CELEBRITY NEWS

Covid ကူးစက်ခံရပေမယ့် တစ်စတစ်စပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ ဦးမိုးဒီရဲ့လတ်တလောကျန်းမာရေးအခြေအနေ ဗီဒီယိုဖိုင်

Unicode :

ပရိသတ်ကြီးရေ.. ဟာသလူရွှင်တော်ကြီးဦးမိုးဒီ

ကတော့ Covid ရောဂါကူးစက်ခံရတာကြောင့်

ပြီးခဲ့တဲ့လပိုင်းကမှစတင်ပြီး ဧရာဝတီ Qစင်တာမှာ

ဆေးကုသမှုခံယူနေရတာ ဖြစ်ပါတယ်နော်..။

သက်ကြီးပိုင်းဖြစ်ပေမယ့်လည်း အန္တရာယ်များလွန်း

တဲ့ ရောဂါဝေဒနာကို ကြံ့ကြံ့ခံရင်ဆိုင်နေတဲ့ ဦးမိုးဒီဟာ

လတ်တလောမှာတော့ မထင်ထားလောက်အောင်

တစ်စတစ်စနဲ့ ကျန်းမာရေးပြန်လည်ကောင်းမွန်

လာနေပြီ ဖြစ်ပါတယ်နော်..။

ဟာသလူရွှင်တော်ကောင်းစံကလည်း ရောဂါဝေဒနာ

ကူးစက်ခံရတဲ့ဖခင်ဖြစ်သူဦးမိုးဒီကို ဂရုတစိုက်နဲ့

ကိုယ်ဖိရင်ဖိပြုစုစောင့်ရှောက်နေပြီး ကျန်းမာရေး

အခြေအနေလေးတွေကိုလည်း မကြာခဏအသိပေး

ပြောပြလေ့ရှိပါတယ်နော်..။

နှာခေါင်းပိုက်ဖြုတ်ကာ ထူထူထောင်ထောင်နဲ့

ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီး ဝှီးချဲနဲ့အပြင်

ထွက်အပန်းဖြေ စကားတွေပြောနေတဲ့ ဖခင်ဖြစ်သူရဲ့

လက်ရှိကျန်းမာရေးလေးကိုလည်း ဗီဒီယိုဖိုင်လေးတွေ

နဲ့ အသိပေးထားပါသေးတယ်..။

“အဖေ ကျမ်းမာရေးကောင်းမွန်စွာ ရှိနေပါတယ်

အားလုံးရဲ့စေတနာမေတ္တာကြောင့်ပါကျေးဇူး

တင်ပါတယ်ခင်ဗျား..” ဆိုပြီး ဦးမိုးဒီရဲ့ လတ်တလော

ကျန်းမာရေးအခြေအနေလေးတွေကို ပြောပြထားတာ

ဖြစ်ပါတယ်နော်..။

ပရိသတ်တွေကလည်း တစ်စတစ်စ ကျန်းမာရေး

ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ ဦးမိုးဒီအတွက်

ဝမ်းသာနေကြပြီး အမြန်ဆုံးရောဂါပျောက်ကင်းကာ

အိမ်ပြန်နိုင်စေဖို့အတွက်လည်း

ဆုတောင်းပေးထားကြပါတယ်နော်..။