Daily News
ပြည်သူ့​ အဆိုတော် ရေမွန် သေဆုံးရခြင်းရဲ့ အဖြစ်မှန်ကို နိုဗန်ထူးမှ ဖြေရှင်းပြောကြား
ပြည်သူ့​ အဆိုတော် ရေမွန် သေဆုံးရခြင်းရဲ့ အဖြစ်မှန်ကို နိုဗန်ထူးမှ ဖြေရှင်းပြောကြား
ယနေ့မှာပဲ ပြည်သူတွေရဲ့ အချစ်တော် ၊ စကစကို ဆန်ကျင်နေသူ အဆိုတော် ရေမွန် ရုတ်တရက် သေဆုံးတာနဲ့ပတ်သက်ပြီး ကောလာဟလတွေ ထွက်နေသလိုမဟုတ်ပဲ ငှက်ဖျားရောဂါနဲ့ သာကွယ်လွန်တာ ဖြစ်တယ်လို့ သူနဲ့အတူနေ ဂီတညီအကို နိုဗန်ထူးက ပြောလာခဲ့ပါတယ်။
” ရေမွန်က တရှောင်ရှောင်ဖြစ်နေတာတော့ နည်းနည်းကြာနေပြီ၊ ဒီနေ့မနက် မှ ရုတ်တရက် ဖြစ်သွားတာ။ မနက်ကတော်တော်နဲ့ မနိုးတော့ ပထမ အိပ်နေတယ် ထင်သေးတယ်။ သိတဲ့အချိန်မှာ အသက်ကယ်ဖို့ကြိုးစားကြပေမယ့်အချိန်မမှီတော့ဘူး ။ အနားမှာ ရဲဘော်ရဲဘက်ဘော်ဒါတွေလည်း ရှိတယ်။ အပြင်မှာ ပြောနေကြတဲ့ ကောလာဟလတွေလို လုံးဝ မဟုတ်ပါဘူးလို့ နိုဗန်ထူးက ပြောပါတယ် ။
ရေမွန်နဲ့အတူ နိုဗန်ထူးတို့လူငယ်တွေဟာစ်အုပ်စုရဲ့ တရားမဝင်အာဏာသိမ်းမှုကို လက်မခံကြပဲ ၊ မြို့ပြဆန္ဒပြပွဲတွေကနေတဆင့် လွတ်မြောက်နယ်မြေကို အတူတူရောက်လာကြတာ ဖြစ်ပါတယ်။ရေမွန်ရဲ့ စျာပန အစီအစဥ်ကိုဘယ်လိုကျင်းပမယ်ဆိုတာကိုတော့ မိသားစုဝင်တွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။
Zawgyi