Knowledge
ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင် ၃ ရက်နေ့အတွင်း မိုကြီး လာနိုင်တဲ့မြို့များ
မိုးလေဝသ ခန့်မှန်းချက်များကို မြန်မာ ပြည်သူတွေအတွက် ကိုယ်တိုင် ငွေကုန်ကျခံပြီး စေတနာနဲ့ အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေတဲ့ စေတနာရှင် မိုးလေ ဝသ ဆရာမလေး စုစုစံရဲ့ မိုး လေဝသ ကြိုတင်ခန့် မှန်းချက်များကိုစုစည်း ဖော်ပြလိုက်ပါတယ်။
လိုင်ဇာမြို့နှင့် အနီးတဝိုက်တွင် မိုးကြီးနိုင်ပြီး အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် အနောက်ဘင်ဂေါနဲ့ ဘင်္ဂလားဒေခ်ျမြောက်ပိုင်း မိုးကြီး လေထန်နေတဲ့အတွက် ည နေပိုင်းတွင် အိန္ဒယနိုင်ငံ အာ သံ မဏိပူ ပြည်နယ်တွေကို ရောက်ရှိကာ ညပိုင်းတွင် ကချင် ပြည်နယ်မှ တနိုင်းဒေသ မိုးကြီးနိုင်ပါတယ်။
မနက်ဖြန် ဇွန်လ ၃၀ ရက်နေ့အတွက် ထုတ်ပြန်ချက်မှာ မိုးကြီးရေလျှံ ဖြစ်ပေါ်နိုင်တဲ့ ဒေသများကတော့ ဆဒုံးနှင့် တရုတ်နိုင်ငံ Sichuan ပြည်နယ် Yibin တွင် မိုးကြီးရေလျှံ နိုင်တယ်လို ခန့်မှန်း ပေးထားပါတယ်။
၂၀၂၁ ဇွန်လ ၂၉ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့အတွင်း မိုးကြီးပြီး စိုးရိမ်ရေမှတ် ရောက်ရှိလာနိုင်တဲ့ ဒေသတွေကတော့ က ချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်း မိုးကြီးနိုင်ပြီး ချင်း တွင်းမြစ် ဧရာဝတီမြစ်ရေများစွာ တိုးလာနိုင်ကာ မြစ်ကြီးနား ခန္တီးမြို့တွေရဲ့ စိုးရိမ်ရေမှတ်များကို ခြိမ်းခြောက်လာဖွယ် ရှိပါတယ်ဆိုပြီး ခန့်မှန်းတွက်ချက် ပေးထားချက်များအား ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။ ပရိသတ်ကြီး အားလုံးတို့လဲ ဘေးအ န္တရာယ် အပေါင်းမှ ကင်ဝေး ကြပါစေခင်ဗျာ။crd
Zawgyi