CELEBRITY NEWS

Spotify မှာ streams အများဆုံး K-pop Songများမှ Solo သီချင်း ၅ ပုဒ်

Spotify ဟာ နိုင်ငံတကာမှာ ဦးဆောင်နေတဲ့ music platforms တွေထဲက တစ်ခုဖြစ်ပါတယ်။
မတ်လ ၂၀၂၁ မှာဆိုရင် အဆိုပါ ပလက်ဖောင်းအသုံးပြုသူ active users ဟာ ၃၅၆ သန်း ထိရှိပါတယ်။ အခုဖော်ပြ‌ပေးသွားမှာကတော့ Spotify မှာ stream အများဆုံး ပြုလုပ်တဲ့ K-pop တစ်ကိုယ်တော် အဆိုတော်တွေရဲ့တေးသီချင်း ၅ ပုဒ်ဖြစ်ပါတယ်။

5) AGUST D (BTS’s Suga)
AGUST D ရဲ့ ‘Daechwita’ သီချင်းက‌တော့ 114 million streams နဲ့ နံပါတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။
4) Sunmi
Sunmi ရဲ့ ‘Gashina’ သီချင်းကတော့ 134 million streams နဲ့ နံပါတ် ၄ မှာ ရှိနေပါတယ်။
3) BTS’ V
BTS အဖွဲ့ဝင် V ရဲ့ ‘Sweet Night’ သီချင်း ( ‘Itaewon Class’ ဒရမ်မာ ဇာတ်ဝင်တေး) ကတော့ 139 million streams နဲ့ နံပါတ် ၃ နေရာမှာ ရှိပါတယ်။
2) Psy
Psy ရဲ့ ‘Gangnam Style’ သီချင်းကတော့ 273 million streams နဲ့ နံပါတ် ၂ နေရာမှာ ရပ်တည်နေပါတယ်။
1) BLACKPINK’s Jennie
BLACKPINK အဖွဲ့ဝင် Jennie ရဲ့ ‘SOLO’ သီချင်းကတော့ 298 million streams နဲ့ နံပါတ် ၁ နေရာကို ရယူထားပါတယ်။စာဖတ်ပရိတ်သတ်များအားလုံး စိတ်ချမ်းသာရွှင်လန်းကျပါစေ။