INTERNATIONAL NEWS

ဘဝ တစ်လျှောက်လုံး အစာလုံးဝ မစားပဲ ရှင်သန်နေရတဲ့ ကောင်မ​လေးရဲ့ အဖြစ်

အိန္ဒိယနိုင်ငံမှာနေထိုင်တဲ့ အသက် 26 နှစ်အရွယ် Manju Dharra အမည်ရှိတဲ့ မိန်းကလေးရဲ့အဖြစ်ကတော့ အတော်လေးကိုအံ့အားသင့်ဖွယ်ကောင်းလှပါတယ် ။ သူမဟာ အစိုင်အခဲအဖတ်တွေနဲ့ စားစရာကို လုံးဝစားလို့မရလို့ ယခုချိန်ထိ နွားနို့ ၊ လက်ဖက်ရည် နဲ့ ရေတွေကိုသာ သောက်သုံးပြီး အသက်ဆက်နေရတာပါ ။ သူမဟာ အစာပြွန်နဲ့ပက်သက်တဲ့ ရောဂါမျိုးခံစားနေရပြီး ၊ အစာပြွန်မှာရှိတဲ့ကြွက်သားတွေက ကောင်းမွန်စွာမလှုပ်ရှားနိုင်လို့ သူမဟာ အဖတ်တွေနဲ့စားစရာတွေကို စားမိတိုင်း ပြန်အန်ထွက်ကာ ဖျားနာလေ့ရှိကြောင်း သိရပါတယ် ။

သူမရဲ့မိခင်ကတော့ သူမ 2 နှစ်သားအရွယ်မှာ စားစရာတွေကျွေးလိုက်တိုင်း ဖျားနာနေတာကို သတိထားမိလာလို့ ဆေးခန်းပြခဲ့ချိန်မှာမှ အကြောင်းစုံသိခဲ့ရတာပါ ။ ကုသမှုအမျိုးမျိုးပြုလုပ်ခဲ့ပေမဲ့လည်း မသက်သာလာလို့ ၊ ခွဲစိတ်ကုသမှုကိုသာ ဆရာဝန်တွေက ခံယူခိုင်းခဲ့ပါတယ် ။ ခွဲစိတ်ကုသမှုစရိတ်တွေက များလွန်းနေလို့ မိဘတွေဟာ Manju အတွက် နွားနို့ရအောင် နွားတွေသာမွေးမြူထားပေးခဲ့ပါတယ် ။

Manju ဟာ ယခုအချိန်ထိ ကျန်းမာရေးဆိုးရွားနေတာမျိုးမရှိတဲ့အပြင် ၊ သာမာန်မိန်းကလေး အရပ်အမြင့်မျိုးလည်းရှိကာ အိမ်မှုကိစ္စတွေ အကုန်ပြုလုပ်နိုင်သူဖြစ်ကြောင်း မိဘတွေက ပြောပြခဲ့ပါတယ် ။ သူမဟာ အစာ စားဖို့ အတော်လေးကို ကြောက်ရွံတတ်သူဖြစ်သွားခဲ့ကြောင်းလည်း သိရှိရပါတယ် ။

Zawgyi

အိႏၵိယနိုင္ငံမွာေနထိုင္တဲ့ အသက္ 26 ႏွစ္အ႐ြယ္ Manju Dharra အမည္ရွိတဲ့ မိန္းကေလးရဲ႕အျဖစ္ကေတာ့ အေတာ္ေလးကိုအံ့အားသင့္ဖြယ္ေကာင္းလွပါတယ္ ။ သူမဟာ အစိုင္အခဲအဖတ္ေတြနဲ႕ စားစရာကို လုံးဝစားလို႔မရလို႔ ယခုခ်ိန္ထိ ႏြားနို႔ ၊ လက္ဖက္ရည္ နဲ႕ ေရေတြကိုသာ ေသာက္သုံးၿပီး အသက္ဆက္ေနရတာပါ ။ သူမဟာ အစာႁပြန္နဲ႕ပက္သက္တဲ့ ေရာဂါမ်ိဳးခံစားေနရၿပီး ၊ အစာႁပြန္မွာရွိတဲ့ႂကြက္သားေတြက ေကာင္းမြန္စြာမလႈပ္ရွားနိုင္လို႔ သူမဟာ အဖတ္ေတြနဲ႕စားစရာေတြကို စားမိတိုင္း ျပန္အန္ထြက္ကာ ဖ်ားနာေလ့ရွိေၾကာင္း သိရပါတယ္ ။

သူမရဲ႕မိခင္ကေတာ့ သူမ 2 ႏွစ္သားအ႐ြယ္မွာ စားစရာေတြေကြၽးလိုက္တိုင္း ဖ်ားနာေနတာကို သတိထားမိလာလို႔ ေဆးခန္းျပခဲ့ခ်ိန္မွာမွ အေၾကာင္းစုံသိခဲ့ရတာပါ ။ ကုသမႈအမ်ိဳးမ်ိဳးျပဳလုပ္ခဲ့ေပမဲ့လည္း မသက္သာလာလို႔ ၊ ခြဲစိတ္ကုသမႈကိုသာ ဆရာဝန္ေတြက ခံယူခိုင္းခဲ့ပါတယ္ ။ ခြဲစိတ္ကုသမႈစရိတ္ေတြက မ်ားလြန္းေနလို႔ မိဘေတြဟာ Manju အတြက္ ႏြားနို႔ရေအာင္ ႏြားေတြသာေမြးျမဴထားေပးခဲ့ပါတယ္ ။

Manju ဟာ ယခုအခ်ိန္ထိ က်န္းမာေရးဆိုး႐ြားေနတာမ်ိဳးမရွိတဲ့အျပင္ ၊ သာမာန္မိန္းကေလး အရပ္အျမင့္မ်ိဳးလည္းရွိကာ အိမ္မႈကိစၥေတြ အကုန္ျပဳလုပ္နိုင္သူျဖစ္ေၾကာင္း မိဘေတြက ေျပာျပခဲ့ပါတယ္ ။ သူမဟာ အစာ စားဖို႔ အေတာ္ေလးကို ေၾကာက္႐ြံတတ္သူျဖစ္သြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္ ။