Local News

ကင်းမရွာ မီးလောင်မှုမှ ဆုံးပါးသွားတဲ့ မိဘနှစ်ပါးကို မကယ်လိုက်နိုင်တာကြောင့် ယူကြုံးမရဖြစ်နေတဲ့ ဦးလေးကြီး

ဒီကာလမှာတော့ ပြည်သူတွေရဲ့ အသက်၊အိုးအိမ်၊စည်းစိမ်တွေလည်း မလုံခြုံတဲ့အခြေအနေဖြစ်ပြီး တချို့တွေဆိုရင် နေထိုင်စရာအိမ်တောင်မရှိတော့တာ ဖြစ်ပါတယ်။

ဇွန်လ (၁၅) ရက်နေ့ကဆိုရင် မကွေးတိုင်းဒေသကြီး၊ပေါက်မြို့နယ်တောင်ပိုင်းက ကင်းမရွာကို မီးရှို့ဖျက်ဆီးခံလိုက်ရတာဖြစ်ပါတယ်။

မီးဘေးကြောင့် တစ်ရွာလုံးနီးပါး ပြာကျခဲ့ရပြီး ဒေသခံရွာသူ၊ရွာသားတွေလည်း အိမ်မရှိ၊အိုးမရှိ ဖြစ်ကုန်တာကြောင့် သောကအပူမီးတွေဝိုင်းနေတာဖြစ်ပါတယ်။ကင်းမရွာမီးလောင်မှုကြောင့် မပြေးမလွှားနိုင်တဲ့ သက်ကြီးရွယ်အိုတချို့ မီးထဲပါသွားခဲ့ရတာဖြစ်ပါတယ်။

ပြည်သူလူထုကလည်း ကင်းမရွာလေးအတွက် များစွာစိတ်မကောင်းဖြစ်ရပြီး ပြန်လည်ထူထောင်ဖို့လည်း ကူညီပေးနေကြတာဖြစ်ပါတယ်။

အခုဆိုရင်တော့ ဦးလေးကြီးတစ်ယောက်က မီးထဲပါသွားတဲ့ မိဘနှစ်ပါးရဲ့ အရိုးတွေကိုနာကျင်စွာနဲ့ လိုက်ပြခဲ့တာဖြစ်ပါတယ်။ဦးလေးကြီးကို လာရောက်လှူဒါန်းကြတဲ့ စေတနာရှင်တွေကလည်း ကြွင်းကျန်ရစ်တဲ့အရိုးတွေကိုကြည့်ပြီး ဝမ်းနည်းနေကြတာဖြစ်ပါတယ်။

ဦးလေးကြီးကလည်း မီးလောင်တဲ့ညက သေနတ်ဖောက်သံတွေဆက်တိုက်ကြားရလို့ မိဘနှစ်ပါးကို မကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။

မီးဘေးအန္တရာယ်ကြောင့် နေထိုင်စရာအိမ်လေးကို ဆုံးရှုံးလိုက်ရတဲ့အပြင် မိဘနှစ်ပါးလည်း မီးထဲပါသွားတာကြောင့် ယူကြုံးမရဖြစ်နေတဲ့ ကျန်ရစ်သူဦးလေးကြီးရဲ့ခံစားချက်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Crd