Daily News

ကောင်းရာမွန်ရာ ရောက်ရှိနေပြီဖြစ်တဲ့ အဆိုတော်ရေမွန်ရဲ့ ငယ်ဘဝပုံရိပ် အမှတ်တရလေးများ

လူငယ် ရော့ခ်ဂီတအဆိုတော် တဦးဖြစ်သည့် ရေမွန်ဟာ ယနေ့ (ဇွန် ၂၃ ရက်) နံနက်ပိုင်းတွင် အစာအိမ်အချဥ်ပေါက် ရောဂါကြောင့် ဆုံးပါးသွားကြောင်း အနုပညာအသိုင်းအဝိုင်းမှ သိရသည်။

တွတ်ပီဟု ချစ်စနိုးခေါ်ကြသည့် အဆိုတော်ရေမွန်၏ သေဆုံးမှုကို ညီမဖြစ်သူက “ အော် ဘပီရယ် နားလည်ပေးကြပါ။ ဖုန်းတွေမဆက်ကြပါနဲ့ဦး ပြန်ဖြေဖို့အားမရှိလို့ပါ။ တောင်းပန်ပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ဂီတအသိုင်းအဝိုင်းမှ ၎င်း၏သူငယ်ချင်းဖြစ်သူ အဆိုတော်နိုဗန်ထူးကလည်း ရေမွန်၏ သေဆုံးမှုကို အတည်ပြုထားသည်။

Idiots Band ၏ ပင်တိုင်အဆိုတော် တဦးဖြစ်သည့် ရေမွန်၏ သတင်းနှင့် ပတ်သက်၍ Idiots ၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း “မျှော်လင့်မထားတဲ့ သတင်းဆိုးတခုကို ကျနော်တို့ ကြုံလိုက်ရပြီဗျာ။ ကျနော်တို့ရဲ့ Raymond ဘဝတပါးသို့ ကူးပြောင်းသွားပါပြီ။ စိတ်ထားကောင်းတဲ့ Raymond ကောင်းမွန်တဲ့ဘုံဘဝ ရောက်မှာပါ။သူငယ်ချင်း Rest In Power Brother” ဟု ရေးသားထားသည်။

အဆိုတော်ရေမွန်ရဲ့ ငယ်ဘဝပုံရိပ်အမှတ်တရ လေးတွေကို ဖော်ပြလိုက်ပါတယ်။