KNOWLEDGE

အစ္စရေးနိုင်ငံက ဂုဏ်ပြုထားတဲ့ ဘားမားလမ်း (Burma Road)

အစ္စရေးနိုင်ငံက ဂုဏ်ပြုထားတဲ့ ဘားမားလမ်း (Burma Road)

စာဖတ်ပရိတ်သတ်တို့အတွက် နာမည်ကိုကြားယုံနဲ့တင် စိတ်ဝင်စားစရာဖြစ်ပြီး တည်ရှိနေတဲ့အရပ်ကလည်း ကျွန်တော်တို့နဲ့ ရေမြေတောတောင်တွေသာမက ယဉ်ကျေးမှု၊ဓလေ့ထုံးစံ အမတန်ကွဲပြားတဲ့ အရပ်ဒေသဖြစ်တာကြောင့် အစ္စရေးနိုင်ငံမှာရှိတဲ့ ဘားမားလမ်း (Burma Road)ရဲ့အကြောင်းကို ဗဟုသုတအနေနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်။

တကယ်တော့ ဒီလမ်းဟာ အစ္စရေးနိုင်ငံတွင်းက Kibbutz နဲ့ Jerusalem အကြားကလမ်းလွှဲတစ်ခုသာဖြစ်ပြီး အစ္စရေးဗိုလ်ချုပ်ကြီး Mickey Marcus ဆိုသူက (၁၉၄၈)ခုနှစ် ဂျေရုဆလင် ကို အခြေပြုပြီး အစ္စရေးနိုင်ငံအဖြစ်စတင်တည်ထောင်နေချိန်ကတည်းကဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ လမ်းရဲ့နာမည်ကတော့ မြန်မာနိုင်ငံနဲ့ တိုက်ရိုက်ပတ်သက်ခြင်းမရှိပဲ တရုတ်နိုင်ငံအနောက်တောင်ဘက်ပိုင်းက ယူနန်ပြည်နယ်၊ကူမင်းနဲ့ မြန်မာနိုင်ငံတွင်း ရှမ်းပြည်နယ်၊လားရှိုးမြို့တို့ကို ဆက်သွယ်ပေးထားတဲ့ နာမည်ကျော် Burma Road ကိုယူပြီး ဘားမားလမ်း လို့ခေါ်စေခဲ့တာ ဖြစ်ပြီး ယနေ့အချိန်ထိ ယင်းနာမည်နဲ့ပဲ တည်ရှိနေဆဲဖြစ်ပါတယ်။

တရုတ်နဲ့မြန်မာနယ်စပ်မှာရှိတဲ့ယင်းလမ်းမကြီးဟာ မြန်မာနိုင်ငံကို ဂျပန်တွေသိမ်းပိုက်ထားစဉ်ကာလအတွင်းမှာပဲ ဖောက်လုပ်ခဲ့တာဖြစ်ပြီး (၇၁၇) မိုင်ရှည်လျားကာ မြန်မာနဲ့ တရုတ်လူမျိုးလုပ်သား (၂)သိန်းကျော်လောက်ကိုအသုံးပြုပြီး တည်ဆောက်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာလမ်းကြောင်းသုံးလမ်းမကြီးတစ်ခုဖြစ်ပါတယ်။

ဘားမားလမ်း (Burma Road)ဖြစ်ပေါ်လာပုံသမိုင်း (၁၉၄၈)ခုနှစ် ပါလက်စတိုင်းတိုက်ပွဲကာလအတွင်းက အာရပ်တပ်တွေဟာ ဂျေရုဆလင် ကိုအပေါ်စီးကနေ နေရာယူနိုင်တဲ့ Sha’ar HaGai နဲ့ Al-Qastal အကြားမှာရှိတဲ့တောင် ကုန်းတွေကို ထိန်းချုပ်ထားခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ဂျူးတွေကို အရပ်မျက်နှာစုံကနေဝိုင်းထားပြီး ဂျူးပြည်သူတွေအတွက်အထောက်အပံ့တွေကို ဖြတ်တောက်ဖို့ဖြစ်ပါတယ်။

အထူးသဖြင့်စစ်ပန်းပြီး စားနပ်ရိက္ခာ၊လက်နက်လိုအပ်ချက်များစွာရှိတဲ့ ဂျေရုဆလင်ဟာ Yishuv နဲ့အခြားသောမဟာမိတ်တွေဆီကနေ ရေ၊ဓာတ်ဆီ၊ စားသောက်ကုန်နဲ့ စစ်လက်နက်ပစ္စည်းတွေအထူးလိုအပ်နေတဲ့ အချိန်ဖြစ်ပါတယ်။ အရပ်ရပ်ကနေ ဂျေရုဆလင်ဆီ ကုန်းလမ်းကနေပေးပို့ ကူညီမှုအားလုံးဟာလည်း အာရပ်တပ်တွေရဲ့ဖြတ်တောက် တိုက်ခိုက်ခြင်းကိုခံနေရတဲ့ အနေအထားဖြစ်ပါတယ်။ အစ္စရေးရဲ့တင့်ကားတပ်တွေနဲ့ ကြည်းတပ်တွေက ယင်းဆက်သွယ်ရေးလမ်းမကိုစိုးမိုးမိုးကြိုးစားခဲ့ပေမဲ့ အချိန့်အကန့်အသတ်ရှိတဲ့အပြင် နေရာကောင်း ပစ်ကွင်းကောင်းကနေခြေကုပ်ယူထားတဲ့ အာရပ်တပ်တွေကိုဖောက်ထွက်နိုင် ခြင်းတော့မရှိခဲ့ပါဘူး။

ဒီအတွက် လျို့ဝှက်ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကိုဖော်ဆောင်ဖို့ကြိုးစားရာကနေ Burma Road ဆိုတာ ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ အစ္စရေးနိုင်ငံတွင်းက Burma Road ဟာ ပါလက်စတိုင်းကျေးရွာဖြစ်တဲ့ Dayr Muhaysin အရှေဘက် (ယခုအစ္စရေးပိုင် Moshav Beko’a) ကနေ Bayt Jiz နဲ့ Bayt Susin ကျေးရွာ တွေကိုဖြတ်သန်းပြီး ယခု Highway 38 လမ်းမကြီးကိုဖြတ်သန်းကာဖောက်လုပ်ကာ ယင်းကနေ ဂျေရုဆလင်လမ်းဟောင်းအတိုင်းဆက်သွယ်ထားခဲ့တာဖြစ်ပါတယ်။

လမ်းဖောက်လုပ်ရာမှာတော့ ပထဝီဝင်အနေအထားအရ မက်စောက်တဲ့ကျောက်သား တွေကိုဖြတ်သန်းဖောက်လုပ်ရတာဖြစ်ပြီး လုပ်သားပေါင်း (၂၀၀)လောက်ဟာ (၄၅) ပေါင်အလေးချိန်ရှိတဲ့ ပေါင်တူတွေကိုအသုံးပြုပြီး (၃)ညဆက်တိုက်မနားမနေလုပ် ဆောင်ခဲ့ရတဲ့ လမ်းအပိုင်းတွေလည်းပါဝင်နေတယ်လို့သိရပါတယ်။စတင်ဖောက်လုပ် တဲ့အချိန်ကနေပြီး ရက်သတ္တပတ်(၃)ပတ်ကြာမြင့်ချိန်မှာတော့ Burma Road ရဲ့အကြမ်းတမ်း၊အမက်စောက်ဆုံးသော အပိုင်းတွေအထိ မော်တော်ယာဉ်တွေမောင်းနှင်လာနိုင်ခဲ့ ပြီး ရေနံနဲ့သောက်ရေသယ်ပို့တဲ့ လျို့ဝှက်ပိုက်လိုင်းတွေကို ဂျေရုဆလင်အထိတိုင်အောင် ယင်းလမ်းရဲ့ဘေးနံတစ်လျှောက် မြုပ်နှံခဲ့ကြပါတယ်။

ဒါကြောင့် ဘားမားလမ်းဟာ အစ္စရေးကို ကယ်ဆယ်ခဲ့တဲ့ လမ်းဆိုရင်လည်း မမှားပါဘူး။ (၁၉၆၆)ခုနှစ်ကရုံတင်တဲ့ ဗိုလ်ချုပ်ကြီး Mickey Marcus ရဲ့ဘဝဇာက်ကြောင်းရိုက်ကူးတဲ့ ရုပ်ရှင် Cast a Giant Shadow အမည်ရရုပ်ရှင်မှာတော့ Burma Road ရဲ့အဓိကလမ်း ပိုင်းတွေတည်ဆောက်မှုလုပ်ငန်းအကြောင်းကိုထည့်သွင်းပြသခဲ့ပါတယ်။ ဒါအပြင် (၂၀၀၆) ခုနှစ်ကရုံတင်ခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ Elie Chouraqui ရိုက်ကူးတဲ့ O Jerusalem အမည်ရရုပ်ရှင်ကားမှာဆိုရင်လည်း ခက်ခဲတဲ့ အခြေအနေမှာရှိနေတဲ့ ဂျေရုဆလင်သားတွေအတွက် အစားအသောက်၊ ရေနဲ့ ဆေးဝါးကို အဓိကနေရာကသယ် ဆောင်ထောက်ပံ့ပေးခဲ့တဲ့ ဘားမားလမ်း (Burma Road) ဘယ်လိုဖြစ်လာရကြောင်းကို တင်ပြရိုက်ကူးထားတဲ့ အခန်းတွေပါဝင်နေပါတယ်။

မူရင်း – သုတဇုန်

Zawgyi

အစၥေရးနိုင္ငံက ဂုဏ္ျပဳထားတဲ့ ဘားမားလမ္း (Burma Road)

စာဖတ္ပရိတ္သတ္တို႔အတြက္ နာမည္ကိုၾကားယုံနဲ႕တင္ စိတ္ဝင္စားစရာျဖစ္ၿပီး တည္ရွိေနတဲ့အရပ္ကလည္း ကြၽန္ေတာ္တို႔နဲ႕ ေရေျမေတာေတာင္ေတြသာမက ယဥ္ေက်းမႈ၊ဓေလ့ထုံးစံ အမတန္ကြဲျပားတဲ့ အရပ္ေဒသျဖစ္တာေၾကာင့္ အစၥေရးနိုင္ငံမွာရွိတဲ့ ဘားမားလမ္း (Burma Road)ရဲ႕အေၾကာင္းကို ဗဟုသုတအေနနဲ႕မွ်ေဝေပးျခင္းျဖစ္ပါတယ္။

တကယ္ေတာ့ ဒီလမ္းဟာ အစၥေရးနိုင္ငံတြင္းက Kibbutz နဲ႕ Jerusalem အၾကားကလမ္းလႊဲတစ္ခုသာျဖစ္ၿပီး အစၥေရးဗိုလ္ခ်ဳပ္ႀကီး Mickey Marcus ဆိုသူက (၁၉၄၈)ခုႏွစ္ ေဂ်႐ုဆလင္ ကို အေျချပဳၿပီး အစၥေရးနိုင္ငံအျဖစ္စတင္တည္ေထာင္ေနခ်ိန္ကတည္းကေဖာက္လုပ္ခဲ့တာျဖစ္ပါတယ္။ လမ္းရဲ႕နာမည္ကေတာ့ ျမန္မာနိုင္ငံနဲ႕ တိုက္ရိုက္ပတ္သက္ျခင္းမရွိပဲ တ႐ုတ္နိုင္ငံအေနာက္ေတာင္ဘက္ပိုင္းက ယူနန္ျပည္နယ္၊ကူမင္းနဲ႕ ျမန္မာနိုင္ငံတြင္း ရွမ္းျပည္နယ္၊လားရွိုးၿမိဳ႕တို႔ကို ဆက္သြယ္ေပးထားတဲ့ နာမည္ေက်ာ္ Burma Road ကိုယူၿပီး ဘားမားလမ္း လို႔ေခၚေစခဲ့တာ ျဖစ္ၿပီး ယေန႕အခ်ိန္ထိ ယင္းနာမည္နဲ႕ပဲ တည္ရွိေနဆဲျဖစ္ပါတယ္။

တ႐ုတ္နဲ႕ျမန္မာနယ္စပ္မွာရွိတဲ့ယင္းလမ္းမႀကီးဟာ ျမန္မာနိုင္ငံကို ဂ်ပန္ေတြသိမ္းပိုက္ထားစဥ္ကာလအတြင္းမွာပဲ ေဖာက္လုပ္ခဲ့တာျဖစ္ၿပီး (၇၁၇) မိုင္ရွည္လ်ားကာ ျမန္မာနဲ႕ တ႐ုတ္လူမ်ိဳးလုပ္သား (၂)သိန္းေက်ာ္ေလာက္ကိုအသုံးျပဳၿပီး တည္ေဆာက္ခဲ့တဲ့ စစ္ဘက္ဆိုင္ရာလမ္းေၾကာင္းသုံးလမ္းမႀကီးတစ္ခုျဖစ္ပါတယ္။

ဘားမားလမ္း (Burma Road)ျဖစ္ေပၚလာပုံသမိုင္း (၁၉၄၈)ခုႏွစ္ ပါလက္စတိုင္းတိုက္ပြဲကာလအတြင္းက အာရပ္တပ္ေတြဟာ ေဂ်႐ုဆလင္ ကိုအေပၚစီးကေန ေနရာယူနိုင္တဲ့ Sha’ar HaGai နဲ႕ Al-Qastal အၾကားမွာရွိတဲ့ေတာင္ ကုန္းေတြကို ထိန္းခ်ဳပ္ထားခဲ့ပါတယ္။ ရည္႐ြယ္ခ်က္ကေတာ့ ဂ်ဴးေတြကို အရပ္မ်က္ႏွာစုံကေနဝိုင္းထားၿပီး ဂ်ဴးျပည္သူေတြအတြက္အေထာက္အပံ့ေတြကို ျဖတ္ေတာက္ဖို႔ျဖစ္ပါတယ္။

အထူးသျဖင့္စစ္ပန္းၿပီး စားနပ္ရိကၡာ၊လက္နက္လိုအပ္ခ်က္မ်ားစြာရွိတဲ့ ေဂ်႐ုဆလင္ဟာ Yishuv နဲ႕အျခားေသာမဟာမိတ္ေတြဆီကေန ေရ၊ဓာတ္ဆီ၊ စားေသာက္ကုန္နဲ႕ စစ္လက္နက္ပစၥည္းေတြအထူးလိုအပ္ေနတဲ့ အခ်ိန္ျဖစ္ပါတယ္။ အရပ္ရပ္ကေန ေဂ်႐ုဆလင္ဆီ ကုန္းလမ္းကေနေပးပို႔ ကူညီမႈအားလုံးဟာလည္း အာရပ္တပ္ေတြရဲ႕ျဖတ္ေတာက္ တိုက္ခိုက္ျခင္းကိုခံေနရတဲ့ အေနအထားျဖစ္ပါတယ္။ အစၥေရးရဲ႕တင့္ကားတပ္ေတြနဲ႕ ၾကည္းတပ္ေတြက ယင္းဆက္သြယ္ေရးလမ္းမကိုစိုးမိုးမိုးႀကိဳးစားခဲ့ေပမဲ့ အခ်ိန႔္အကန႔္အသတ္ရွိတဲ့အျပင္ ေနရာေကာင္း ပစ္ကြင္းေကာင္းကေနေျခကုပ္ယူထားတဲ့ အာရပ္တပ္ေတြကိုေဖာက္ထြက္နိုင္ ျခင္းေတာ့မရွိခဲ့ပါဘူး။

ဒီအတြက္ လ်ိဳ႕ဝွက္ဆက္သြယ္ေရးလမ္းေၾကာင္းတစ္ခုကိုေဖာ္ေဆာင္ဖို႔ႀကိဳးစားရာကေန Burma Road ဆိုတာ ျဖစ္ေပၚလာရတာျဖစ္ပါတယ္။ အစၥေရးနိုင္ငံတြင္းက Burma Road ဟာ ပါလက္စတိုင္းေက်း႐ြာျဖစ္တဲ့ Dayr Muhaysin အေရွဘက္ (ယခုအစၥေရးပိုင္ Moshav Beko’a) ကေန Bayt Jiz နဲ႕ Bayt Susin ေက်း႐ြာ ေတြကိုျဖတ္သန္းၿပီး ယခု Highway 38 လမ္းမႀကီးကိုျဖတ္သန္းကာေဖာက္လုပ္ကာ ယင္းကေန ေဂ်႐ုဆလင္လမ္းေဟာင္းအတိုင္းဆက္သြယ္ထားခဲ့တာျဖစ္ပါတယ္။

လမ္းေဖာက္လုပ္ရာမွာေတာ့ ပထဝီဝင္အေနအထားအရ မက္ေစာက္တဲ့ေက်ာက္သား ေတြကိုျဖတ္သန္းေဖာက္လုပ္ရတာျဖစ္ၿပီး လုပ္သားေပါင္း (၂၀၀)ေလာက္ဟာ (၄၅) ေပါင္အေလးခ်ိန္ရွိတဲ့ ေပါင္တူေတြကိုအသုံးျပဳၿပီး (၃)ညဆက္တိုက္မနားမေနလုပ္ ေဆာင္ခဲ့ရတဲ့ လမ္းအပိုင္းေတြလည္းပါဝင္ေနတယ္လို႔သိရပါတယ္။စတင္ေဖာက္လုပ္ တဲ့အခ်ိန္ကေနၿပီး ရက္သတၱပတ္(၃)ပတ္ၾကာျမင့္ခ်ိန္မွာေတာ့ Burma Road ရဲ႕အၾကမ္းတမ္း၊အမက္ေစာက္ဆုံးေသာ အပိုင္းေတြအထိ ေမာ္ေတာ္ယာဥ္ေတြေမာင္းႏွင္လာနိုင္ခဲ့ ၿပီး ေရနံနဲ႕ေသာက္ေရသယ္ပို႔တဲ့ လ်ိဳ႕ဝွက္ပိုက္လိုင္းေတြကို ေဂ်႐ုဆလင္အထိတိုင္ေအာင္ ယင္းလမ္းရဲ႕ေဘးနံတစ္ေလွ်ာက္ ျမဳပ္ႏွံခဲ့ၾကပါတယ္။

ဒါေၾကာင့္ ဘားမားလမ္းဟာ အစၥေရးကို ကယ္ဆယ္ခဲ့တဲ့ လမ္းဆိုရင္လည္း မမွားပါဘူး။ (၁၉၆၆)ခုႏွစ္က႐ုံတင္တဲ့ ဗိုလ္ခ်ဳပ္ႀကီး Mickey Marcus ရဲ႕ဘဝဇာက္ေၾကာင္းရိုက္ကူးတဲ့ ႐ုပ္ရွင္ Cast a Giant Shadow အမည္ရ႐ုပ္ရွင္မွာေတာ့ Burma Road ရဲ႕အဓိကလမ္း ပိုင္းေတြတည္ေဆာက္မႈလုပ္ငန္းအေၾကာင္းကိုထည့္သြင္းျပသခဲ့ပါတယ္။ ဒါအျပင္ (၂၀၀၆) ခုႏွစ္က႐ုံတင္ခဲ့တဲ့ ျပင္သစ္ဒါရိုက္တာ Elie Chouraqui ရိုက္ကူးတဲ့ O Jerusalem အမည္ရ႐ုပ္ရွင္ကားမွာဆိုရင္လည္း ခက္ခဲတဲ့ အေျခအေနမွာရွိေနတဲ့ ေဂ်႐ုဆလင္သားေတြအတြက္ အစားအေသာက္၊ ေရနဲ႕ ေဆးဝါးကို အဓိကေနရာကသယ္ ေဆာင္ေထာက္ပံ့ေပးခဲ့တဲ့ ဘားမားလမ္း (Burma Road) ဘယ္လိုျဖစ္လာရေၾကာင္းကို တင္ျပရိုက္ကူးထားတဲ့ အခန္းေတြပါဝင္ေနပါတယ္။

မူရင္း – သုတဇုန္