CELEBRITY NEWS

ထောင်ထဲရောက်နေတဲ့ ပိုင်တံခွန်၊ ပြေတီဦး တို့လို အနုပညာရှင်တွေနဲ့ Gen Z တွေရဲ့ ပျော်ရွှင်စရာ ပတ်သတ်မှုကို ဖွင့်ချခဲ့တဲ့ ရှေ့နေ

ထောင်ထဲရောက်နေတဲ့ ပိုင်တံခွန်၊ ပြေတီဦး တို့လို အနုပညာရှင်တွေနဲ့ Gen Z တွေရဲ့ ပျော်ရွှင်စရာ ပတ်သတ်မှုကို ဖွင့်ချခဲ့တဲ့ ရှေ့နေ

လက်ရှိကာလအတွင်းမှာတော့ အပြစ်မဲ့တဲ့ပြည်သူတွေရဲ့အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရသလို တစ်ချို့ပြည်သူတွေရဲ့မိသားစုတွေလည်း တကွဲတပြား ဖြစ်ခဲ့ရပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူ(၆၃၈၀)ခန့်ရှိခဲ့ပြီး လက်ရှိအချိန်အထိ ချုပ်နှောင်ခံထားရသူဦးရေမှာ (၅၁၈၃)ခန့်ရှိကြောင်း AAPP က ထုတ်ပြန်ကြေညာထားပါတယ်။

အဖမ်းခံထားရတဲ့သူတွေထဲမှာအနုပညာရှင်တွေလည်း ပါဝင်ခဲ့တာပါ ။အခုလည်း ရှေ့နေအမျိုးသမီးတစ်ယောက်က သူ့ရဲ့အမှုသည်ကလေးတွေဆီကနေ ကြားသိရတဲ့ သတင်းအချို့ကို ပြောပြထားတာ ဖြစ်ပါတယ် ။ ကလေးတွေက ထောင်ထဲမှာ သူတို့ချစ်တဲ့ အနုပညာရှင်တွေနဲ့ တွေ့ဆုံပြီး ပျော်နေကြတဲ့အကြောင်း ရေးသားထားတာ ဖြစ်ပါတယ် ။

အနုပညာရှင်တွေနဲ့ အဆောင်တူတဲ့သူတွေကသူတို့ကြိုက်ခဲ့ရတဲ့ Idolတွေနဲ့ခင်နေရတော့ ပျော်နေကြသလို တစ်ချို့တွေက လည်း သူတို့အဆင်ပြေသလို ကြိုးစားနေထိုင်နေကြတာ ဖြစ်ပါတယ် ။

ဒီအကြောင်းကို “ငါ့အမှုသည် တွေများ ပိုင်တံခွန်နဲ့တွေ့ရလို့ ပျော်နေတဲ့သူနဲ့ ပိုပိုကသီချင်းတွေဆိုပြလို့ မပျင်းရဘူးဆိုသူနဲ့….အစ်မဝင်းမင်းသန်းက အရမ်းရယ်ရတယ်ဆိုသူနဲ့ ဦးတီနဲ့စကားပြောရင် ပညာရတယ်ဆိုသူနဲ့ ဪ ခင်ရာဆွေမျိုးပါလား…ဘယ်နေရာရောက်ရောက် စိတ်ချမ်းသာအောင်နေတတ်ကြတယ်….” ဆိုပြီး ကလေးတွေဆီ ကနေ ကြားရတဲ့သတင်းတွေကို ပြောပြထားတာ ဖြစ်ပါတယ် ။

အထဲမှာနေနေရပေမယ့်လည်း ရှိတာလေးပဲဝတ်၊ကျွေးတာလေး ပဲစားပြီး စည်းစည်းလုံးလုံးနေကြတဲ့ ကလေးတွေရဲ့အကြောင်းကို အဲ့ဒီရှေ့နေအမျိုးသမီးက ပြန်ပြောပြခဲ့တာပဲ ဖြစ်ပါတယ် ။