CELEBRITY NEWS Knowledge

မိန်းကလေးတစ်ဦးလို ပြင်ဆင်ချယ်သပြီး Instagramမှာ နာမည်ကြီလာတဲ့ ၁၂နှစ်အရွယ်ကောင်လေး မိဘများကို အိမ်ဝယ်ပေးနိုင်ခဲ့

ထိုင်းနိုင်ငံမှ ကောင်လေးတစ်ဦး၏ အသက်၁၂သာရှိသေးသော်လည်း ကိုယ်ပိုင်ဝင်ငွေဖြင့် မိသားစုကို အိမ်တစ်လုံး ဝယ်ပေးနိုင်ခဲ့ပြီဖြစ်သည်။

ကောင်လေးဟာ ငယ်စဉ် ကလေးဘဝကတည်းကပင် မိတ်ကပ်လိမ်းရသည်ကို ဝါသပါသူတစ်ဦးဖြစ်ပြီး ယခုအချိန်တွင် ဝါသနာပါသော အလုပ်အကိုင်ဖြင့် ဝင်ငွေကောင်းအောင် ရရှိနေပြီဖြစ်ပါတယ်။

ထို၁၂အရွယ်ထိုင်းနိုင်ငံကကောင်လေးဟာဆိုရင်
ဝါသနာပါရာကိုလုပ်ကိုင်ရင်း ဝင်ငွေကောင်းတဲ့အလုပ်တစ်ခုရှိတဲ့ ဘဝလေးကိုပိုင်နိုင်နေပါပြီ

ကောင်လေး၏ instagram အကောင့်တွင် follower ပေါင်း နှစ်သိန်းကိုးသောင်းကျော်ရှိပြီး ပရိတ်သတ်အခိုင်အမာရရှိကာ အောင်မြင်နေသူဘဲ ဖြစ်ပါတယ်။

ကောင်လေးကို ကျောင်းနေဖက် သူငယ်ချင်းများက လှောင်ပြောင်ကြသော်လည်း ကောင်လေးဟာ ဂရုမစိုက်ပဲ အလုပ်ကို အောင်မြင်စွာ လုပ်ကိုင်နေခြင်းပဲ ဖြစ်ပါတယ်။




