Daily News

မန္တလေးမှာ ကျောင်းထဲက ကလေးတွေကို ပြန်ခေါ်ခွင့်မရလို့ စိတ်ဆိုးနေကျတဲ့ ကျောင်းသားမိဘများ

ဒီနေ့မနက်က မန္တလေးတွင်  ဖြစ်သွားတဲ့ တိုက်ပွဲတစ်ချို့ကြောင့် ပြည်သူတွေအားလုံးက PDF တပ်ဖွဲ့ဝင်များကိုစိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဒီနေ့ဖြစ်သွားတာဟာ PDF အဖွဲ့တွေရဲ့ တည်နေရာကို ဒလန်သတင်းပေးမှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာတာကနေ တစ်ဖက်နဲ့ တစ်ဖက် ပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်သူတွေကနေ သူတို့တတ်နိုင်တဲ့ ဘက်ကနေ ထကြွပေးနေကြတာလည်း ဖြစ်ပါတယ်။

မန္တလေးမှာ ဖြစ်နေတဲ့ လက်ရှိအခြေအနေတွေကြောင့် အခြေခံပညာကျောင်းတွေမှာ တက်ရောက်နေတဲ့ ကလေးတွေကို သူတို့ရဲ့ မိဘများက စိုးရိမ်နေကြတာ ဖြစ်တဲ့အတွက် ကျောင်းပေါက်ဝများတွင် စောင့်နေကြတာ ဖြစ်ပါတယ်။

ကလေးတွေကို ပြန်ခေါ်ဖို့ တောင်းဆိုနေကြပေမယ့် ထုတ်မပေးတာကြောင့် မိဘများမှ စိတ်ပူနေတဲ့ ဓာတ်ပုံလေးတစ်ပုံဟာ လူမှုကွန်ယက်တွင် အတော်လေးကို ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

ဒီဓာတ်ပုံလေးကို ပြန်လည်ဝေမျှပြီးပြည်သူတစ်ချို့မှ သူတို့ရဲ့ ခံစားချက်တွေကို ရေးသားနေကြတာကိုလည်း မြင်တွေ့ရပါတယ်။

မကြာသေးခင် မိနစ်ပိုင်းလောက်က မော်ဒယ် ဟန်လင်းရဲ့လူမှုကွန်ယက်တွင်လည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ယူဆချက်တွေကို အခုလိုရေးသားပြောပြထားတာ ဖြစ်ပါတယ်။

” တွေ့ တယ် နော်ပစ်ကြ ခတ် ကြ ဆိုသူတို့တွေ က ကလေး တွေ ကိုဓားစာခံ လုပ် ပြီး ယုတ် မာ မယ် ဆို တာ …” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပြည်သူတွေမှလည်း ကလေးတွေ အန္တရာယ်ကင်းစေဖို့ ဆုတောင်းပေးနေကြတာဖြစ်ပြီး အားလုံးလည်း သိရှိနိုင်စေဖို့ ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader and Han Lin’s Facebook Account