INTERNATIONAL NEWS

“အရောင်တူသူတွေနဲ့ အိမ်မှာ တစ်နေ့တာ” ဟုဆိုကာ ဓါတ်ပုံလှလှ လေးတွေတင်ပြီး အဓိပ္ပါယ်ကို ရှင်းပြထားတဲ့ ဆရာမ ချမ်းချမ်း

ဆိုရှယ်မီဒီယာပေါ်မှာ video တွေကနေတဆင့် ကိုရီးယားဘာသာ စကားကို သင်ကြားပေးနေတဲ့ မြန်မာလူမျိုး ကိုရီးယားဘာသာစကား ဆရာမလေး ချမ်းချမ်း(ချမ်းမြမြသော်)ကတော့ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေစဉ်မှာ တောင်ကိုရီး ယားရဲ့ ရုပ်သံအစီအစဉ်တစ်ခုမှာ ပါဝင်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေတွေကို သတင်းစကားပါးခဲ့ရာမှ ပရိသတ်တွေအများ အပြားရရှိခဲ့ကာ ပရိသတ်အချစ်တော် ဆယ်လီ တစ်ဦးဖြစ်လာခဲ့ပါတယ်..။

ယနေ့မှာ တော့ သူမရဲ့ Facebook စာမျက်နှာမှာ အ ရောင်တူ ဝတ်ထားတဲ့ ဓါတ်ပုံလှလှ လေးတွေတင်ခဲ့ပြီး အ ရောင်တွေရဲ့ အ ကြောင်းကို အနည်းငယ်ရေးသားထားပါတယ်။ သူမ ရေးသားထားတာက တော့…

“လောကကြီးထဲမှာ အရောင် မျိုးစုံ ရှိကြတယ်။ တစ်ချို့ အရောင်တွေက အပူဓာတ်ကို ဆောင်ပြီး၊ တစ်ချို့ အရောင်တွေကတော့ အအေးဓာတ်ကို ဆောင်ကြတယ်။ ဒါ့အပြင် အခြား အရောင်နဲ့ ပေါင်းစပ်လိုက်မှ ပိုမို အရေအသွေးကျပြီး တောက်ပလာတဲ့ အရောင်တွေလည်း ရှိသလို၊ အခြား အရောင်နဲ့ ပေါင်းစပ်လိုက်မှ ပိုမို မှေးမှိန်သွားတဲ့ အရောင်တွေလည်း ရှိကြတယ်..။

လောကကြီးမှာ နေထိုင်တဲ့အခါ မိမိရဲ့ ပင်ကိုယ် အရောင်အတိုင်းလည်း လှပပေမယ့် မိမိရဲ့ ပင်ကိုယ် အရောင်ကို ပိုမို ကြွစေမယ့် အခြား အရောင် တစ်ခုခုကို ရွေးချယ်ရတဲ့ အခါမျိုး ရှိတတ်တယ်။ အရောင်တိုင်းတော့ မိမိနဲ့ မလိုက်ဖက်ပေမယ့် လိုက်ဖက်ရာ အရောင်ချင်း တွေ့တဲ့ အခါမှာတော့ လှပတဲ့ အရောင် တစ်ခု ပေါ်ထွက်လာစမြဲပါပဲ။ အရောင်တူသူတွေနဲ့ အိမ်မှာ တစ်နေ့တာ” ဆိုပြီး ရေးသားထားတာလေးနဲ့ ဓါတ်ပုံလှလှ လေးတွေကို ပရိသတ်ကြီး ပြန်လည် ခံစားနိုင်ဖို့ ပြန်လည် မျှဝေလိုက်ရပါတယ်..။

Crd