CELEBRITY NEWS

နာမည်ကြီး ကိုရီးယား ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နန်း​ဧကရီရွှေ အကြောင်း

ပရိတ်သတ်ကြီးရေ My Roommate Is Gumiho” ဆိုတဲ့ကိုရီးယားဇာတ်လမ်းတွဲ ကတော့ ယခုလက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ ထုတ်လွှင့် ပြသ နေတဲ့ Ongoing Series တစ်ခု ဖြစ်ပါတယ် ။ ဒီဇာတ်လမ်းတွဲက မြန်မာနိုင်ငံက ပရိသတ်တွေကြားမှာလည်း ရေပန်းစားပြီး လူကြိုက်များပြားနေတာ ဖြစ်ပါတယ် ။

အခုဆိုရင် ဒီဇာတ်လမ်းတွဲမှာပါဝင်ခဲ့တဲ့မြန်မာမလေးတစ်ယောက်ရဲ့အကြောင်းကလည်း လူမှုကွန်ယက် စာမျက်နှာ ထက်မှာ စိတ်ဝင်စားသူများပြားနေတာ ဖြစ်ပါတယ်“Nann Akari Shwe” လို့ခေါ်တဲ့ မြန်မာမလေးက ဒီဇာတ်လမ်းတွဲမှာ ကျောင်းသူလေးတစ်ယောက်အဖြစ်ပါဝင် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ် ။

ဇာတ်လမ်းတွဲရဲ့ အပိုင်း (၈) နဲ့ (၁၀)မှာ ပါဝင် ခဲ့တဲ့ မြန်မာမလေးကို မြန်မာ ပရိသတ်တစ်ယောက်က စတင် သတိ ထားမိခဲ့ပြီး သူမ အကြောင်းကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။သူမကတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ တကယ့်ကိုရီးယားသူလေး တစ်ယောက်လို့တောင် ထင်မိပါတယ်။

နန်းဧကရီရွှေက ရန်ကုန်စီးပွားရေးတက္ကသိုလ်က ကျောင်းသူတစ်ဦး ဖြစ်ခဲ့ပြီး အခုတော့ ကိုရီးယား နိုင်ငံက တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားနေတာ ဖြစ်ပါတယ် ။မြန်မာပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ သူမက ယခုလက်ရှိ Facebookမှာတောင် Popular ဖြစ်နေတာ ဖြစ်ပါတယ် ။

“My Roommate Is Gumiho”ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တဲ့ မြန်မာမလေး နန်းဧကရီရွှေရဲ့ အကြောင်းကို ပရိ သတ်များအတွက်တင်ပြပေးလိုက်ပါတယ်နော်။