CELEBRITY NEWS

အစ်ကိုဖြစ်သူ ရေမွန်ရဲ့ရက်လည်နေ့လေးမှာ ပရိတ်သတ်တွေမမြင်ဘူးသေးတဲ့ ပုံလေးတွေထုတ်ပြလာတဲ့ လပြည့်ကဗျာ

မနေ့က ဇွန်လ (၂၉) ရက်နေ့လေးကတော့ ရေမွန်ရဲ့ ရက်လည်နေ့ဖြစ်ရာ ပရိသတ်တွေရော ခင်မင်ရတဲ့ အနုပညာရှင်တွေပါ သူနေခဲ့တဲ့ တိုက်ခန်းလေးကို လာရောက်ခဲ့ကြတာကိုတွေ့ရပါတယ်။ တစ်ချို့ ပရိသတ်တွေ ကလည်း ရက်လည်နေ့မှာ ရေမွန်အတွက် ရည်စူးပြီး အလှူအတန်းတွေ များစွာပြုလုပ်ပေးခဲ့ကြတာဖြစ်ပါတယ် ။

တေးသံရှင် ရေမွန့်ညီမလေး လပြည့်ကဗျာကလည်း အစ်ကိုဖြစ်သူရဲ့ ရက်လည်နေ့မှာ ကောင်းမှုကုသိုလ်များစွာပြုလုပ်ပေးရင်း အမှတ်တရ စကားလေးတွေကို ဝမ်းနည်းကြေကွဲစွာ ရေးသားဖော်ပြ လာပါတယ် ။ ဒါ့အပြင် ပရိသတ်တွေ မမြင်ဘူးခဲ့တဲ့ အစ်ကိုဖြစ်သူရဲ့ အရိုးကိုကောက်ခဲ့စဉ်က ပုံရိပ်တွေကိုလည်း ဝမ်းနည်း ကြေကွဲစွာဖော်ပြခဲ့ပါတယ်။

” ဘပီ ရက်လည်နေ့မှာ အားလုံးဝိုင်းဝန်း ကူညီပေးကြလို့ အဆင်ပြေပြေနဲ့ ပီးဆုံးခဲ့ပါတယ် ဘပီရက်လည် အစမှသည် အဆုံး ပါဝင်ကူညီပေးတဲ့ Idiots မိသားစုဝင်များ ကြွရောက်ပေးကြတဲ့ ဧည့်သည်များအားလုံးနှင့်တကွ နာရေးကူငွေများ လှုတန်းပေးကြတဲ့ အနယ်နယ်အရပ်ရပ်က ချစ်ခင်သူများ အားလုံးကိုရင်ထဲလှိုက်လှိုက်လဲလဲ ကျေးဇူးတင်ရှိပါတယ် Covid အခြေအနေအရ အခက်ခဲရှိလို့ လူအများကြီး မဖိတ်နိုင်တာ Sorry ပါနော် ဗြုန်းစားကြီး ဘပီခွဲသွားတော့ အားလုံးရဲ့တာဝန်တွေက ကိုယ့်အပေါ်ပုံကျလာတယ်​။

သိပ်တော့မလွယ်ကူလှဘူးဆိုတာ သိပေမယ့် ညမလေးတို့ မိသားစု အကောင်းဆုံးရှင်သန်ရပ်တည်ပါ့မယ်လို့ ကတိပေးပါတယ် လူသေသော်လည်း နာမည်မသေတဲ့ ငါ့အကိုအတွက် သိပ်ဂုဏ်ယူတယ်” ဆိုပြီး ခံစားချက်တွေကို ရေးသားဝေမျှခဲ့ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Zawgyi Version

မေန႕က ဇြန္လ (၂၉) ရက္ေန႕ေလးကေတာ့ ေရမြန္ရဲ႕ ရက္လည္ေန႕ျဖစ္ရာ ပရိသတ္ေတြေရာ ခင္မင္ရတဲ့ အႏုပညာရွင္ေတြပါ သူေနခဲ့တဲ့ တိုက္ခန္းေလးကို လာေရာက္ခဲ့ၾကတာကိုေတြ႕ရပါတယ္။ တစ္ခ်ိဳ႕ ပရိသတ္ေတြ ကလည္း ရက္လည္ေန႕မွာ ေရမြန္အတြက္ ရည္စူးၿပီး အလႉအတန္းေတြ မ်ားစြာျပဳလုပ္ေပးခဲ့ၾကတာျဖစ္ပါတယ္ ။

ေတးသံရွင္ ေရမြန႔္ညီမေလး လျပည့္ကဗ်ာကလည္း အစ္ကိုျဖစ္သူရဲ႕ ရက္လည္ေန႕မွာ ေကာင္းမႈကုသိုလ္မ်ားစြာျပဳလုပ္ေပးရင္း အမွတ္တရ စကားေလးေတြကို ဝမ္းနည္းေၾကကြဲစြာ ေရးသားေဖာ္ျပ လာပါတယ္ ။ ဒါ့အျပင္ ပရိသတ္ေတြ မျမင္ဘူးခဲ့တဲ့ အစ္ကိုျဖစ္သူရဲ႕ အရိုးကိုေကာက္ခဲ့စဥ္က ပုံရိပ္ေတြကိုလည္း ဝမ္းနည္း ေၾကကြဲစြာေဖာ္ျပခဲ့ပါတယ္။

” ဘပီ ရက္လည္ေန႕မွာ အားလုံးဝိုင္းဝန္း ကူညီေပးၾကလို႔ အဆင္ေျပေျပနဲ႕ ပီးဆုံးခဲ့ပါတယ္ ဘပီရက္လည္ အစမွသည္ အဆုံး ပါဝင္ကူညီေပးတဲ့ Idiots မိသားစုဝင္မ်ား ႂကြေရာက္ေပးၾကတဲ့ ဧည့္သည္မ်ားအားလုံးႏွင့္တကြ နာေရးကူေငြမ်ား လႈတန္းေပးၾကတဲ့ အနယ္နယ္အရပ္ရပ္က ခ်စ္ခင္သူမ်ား အားလုံးကိုရင္ထဲလွိုက္လွိုက္လဲလဲ ေက်းဇူးတင္ရွိပါတယ္ Covid အေျခအေနအရ အခက္ခဲရွိလို႔ လူအမ်ားႀကီး မဖိတ္နိုင္တာ Sorry ပါေနာ္ ျဗဳန္းစားႀကီး ဘပီခြဲသြားေတာ့ အားလုံးရဲ႕တာဝန္ေတြက ကိုယ့္အေပၚပုံက်လာတယ္​။

သိပ္ေတာ့မလြယ္ကူလွဘူးဆိုတာ သိေပမယ့္ ညမေလးတို႔ မိသားစု အေကာင္းဆုံးရွင္သန္ရပ္တည္ပါ့မယ္လို႔ ကတိေပးပါတယ္ လူေသေသာ္လည္း နာမည္မေသတဲ့ ငါ့အကိုအတြက္ သိပ္ဂုဏ္ယူတယ္” ဆိုၿပီး ခံစားခ်က္ေတြကို ေရးသားေဝမွ်ခဲ့ရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။