Knowledge

ကလေးများငြိမ်အောင် ဖုန်းပေးထားမိတဲ့ မိဘတွေ သတိထားဖို့ လိုအပ်လာ

ကလေးများငြိမ်အောင် ဖုန်းပေးထားမိတဲ့ မိဘတွေ သတိထားဖို့ လိုအပ်လာ

ကလေးကို ဖုန်းပေးကိုင်ပြီး အလိုလိုက် ဂိမ်းပေး​ဆော့ခိုင်းတဲ့ မိဘများ တကယ်ဖြစ်ရင် ကလေးဘဲခံရတာ ကိုယ်ခံရတာမှာမဟုတ်တာနော် ……

အခုခေတ်က ကလေးကို သေချာ မထိန်းချင်မသင်ချင်ကြတော့ဘူး ကလေးကိုမရိုက်ရဘူး ဘာညာပြောတာနဲ့ မိဘတွေက ဘာမှကို မဆုံးမတော့ဘူး

ရိုက်တာနဲ့ ဆုံးမတာနဲ့ မတူပါဘူး ရိုက်မှ ဆုံးမတာမဟုတ်ဘူး မရိုက်ဘဲလေပြေလေးနဲ့လဲ ဆုံးမလို့ရတယ် အာရုံလွဲ လို့ရတယ် ကိုကအခရာဘဲ မွေးကတည်း အူဝဲကထဲကဖုန်းဆိုပြီး မမွေးလာကြပါဘူး ။

အခုphက ပထမ မျက်လုံးကိုထိခိုက်မယ် နောက် ပညာသင်ကြားရေး၊ ဘဝရေးအတွက်ပါထိခိုက်လာလိမ့်မယ် အခုကထည်းက ဖုန်းကို ဆေးစွဲနေသလိုဖြစ်နေတဲ့ကလေးက ကြီးလာ ရင်ဖုန်းမသုံးနဲ့လို့ပြောလို့ ရမယ်ထင်နေလို့လား ဖုန်းကသုံးတတ်ရင်တော့ဆေး မသုံးတတ်ရင်တော့ဘေးဘဲ အချိန်လေးနဲ့ကြည့်တာတော့မပြောလိုပါဘူး။

10မိနစ်15မိနစ်ပေါ့ တချို့မိဘတွေကဂုဏ်ယူနေသေး ငါ့ကလေးကလုပ်တတ်တယ်ပေါ့ ကလေးဘဲသင်ပေးရင်အကုန်လိုက်လုပ်တတ်တယ် ကလေးတွေဖုန်းကိုင်နေတာ။

မြင်ရင်အသည်းယားလွန်းလို့ပါ…….. ။

ကလေးလေးတွေအားလုံးအနာဂတ်ရဲ့တောက်ပစွာထွန်းလင်းနိုင်တဲ့ကြယ်ပွင့်လေးတွေဖြစ်ကြပါစေကွယ်။

Zawgyi







