Knowledge

နှင်းဆီပင်ရှိတဲ့ အိမ်ရှင်တိုင်း သိထားသင့်သည့် ပျိုးနည်း ၊ ကိုင်းဆက်နည်း ၊ အပွင့်များအောင်စိုက်နည်း

နှင်းဆီမျိုးများကို (၁) မျိုးစေ့ဖြင့် စိုက်ပျိုး၍ လည်းကောင်း (၂) နှင်းဆီ၏ အစိတ်အပိုင်း တခုခုသော်မှ လည်းကောင်း (ဘူတဂံနည်း) မျိုးပွားနိုင်ပါသည်။ပထမနည်းမှာ အချိန်အလွန် ကြာမြင့်မှ ပွင့်သဖြင့် သုသေသန အတွက်လည်းကောင်း၊ မျိုးသစ် ရရှိရေးအတွက် လည်းကောင်း၏ ဤနည်းကို သုံးပါသည်။ သို့ရာတွင် နှင်းဆီကို မျိုးပွားရာတွင် ဒုတိယနည်းဖြစ်သော ဘူတဂံနည်းကိုသာ သုံးကြသည်က များပါသည်။ ဤနည်းဖြင့်သုံးသည့်အခါ

၁။ ကိုင်းဖြတ်၍စိုက်ပျိုးခြင်း

၂။ ကိုင်းစည်းထုပ်၍စိုက်ပျိုးခြင်း

၃။ အဖူးမြုပ်နည်းဟူ၍ရှိပါသည်။

၁။ ကိုင်းဖြတ်၍စိုက်ပျိုးခြင်း

နှင်းဆီ ပန်းပွင့်ပြီးနောက် ပန်းကျပြီး တလခန့်ကြာလျှင် ၎င်းကိုင်းမှ (၁၀)လက်မခန့် အရှည်ဖြတ်ပြီး သဲတွင် အမြတ်ထွက်ရန် ပျိုး၍ အမြစ်ထွက်သည့်အခါ ပြုပြင်ထားသည့်ဘောင် (သို့) အိုးတွင် စိုက်ပျိုးသောနည်း ဖြစ်ပါသည်။အမြစ်များထွက်ရန် အကောင်းဆုံး အပူချိန်မှာ (၅၀)ဒီဂရီမွ (၇၀) ဒီဂရီဖာရင်ဟိုက်ခန့် ရှိချိန်တွင် အကောင်းဆုံးဖြစ်ပြီး ဤထက် ပူလွန်း/အေးလွန်းသည့် ရာသီဥတုတွင် အမြစ်ထွက်ရန် ခက်ခဲပါသည်။စိုက်ပြီး ရေလောင်းပေးရပါ

မည်။ စိုက်ပျိုးသည့် အကိုင်းမှာ မနုလွန်း မရင့်လွန်း၍ ခဲတံလုံးပတ်ခန့် ရှိသော အကိုင်းများမှာ အကောင်းဆုံး ဖြစ်ပါသည်။ ကိုင်းဖြတ် စိုက်ရာတွင် (အမြစ်ထွက် အားကောင်းဆေး) များကိုလည်း သုံးနိုင် ပါသည်။ဤနည်းဖြင့် မျိုးပွားခြင်းမှာ အချို့နေရာ များတွင် လြယ္ကူစြာ ရနိုင်သော်လည်း အများအားဖြင့် ဖြစ်လွယ်သည့် မျိုးနည်းပြီး အောင်မြင်မှုနှုန်းများမှာလည်း နည်းပါးသည်။စိုက်ပျိုးရာတွင်လည်း အပင်၏ ဖြစ်ထွန်းမှုမှာ အခြေခံ အားနည်းမှုရှိ၍

နှင်းဆီရိုင်းကဲ့သို့ ကောင်းမွန်မှု မရှိသဖြင့် ကိုင်းဖြတ်၍ စိုက်ပျိုးနည်းမှာ အဖူးမြုပ်၍ မျိုးပွားသည့် အပင်ကဲ့သို့ မကောင်းပါ။ ဤနည်းကိုအောက်ခံပင်ရိုင်း စိုက်ပျိုးသည့်အခါတွင်သာ သုံးကြပါသည်။ မျိုးကောင်းကို သုံးလေ့ မရွိပါ။

၂။ မြေထုပ်စည်းနည်း

မြေထုပ်၍ စည်းသောနည်းမှာ အကိုင်းများက မိခင်ပင်မ အပေါ်တွင် အမြစ်ထွက်စေပြီးမှ ဖြတ်၍ စိုက်ပျိုးခြင်းကို ဆိုလိုပါသည်။နှင်းဆီတွင် အတော်အသင့် ဤနည်းကို သုံးပြီး မျိုးပွားကြသော်လည်း ၎င်း၏ ချွတ်ယွင်းချက်မှာ မိမိ အပင်မှ ဖြစ်ပွားသည့် အမြစ်ဖြင့် ကြီးထွားရသဖြင့် အမြစ်၏ဖြစ်ထွန်းမှု မကောင်းသောကြောင့် အပင်လည်း ပုံပန်းသဏ္ဍာန်နှင့် ဖြစ်ထွန်းမှု အားနည်း၍ဈေးချိုချိုနှင့် ခြံကို မြန်မြန် စိုက်ပျိုးရန် ရည်ရွယ်မှသာလျှင် သုံးပါသည်။

ဆောင်ရွက်သည့် နည်းလမ်းမှာ ခဲတံလုံး နှင့်အထက် အလွန် မနုမရင့်လွန်းသော နှင်းဆီကိုင်းကိုရွေးပါ။ အများအားဖြင့် တစ်နှစ်သားထက် မကြီးသော ကိုင်းကိုရွေးပါ။ ကိုင်းနှစ်ကိုင်း ဆုံရာအောက်တွင် ဓားဖြင့်လေးပိုင်း သုံးပိုင်းလက်မ အရှည်ရှိ အခြံကို ခြာပါ။(ပုံတွင် ပြထားသည့် အတိုင်း) ခွဲပြီးသော အသားကို ပတ်ပတ်လည် အနည်းငယ် ခြစ်ခွာပါ။ အကိုင်းတွင် (၃/၄)လက်မ ပတ်လည်ရှိနေရာကိုရေစိမ်ထားသော (၂)လက်မအရွယ် ဖြတ်ထားသေ

အုန်းခွံကို ပတ်ပတ်လည် အုံစည်းပြီး အပေါ်နှင့်အောက်တွင် ကြိုးဖြင့် ချည်ထားပြီးခြောက်မသွားစေရန် ရေမှန်မှန်လောင်းပေး ရပါမည်။တနည်းမှာ ကိုင်းနှစ်ခွအောက် (၃/၄)လက်မနေရာမှ ဓားဖြင့် အပေါ်သို့ လှီးပြီး နှင်းဆီကိုင်း(၂) ခြမ်း ဖြစ်နေသည့်နေရာတွင်မြေကြီး သို့မဟုတ် အုန်းခွံဖြင့် ချည်ထားပြီး ရေလောင်းလျှင်လည်း ရပါသည်။ကိုင်းစည်းခြင်းနည်းဖြင့် အကောင်းဆုံး ဆောင်ရွက်ရန် အချိန်မှာ မိုးရာသီပင် ဖြစ်ပါသည်။

မြေထုပ်စည်းထားသည့် အကိုင်းများသည်(၁၅-၃၀)ရက် အတွင်း ရာသီဥတုပေါ် မူတည်၍ ကျီးပေါင်း တက်လာသည့် အချိန်တွင် ကတ်ကြေးဖြင့် ကျီးပေါင်းတက်သည့်နေရာအောက်မှ ဖြတ်ပြီး၊ခေတ္တ အျမစ္မ်ား ထွက်လာစေရန် သဲထည့်ထားသည့် ပလပ်စတစ်အိတ် (သို့) အိုးငယ်များတွင် အမြစ်ကောင်းစွာ ထွက်သည်အထိ ထားပြီး စိုက်ပျိုးချိန်ရောက်မှမြေကို ထုတ်ပြီးပြောင်းရွှေ့ နိုင်ပါသည်။နှင်းဆီတပင်တွင် အပင် အခြေအနေပေါ် မူတည်၍(၂)ပင်မှ (၃)ပင် အထိ ကိုင်းစည်း နိုင်ပြီး၊ အများအားဖြင့် (၃)နှစ် အထက်ရှိ နှင်းဆီပင်များတွင် ကိုင်းစည်းလေ့ ရှိပါသည်။

၃။ အဖူးမြုပ်နည်း

အဖူးမြုပ် စိုက်ပျိုး မျိုးပွားနည်းမှာ နှင်းဆီ စိုက်ပျိုးခြင်းတွင် ခေတ်အမှီဆုံးနှင့် အကောင်းဆုံး နည်း ဖြစ်ပါသည်။ ဤနည်းတွင် နှင်းဆီ(၂)ပင်ကို အသုံးပြု ပါသည်။

အရိုင်းပင်အပေါ် အယဉ်ပင်ဆက်၍ မျိုးပွားနည်း ဖြစ်ပါသည်။ အရိုင်းပင်ကိုအောက်ခံပင်အဖြစ် သုံးပြီး အယဉ်ပင်မှာ မိမိမျိုးပွားလိုသည့် မျိုးကောင်းမှ အဖူးကိုယူ၍ ဆက်ခြင်း ဖြစ်ပါသည်။

အရိုင်းပင်များကို ဦးဆုံး စိုက်ပျိုးထားရပါမည်။ အရိုင်းပင်မှာ မြန်မာပြည်တွင် (၃) မျိုးခန့် ရှိသော်လည်း ရှမ်းဟု အမည်ရသော မျိုးကို အသုံးပြုကြ ပါသည်။

ဤမျိုးကို ခဲတံလုံးအရွယ်၊ အရှည်(၆)လက်မမှ (၈)လက်မခန့် ကိုင်းများကို အမြစ်ပေါက်စေရန် သဲဘောင် (သို့) အိုးများတွင် ပျိုးထားရပါမည်။ အနက်(၁/၂) ပေ (၂) လက်မခန့် သဲတွင်း စိုက်ပြီးရေမှန်မှန်လောင်းပေးပါ။

၂ လခန့် ကြာလျှင် အမြစ်များ ထွက်ပြီး ရှင်သန်သည့် အပင်များကို သဲနှင့် နွားချေးရောစပ် ထားသည့်မြေအိုးမှ ပလတ်စတစ် အိတ်သို့ပြောင်းရွှေ့ စိုက်ပျိုးပြီး၊ (၄)လခန့်ထား၍ ၎င်းကို အဖူးဆက်နိုင်ပါသည်။

များသောအားဖြင့်ဆောင်းရာသီတွင် အဖူးဆက်နိုင်ရန် အရိုင်းပင်များကို အနည်းဆုံး(၄)လမွ (၆)လခန့် ကြိုတင် ပျိုးထောင်ထားရပါမည်။ အေးသောဒေသ၌ အဖူးမ်ား ထွက်ခဲသဖြင့် ရာသီဥတု ပူနွေးလာသည်အထိ ဆက်လက်ပြီးရေလုံလောက်စွာ လောင်းပေးရပါ မည်။