Daily News

တပ်ပိုင် ခြူးလေး၊ ဖြူဖြူထွေး၊ နေဆန်း တို့နှင့် စီးပွားရေးလုပ်ငန်းရှင်များ လက်တွဲဖြုတ်ပြီ

ဒီရက်ပိုင်းအတွက် Social -P နှင့်ပတ်သတ်ပြီးပြည်သူလူထုများက ဖိအားပေး လုပ်ဆောင်လာကြတာတွေ့ရပါတယ်။ထိထိရောက်ရောက်လုပ်နိူင်တာတွေ့ရပြီး လုပ်ငန်ရှင်းများကလည်း တောင်းဆိုချက်ကိုလိုက်လျောပေးပြီးဖြုတ်ချပေးနေကြတာပဲဖြစ်ပါတယ်။

MRTV သရုပ်ဆောင်ခြူးလေးနဲ့ပတ်သတ်ပြီးတောင်းဆိုခဲ့ကြတာကြောင့် လုပ်ငန်းရှင်များက မပတ်သတ်တော့ကြောင်းနဲ့ အလုပ်လုပ်ထားသည့်အရားများကိုဖြုတ်ချပေးခဲ့ပြီးလို့ ပြည်သူလူထုကိုအသိပေးခဲ့ပါတယ်။

ရိုက်ကူးထားသည့် လုပ်ငန်းရှင်များက ပရိတ်များတောင်းဆိုချက်အရ နေဆန်းနှင့် ရိုက်ကူးခဲ့သည့် ကြော်ငြာများ ပိုစတာများကို ဖျက်ခဲ့ပေးပြီးဖြစ်ကြောင်းတောင်းပန်စာများရေးသားခဲ့ကြပါသည်။

နေဆန်းအပါအဝင် ဖြူဖြူထွေးဟာလည်း ယနေညတွင် ကြော်ငြာများဖြုတ်ချခံခဲ့ရပါတယ်။ ဖြူဖြူထွေးဟာ အခုရက်ပိုင်းတွင် ကင်းမရွာအလှူတွင် live လွင့်ခဲ့တာကြောင့်ပရိတ်တော်တော်များရဲ့ ဝေဖန်ခြင်းခံရပါတယ်။ Video တင်တဲ့သည့် ဟာကိုလည်းပြန်ဖျက်ပေးဖို့တောင်းဆိုခဲ့ကြပေမဲ့ ပြန်ဖျက်ပေးခဲ့တာမျိူးမရှိခဲ့ပါဘူး။

ဒါ့အပြင် Social Influencer တစ်ဦးဖြစ်သည့် ဖြူဖြူထွေးသည် ကင်းမရွာအတွက် အလှူတန်းလုပ်မှုကို တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်ခဲ့၍ စားသုံးသူအများသပိတ်မှောက်ရေးလှုံ့ဆော်မှုနှင့်ကြုံရပြီးနောက် ဆမ်ဆောင်း (Samsaung) အပါအဝင် ကုမ္ပဏီအမှတ်တံဆိပ် ၂၀က သူနှင့်ကြော်ငြာမရိုက်တော့ပါဟု ထုတ်ဖော်ပြောဆိုလာကြသည်။

Samsaung၊ ရွှေပြည်နန်း၊ Grand Palace Myanmar၊ Centuri Mattress, Rainbow Detergent Myanmar, Blade Dar Lay, T Home Electronics, Vigo Instant Cereal Drink, New V- Rohto၊ Sunday၊ ပန်းလေးမေမေ၊ ဦးကာက ဒေါ်စိန်လက်ဖက်စတဲ့ကုန်အမှတ်တံဆိပ်များပါဝင်သည်ကို ၎င်းတို့ကလူမှုကွန်ရက်တွင် ကြေညာခြင်း သို့မဟုတ် မှတ်ချက်ပြုပြောဆိုခြင်းများမှတဆင့် သိရသည်။

ထို့နောက် လူမှုကွန်ယက်အသုံးပြုသူများက သူမနှင့် လက်တွဲလုပ်ဆောင်ခဲ့ဖူးသော ကုမ္ပဏီများ၏ လူမှုကွန်ယက်စာမျက်နှာ၊ ပို့စ်တွေ အောက်မှာ ဖြူဖြူထွေးနှင့်လမ်းခွဲရန်၊ ယခင်လုပ်ဆောင်ခဲ့သော ကြော်ငြာများ၊ ပိုစတာများကို ဖျက်ပေးရန်နှင့် မဖျက်ပေးလျှင် ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို သပိတ်မှောက်မည်ဟု ရေးသားလာကြသဖြင့် ကုမ္ပဏီများ၏ကြေညာချက်များထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ Crd