Knowledge

FB ပွတ်ရင်း ဇာတ်ကြောတက်သူ နှင့် အုံးလွဲ သူများအတွက် ထိရောက်တဲ့ တိုင်းရင်းဆေ

ရှေးအခါကရုံးစာရေးများစာရေးစာဖတ်များသူအထိုင်များသူများတွင်ဖြစ်လေ့ ရှိသောဇက်ကြောတက်ရောဂါသည်ယခုအခါ FB ခေါ် ဖေ့စ်ဘွတ်ကြည့်ခြင်း၊ ဖုန်းပွတ်များခြင်းကြောင့်လူကြီးလူလတ်များ သာမကဆယ်ကျော်သက်လူငယ်များတွင်ပါအဖြစ်များလာသည်ကိုတွေ့ရသည်။ဆယ်နှစ်ကျော်အရွယ်ငါးတန်းကျောင်း သားကလေးငယ်ဆေးခန်းလာပြသဖြင့် ဘာဖြစ်သလဲမေးကြည့်သေ ာအခါဇက် ကြောတက်လို့ဟုဖြေပါသည်။ထိုကလေး ၏လက်ထဲတွင်မချတမ်းကိုင်ထားသောအရာမှာအပြားကြီးကြီးဟန်းဖုန်းတစ်လုံးဖြစ်ပါသည်။တန်ဖိုးဆယ်သိန်းအထက်ရှိသောအိုင်ဖုန်းကိုဝယ်ပေးထားသည့်မိဘများသည်ကလေးအတွက်ရောဂါကိုပါ ဝယ်ပေးလိုက်သည်နှင့်တူနေသည်ဟု စဉ်းစားမိပါသည်။

ဇက်ကြောတက်ခြင်း၏နောက်ဆက်တွဲ ရောဂါမှာဇက်ကျီးပေါင်းတက်ခြင်းနှင့် မျက်စိအာရုံကြောများအားနည်းခြင်းဖြစ် စေနိုင်သည်ကိုသတိပြုသင့်သည်။စောစီးစွာဆေးကုသမှုခံယူသင့်သည်။ထို့အပြင် အထိုင်များခြင် း၊ခေါင်းငုံ့အာရုံစိုက်ရသောအလုပ်များအချိန်ကြာမြင့်စွာပြုလုပ်ခြင်းကိုပါဆင်ခြင်သင့်သည်။လူငယ်၊လူလတ်ပိုင်းအတော်များများမှာ ဖုန်းနှင့်အချိန်ကုန်နေသဖြင့်စာရေး၊ စာဖတ်ခြင်းအလေ့အထ နည်းလာသည်ကိုတွေ့ရသည်။စာကြည့်တိုက်နှင့်စာဖတ်ခန်းများထူထောင်ထား‌သော်လည်း ဂျာနယ်မှလွဲ၍စာကြီးပေကြီး၊စာအုပ်အထူကြီးများမှာဖတ်ရှုသူမရှိသလောက် ဖြစ်လာသည်ကိုတွေ့ရသည်။ဇက်ကြောတက်ရောဂါ၏အခြေခံ အ ကြောင်းအရင်းတွင်ဝမ်းချုပ်ခြင်းသည် လည်းအကြောင်းတစ်ခုဖြစ်သည်။
အထိုင်များပြီးလမ်းလျှောက်နည်းသူများ ဝမ်း ချုပ် လေ့ရှိသည်။အလုပ်အသွားအပြန် ကားစီးနေရသူများအတော်အသင့်ခရီးကိုလမ်းလျှောက်သွားခြင်းဖြင့် ကျန်း မာရေးကောင်းစေနိုင်သည်။ရှေးဟောင်းဆေးကျမ်းများတွင် ‘ဇတ္တုထမ္ဘ’ခေါ် ဇက်ခိုင်တောင့်တင်းရောဂါသည် ပရိယတ္တိစာပေများသင်ကြားသည့် ရ ဟန်းတော်(စာဝါလိုက်သည့် သံဃာ)များတွင်အဖြစ်များသောကြောင့်သက်သာစေရန်ရည်ရွယ်ပြီးခြေကျင်ဆွမ်းခံကြွစေခြင်းဖြစ်သည်ဟုဆိုသည်။အထိုင်နှင့်ဇက်ကြောအသွားအလာအရိယာပုဒ်မျှတခြင်းကြောင့်ရဟန်းတော်များကျန်းမာကြသည်ဟုဆိုသည်။ဇက်ကြောတက်ရောဂါရှိသူများသည် အကြောအခြင်တောင့်တင်းစေသည့် အသားအမျိုးမျိုးနှင့်ကုလားပဲကိုလည်း လျှော့စားသင့်သည်။
အသီးရ(အုံး အရွက်နှင့် ငါးကိုပို၍စားသင့်သည်။ချိုဆိမ့်အီသော အစားအစာများနှင့်အချိုရည်များကိုရှောင်ပြီးသဘာဝသစ်သီးကိုစားသင့်သည်။လမ်းလျှောက်ခြင်းသို့မဟုတ် အားကစားလေ့ကျင့်ခြင်းကိုအချိန်ပေးပြီးနေ့စဉ်ပြုလုပ်သင့်သည်။တက်နေသူများအတွက်တိုင်းရင်းဆေး၊မြန်မာ့ရိုးရာဆေးနည်းတို (ဆေးမြီးတို)များဖြင့်ကုသလိုလျှင်သင့်တော်သည့်နည်းများကိုတင်ပြလိုပါ သည်။ဇက်ကျီးပေါင်းရောဂါ၊ဇက်ကြောတက်ရောဂါ၊ဇက်လေးခြင်း၊ဇက်ခိုင်ခြင်း၊ ဇက်လှည့်မလွဲခြင်း) စသည်များအတွက် မိမိအိမ်မီးဖိုချောင်နှင့်အနီးတစ်ဝိုက်တွင်ရနိုင်သောအပင်၊အရွက်၊ အခေါက်၊အသီးများနှင့်ကုသနိုင်သည့်နည်းများဖြစ်သဖြင့်ဆေးခန်းသွားရန် အချိန်မပေးနိုင်သူများအတွက် အသုံးဝင်မည့်နည်းလမ်းများဖြစ်ပါသည်။ဇက်ကျီးပေါင်းရောဂါမုန်ညင်းဆီတွင်ချင်းနှင့်မိဿလင်ကိုထုထောင်းထည့်၍အပူပေးချက်ပြီးလိမ်းလျှင်သက်သာစေသည်။ဇက်ကျီးပေါင်းရောဂါကြောင့်လက်ပြင်ငုပ်ပြီးလက်တစ်လျှောက်ကျဉ်လျှင်တောရှောက်မြစ်၊ ဝံအူမြစ်နှင့်ထင်းရှူးဆီတို့ကိုသွေးလိမ်းပေးပါ။

ကျီးပေါင်းရှိသောဇက်ပိုးတွင် သင်္ဘောရွက်ကိုပျော့အောင်ရေနွေးစိမ် (သို့မဟုတ်)မီးကင်ပြီးကပ်ပေးပါ။ဇက်ပိုးတွင်ကျီးပေါင်းအဖုထွက်နေလျှင်မုန် ညင်းဆီလိမ်း၍ရဲယိုရွက်ကိုမီးကင်ပြီးကပ်ပေးပါ။ကျီးပေါင်းကိုက်လျှင်ချင်း ခြောက်အမှုန့် နှစ်ဆ၊လင်းလေမြစ်အမှုန့် တစ်ဆရောစပ်၍ရေနွေးပူပူဖျော်ပြီး လိမ်းပေးလျှင်အကိုက်သက်သာစေ သည်။ကျီးပေါင်းကြောင့်ဇက်ကြောတက်လျှင်နနွင်းမှုန့်၊သက်ရင်းကြီးအမြစ်မှုန့်၊ နနလင်ကျော်အခေါက်မှုန့်တို့ကိုမီးကျီးခဲပေါ်ဖြူး၍မှိုင်းရှူပေးလျှင်သက်သာစေနိုင်သည်။
crd
အားလုံးဘဲကျမ်းမာရွှင်လန်းကြပါစေရှင့်