Daily News

အဆိုတော် ရေမွန် တောထဲတွင် ဆုံးပါးသွားကြောင်း Idiots အဖွဲ့ အတည်ပြု ထုတ်ပြန်

အဆိုတော် ရေမွန် တောထဲတွင် ဆုံးပါးသွားကြောင်း Idiots အဖွဲ့ အတည်ပြု ထုတ်ပြန်

ပရိသတ်ချစ်တော် idiot အဖွဲ့မှ အဆို တော် ရေမွန် တောထဲတွင် ဆုံးပါးသွားကြောင်း idiot အဖွဲ့ရဲ့ facebook page က ယခုပဲ တည်ပြု ကြေငြာသွားခဲ့ပါတယ်။ ဆုံးပါးသွားတဲ့ အ ကြောင်းရင်းက တော့ ငှက်ဖျားရောဂါ ကြောင့်ဟု ကနဦးသိရှိရပြီး နောက်ဆက်တွဲ အ ကြောင်းရာများကိုလည်း ဆက်လက်စုံစမ်းနေကြောင်းလည်း သိရှိရပါတယ်။

idiot အဖွဲ့ page မှာ ရေးထားတာကတော့

“မျှော်လင့်မထားတဲ့ သတင်းဆိုးတစ်ခုကို ကျွန်တော်တို့ကြုံလိုက်ရပီဗျာ။ ကျွန်တော်တို့ရဲ့ Raymond ဘဝတစ်ပါးသို့ကူးပြောင်းသွားပါပီ။ စိတ်ထားကောင်းတဲ့Raymond… ကောင်းမွန်တဲ့ဘုံဘဝရောက်မှာပါ သူငယ်ချင်း  Rest In Power Brother ” ဆိုပြီးရေးထားတာပဲဖြစ်ပါတယ်။ သူ့သီချင်းတွေကို အရမ်းကြိုက်တဲ့ ပရိသတ်တွေက တော့ comment မှာ ယူကြုံးမရ အောင်ကိုဖြစ်နေရပါတယ်။ ပရိသတ်ကြီးနဲ့အတူ ထပ်တူ ဝမ်းနည်းခံစားရပါတယ်။

Zawgyi




