AMAZING

သာမန်သရက်သီးလို့ပဲ ထင်ပြီး စိုက်ခဲ့မိရာမှ ကမ္ဘာ့စျေးအကြီးဆုံးသရက်မျိုးဖြစ်နေလို့ သူခိုး၊ဓားပြ ကြောက်နေတဲ့ အဖြစ်

သာမန်သရက်သီးလို့ပဲ ထင်ပြီး စိုက်ခဲ့မိရာမှ ကမ္ဘာ့စျေးအကြီးဆုံးသရက်မျိုးဖြစ်နေလို့ သူခိုး၊ဓားပြ ကြောက်နေတဲ့ အဖြစ်

အိန္ဒိယနိုင်ငံကအဖြစ်ပျက်လေးတစ်ခုပါ။ တောင်သူတစ်ဦးဟာ သာမန်သရက်လို့ထင်ပြီး စိုက်ပျိုးခဲ့မိရာမှ ကမ္ဘာ့စျေးအကြီးဆုံး သရက်ဖြစ်နေလို့  အခုဆို မသမာသူတွေလက်ထဲ ရောက်မှာကို စိတ်မချ ဖြစ်နေပါသတဲ့။ အခုဆို ဒီအပင်မသေအောင် ဂရုစိုက်ဖို့ရယ်၊ ကာကွယ်ပေးမယ့်သူတွေရယ် လိုအပ်နေတယ်လို့ ဆိုလာပါတယ်။

တောင်သူရဲ့ အမည်ကတော့ Sankalp Singh Parihar ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ချန်နိုင်းကို ရထားနဲ့ခရီးထွက်စဉ်၊ ခရီးဖော်တစ်ယောက်က အထူးသရက်မျိုး ယူမလား၊ တစ်စေ့ကို ရူပီး (၂၅၀၀)ဆိုပြီး ရောင်းပါသတဲ့။ Parihar လည်း အလောင်းအစား သဘောထားပြီး အဆိုပါ သရက်စေ့ကို မျက်စိမှိတ် ဝယ်လာတယ်လို့ ဆိုပါတယ်။

သူက Vice သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ” ကျွန်တော်ကတော့ ဒီသရက်က ဘာမျိုးလည်းဆိုတာ သေချာမသိဘူး ။ ကျွန်တော့်ဘာသာ နာမည်ကို Damini လို့ ပေးထားတယ်။ အမေစိုက်ပေးတာမို့ အမေ့နာမည် ပေးလိုက်တာ “လို့ ပြောပါတယ်။ သူက ဆက်လက်ပြီး ” သာမန်အပင်အတိုင်း ဂရုစိုက်တာပါ။ လအနည်းငယ်ကြာတော့ အနီရောင်လေးတွေ ဖြစ်လာတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကတည်းက ငွေအမြောက်အများပေးပြီး ကမ်းလှမ်းမှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။ ဒီလိုပဲ တချို့က အပင်ကို စျေးနှုန်းမြင့်မြင့်မားမားပေးပြီး ကမ်းလှမ်းတာမျိုးလည်း ရှိပါသတဲ့။ လူတစ်ယောက်က အဲဒီအပင်ကို ဒေါ်လာ(၃၀၀)အထိပေးပြီး ကမ်းလှမ်းတယ်လို့ ဆိုပါတယ်။ ဒါက ရေတိုမှာ များတဲ့ပမာဏဆိုသော်လည်း ရေရှည်မှာတော့ ပြောပလောက်တဲ့ ပမာဏ မဟုတ်ပါဘူး။

အခု Parihar စိုက်ပျိုးခဲ့တဲ့ သရက်ပင်ဟာ Miyazaki လို့ခေါ်တဲ့ သရက်မျိုးဖြစ်ပါတယ်။ ဒီအမည်ဟာ မူလထွက်ပေါ်တဲ့ ဂျပန်ကမြို့တစ်မြို့ကိုအကြောင်းပြု ဒေသကိုလိုက်ပြီး မှည့်ထားတဲ့အမည်ပါ။  သရက်သီးတစ်လုံးရဲ့ပျမ်းမျှအလေးချိန်ဟာ (၃၅၀)ဂရမ်အထိ ရှိတတ်ပါတယ်။ သာမန်သရက်သီးတွေထက် Beta-carotene နဲ့ ဖောလစ်အက်စစ် ပိုပြီးကြွယ်ဝပါသတဲ့။

ဂျပန်မှာဆိုရင် မီယာဇာကီသရက်သီးကို လေလံတင်ရောင်းချသည်အထိ လူကြိုက်များပါတယ်။ အပင်ကို ပြုစုပျိုးထောင်တဲ့အခါ သာမန်အပင်တွေနဲ့ မတူတာက သရက်သီးပင်ကို လေတိုက်ရိုက်မထိအောင် ပိုက်ကွန်တွေနဲ့ ကာရတယ်လို့ ဆိုပါတယ်။ ဒီလို ကာကွယ်ခြင်းအားဖြင့် သရက်သီးမှာပါတဲ့ သကြားဓာတ်ကို မလျှော့စေလို့ ပိုပြီး ချိုတယ်၊ မွှေးတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် Parihar ကတော့ သူ့အဖို့ ဒီသရက်ပင်ကို အဲဒီလိုတွေ လုပ်ဖို့မလိုဘူးလို့ ယူဆတယ်လို့ ပြောပါတယ်။ အိန္ဒိယရဲ့မြေသြဇာကောင်းမွန်မှုက ဒီသရက်ပင်အတွက် အကြိုက်ဖြစ်စေမယ်လို့လည်း ယူဆပါသတဲ့။ ဒါပေမယ့် သရက်ခြံကို သူခိုးက အကြိမ်ကြိမ်ကပ်နေလို့ ယုံကြည်ရတဲ့ လူစောင့်တွေ ထားထားရတယ်လို့ ပြောပါတယ်။

သူက ” ပြီးခဲ့တဲ့နှစ်က ဒေသခံမီဒီယာက ကျွန်တော့်သရက်ပင်အကြောင်း လွှင့်တော့ သူခိုးက သရက်သီး (၁၄)လုံး ခိုးသွားတယ် … အခုဆို ခြံစောင့်အဖွဲ့ငှားထားရပြီး တစ်ယောက်ကို ရူပီး(၈၀၀၀) ပေးထားပါတယ် … “လို့ ပြောပါတယ်။ ဒီအပင်မျိုးတွေ ဆက်တိုက်စိုက်ပျိုးဖို့ အဓိက ရည်မှန်းထားကြောင်းနဲ့ နောင်တစ်ချိန်မှာ ဒီထက်ပိုပြီး စီးပွားဖြစ်မယ်လို့ ယုံကြည်ကြောင်း သူက ဆိုပါတယ်။ Crd

Zawgyi

သာမန္သရက္သီးလို႔ပဲ ထင္ၿပီး စိုက္ခဲ့မိရာမွ ကမာၻ႔ေစ်းအႀကီးဆုံးသရက္မ်ိဳးျဖစ္ေနလို႔ သူခိုး၊ဓားျပ ေၾကာက္ေနတဲ့ အျဖစ္

အိႏၵိယနိုင္ငံကအျဖစ္ပ်က္ေလးတစ္ခုပါ။ ေတာင္သူတစ္ဦးဟာ သာမန္သရက္လို႔ထင္ၿပီး စိုက္ပ်ိဳးခဲ့မိရာမွ ကမာၻ႔ေစ်းအႀကီးဆုံး သရက္ျဖစ္ေနလို႔  အခုဆို မသမာသူေတြလက္ထဲ ေရာက္မွာကို စိတ္မခ် ျဖစ္ေနပါသတဲ့။ အခုဆို ဒီအပင္မေသေအာင္ ဂ႐ုစိုက္ဖို႔ရယ္၊ ကာကြယ္ေပးမယ့္သူေတြရယ္ လိုအပ္ေနတယ္လို႔ ဆိုလာပါတယ္။

ေတာင္သူရဲ႕ အမည္ကေတာ့ Sankalp Singh Parihar ျဖစ္ပါတယ္။ သူဟာ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က ခ်န္နိုင္းကို ရထားနဲ႕ခရီးထြက္စဥ္၊ ခရီးေဖာ္တစ္ေယာက္က အထူးသရက္မ်ိဳး ယူမလား၊ တစ္ေစ့ကို ႐ူပီး (၂၅၀၀)ဆိုၿပီး ေရာင္းပါသတဲ့။ Parihar လည္း အေလာင္းအစား သေဘာထားၿပီး အဆိုပါ သရက္ေစ့ကို မ်က္စိမွိတ္ ဝယ္လာတယ္လို႔ ဆိုပါတယ္။

သူက Vice သတင္းဌာနနဲ႕ ေတြ႕ဆုံစဥ္မွာ ” ကြၽန္ေတာ္ကေတာ့ ဒီသရက္က ဘာမ်ိဳးလည္းဆိုတာ ေသခ်ာမသိဘူး ။ ကြၽန္ေတာ့္ဘာသာ နာမည္ကို Damini လို႔ ေပးထားတယ္။ အေမစိုက္ေပးတာမို႔ အေမ့နာမည္ ေပးလိုက္တာ “လို႔ ေျပာပါတယ္။ သူက ဆက္လက္ၿပီး ” သာမန္အပင္အတိုင္း ဂ႐ုစိုက္တာပါ။ လအနည္းငယ္ၾကာေတာ့ အနီေရာင္ေလးေတြ ျဖစ္လာတယ္”လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကတည္းက ေငြအေျမာက္အမ်ားေပးၿပီး ကမ္းလွမ္းမႈေတြ ရွိလာတယ္လို႔ ဆိုပါတယ္။ ဒီလိုပဲ တခ်ိဳ႕က အပင္ကို ေစ်းႏႈန္းျမင့္ျမင့္မားမားေပးၿပီး ကမ္းလွမ္းတာမ်ိဳးလည္း ရွိပါသတဲ့။ လူတစ္ေယာက္က အဲဒီအပင္ကို ေဒၚလာ(၃၀၀)အထိေပးၿပီး ကမ္းလွမ္းတယ္လို႔ ဆိုပါတယ္။ ဒါက ေရတိုမွာ မ်ားတဲ့ပမာဏဆိုေသာ္လည္း ေရရွည္မွာေတာ့ ေျပာပေလာက္တဲ့ ပမာဏ မဟုတ္ပါဘူး။

အခု Parihar စိုက္ပ်ိဳးခဲ့တဲ့ သရက္ပင္ဟာ Miyazaki လို႔ေခၚတဲ့ သရက္မ်ိဳးျဖစ္ပါတယ္။ ဒီအမည္ဟာ မူလထြက္ေပၚတဲ့ ဂ်ပန္ကၿမိဳ႕တစ္ၿမိဳ႕ကိုအေၾကာင္းျပဳ ေဒသကိုလိုက္ၿပီး မွည့္ထားတဲ့အမည္ပါ။  သရက္သီးတစ္လုံးရဲ႕ပ်မ္းမွ်အေလးခ်ိန္ဟာ (၃၅၀)ဂရမ္အထိ ရွိတတ္ပါတယ္။ သာမန္သရက္သီးေတြထက္ Beta-carotene နဲ႕ ေဖာလစ္အက္စစ္ ပိုၿပီးႂကြယ္ဝပါသတဲ့။

ဂ်ပန္မွာဆိုရင္ မီယာဇာကီသရက္သီးကို ေလလံတင္ေရာင္းခ်သည္အထိ လူႀကိဳက္မ်ားပါတယ္။ အပင္ကို ျပဳစုပ်ိဳးေထာင္တဲ့အခါ သာမန္အပင္ေတြနဲ႕ မတူတာက သရက္သီးပင္ကို ေလတိုက္ရိုက္မထိေအာင္ ပိုက္ကြန္ေတြနဲ႕ ကာရတယ္လို႔ ဆိုပါတယ္။ ဒီလို ကာကြယ္ျခင္းအားျဖင့္ သရက္သီးမွာပါတဲ့ သၾကားဓာတ္ကို မေလွ်ာ့ေစလို႔ ပိုၿပီး ခ်ိဳတယ္၊ ေမႊးတယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ Parihar ကေတာ့ သူ႕အဖို႔ ဒီသရက္ပင္ကို အဲဒီလိုေတြ လုပ္ဖို႔မလိုဘူးလို႔ ယူဆတယ္လို႔ ေျပာပါတယ္။ အိႏၵိယရဲ႕ေျမၾသဇာေကာင္းမြန္မႈက ဒီသရက္ပင္အတြက္ အႀကိဳက္ျဖစ္ေစမယ္လို႔လည္း ယူဆပါသတဲ့။ ဒါေပမယ့္ သရက္ၿခံကို သူခိုးက အႀကိမ္ႀကိမ္ကပ္ေနလို႔ ယုံၾကည္ရတဲ့ လူေစာင့္ေတြ ထားထားရတယ္လို႔ ေျပာပါတယ္။

သူက ” ၿပီးခဲ့တဲ့ႏွစ္က ေဒသခံမီဒီယာက ကြၽန္ေတာ့္သရက္ပင္အေၾကာင္း လႊင့္ေတာ့ သူခိုးက သရက္သီး (၁၄)လုံး ခိုးသြားတယ္ … အခုဆို ၿခံေစာင့္အဖြဲ႕ငွားထားရၿပီး တစ္ေယာက္ကို ႐ူပီး(၈၀၀၀) ေပးထားပါတယ္ … “လို႔ ေျပာပါတယ္။ ဒီအပင္မ်ိဳးေတြ ဆက္တိုက္စိုက္ပ်ိဳးဖို႔ အဓိက ရည္မွန္းထားေၾကာင္းနဲ႕ ေနာင္တစ္ခ်ိန္မွာ ဒီထက္ပိုၿပီး စီးပြားျဖစ္မယ္လို႔ ယုံၾကည္ေၾကာင္း သူက ဆိုပါတယ္။ Crd