၡေရာက္ေနသူေတြကို

ေထာက္ပံ့ကူညီတာေတြ၊ စစ္ေျပးေရွာင္ေတြကို ေထာက္ပံ့ကူညီတာေတြ၊

ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ ခ်က္ေဘာက္စ္ကတဆင့္ ဆက္သြယ္အ ကူအညီေတာင္းလာတဲ့

ျပည္သူေတြကို ေထာက္ပံ့ကူညီခဲ့တာကို ေတြ႕ရပါတယ္။

လတ္တေလာမွာေတာ့ FCPN ရဲ႕ ခ်က္ေဘာက္စ္ကို ျပန္မဖြင့္ျဖစ္ေတာ့ေပမယ့္

ဝင္လာသမွ်အလႉေငြေတြကိုေတာ့ ေျမျပင္ေပၚမွာရွိတဲ့ လမ္းေၾကာင္းေတြမွာ ဆက္လက္

လႉ ဒါန္းသြားမွာျဖစ္ေၾကာင္းလည္း ဇဏ္ခီက အသိေပးထားခဲ့တာကို ေတြ႕ရပါတယ္။