Daily News

ရင်ဆိုင်ဖို့လိုလာတဲ့ စစ်အတွက် ပြင်ဆင်ထားဖို့ ပန်ဆယ်လို သတိပေးပြီ (ဖတ်သာကြည့်လိုက်တော့)

စစ်တပ်မှာ ဗျူဟာတစ်ခုရှိတယ်။ ဇကောလောက်မှ ဇောက်မနက်တဲ့ ကျက်သတုံးဗျူဟာပေါ့။ စိတ်ကိုတိုက်တဲ့ ဗျူဟာကို ကြိုသိထားရင် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်လို့ ရနိုင်အောင်ပါ။ဖေဖော်ဝါရီအကုန် မတ်လောက်မှာ Gen Z တွေ Defense Line ကနေ ခုခံကြတာ မှတ်မိကြဦးမှာပါ။ သဲအိတ်တွေကာ၊ မျက်ရည်ယိုဗုံးတွေ ငြှိမ်း၊ မီးရှူးနဲ့ အချို့ပြန်ပစ်တာမျိုးပေါ့။

အဲ့ဒီ့အချိန်မှာ Defense Line လုပ်ပြီး ဆန္ဒပြကြတဲ့ နေရာတွေက ရပ်ကွက်တွေကိုပါ စကစက ရန်ပြုတယ်။ လမ်းဘေးမှာ ရပ်ထားတဲ့ ကားတွေကို မြေကော်ကားတွေနဲ့ ထိုးပစ်တယ်။ အိမ်တွေကို ပြသနာရှာတယ်။ ဖိနှိပ်တယ်။အဲ့တော့ ဘာဖြစ်လာလဲဆိုတော့ ရပ်ကွက်ထဲက လူတွေက Defense Line က လူငယ်တွေကို မကြည်ဖြူကြတော့ဘူး။ သေနတ်နဲ့ပစ်နေတဲ့ စစ်ကောင်စီကိုကျ မဝေဖန်ရဲတဲ့အခါ မနိုင်နိုင်ရာ Gen Z တွေကို ပြောဆိုနှင်ထုတ် အပြစ်တင်တာမျိုးတွေ လုပ်လာတယ်။

ရပ်ကွက်က မကြည်ဖြူတဲ့အခါ အသက်နဲ့ရင်းလုပ်နေကြတဲ့ Gen Z တွေ စိတ်ပျက်လက်ပျက် ရပ်ပစ်လိုက်ရတော့တယ်။ ဒါဟာ ပြည်သူအချင်းချင်း ရန်တိုက်ပေးတဲ့ စကစရဲ့ စိတ်ဓါတ်ဗျူဟာပဲ။အခု ဘာလို့ ဒါကို ပြန်ရေးပြနေတာလဲဆိုတော့ စိတ်ဓါတ်တွေကို ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်လို့ပဲ။ စစ်က လာမှာပဲ။ လာကိုလာမှာ။ ရှောင်လွှဲလို့မရဘူး။ ကျားမြှီးဆွဲထားတဲ့ စစ်တပ်နဲ့ ကျားနာခဲခဲမယ့်ပြည်သူ။ စစ်ဟာ ဘယ်အချိန်လို့ အတပ်ပြောလို့မရသေးပေမယ့် လာကိုလာမှာ။

စစ်ဆိုတာ အပြန်အလှန်ပစ်ခတ်ကြမှာ။ နေအိမ်ထဲ ကျည်ဝင်လာတာမျိုး၊ ဖျက်ဆီးခံရတာမျိုး၊ လက်နက်ကြီးထိတာမျိုး စသဖြင့်။ လူသားဒိုင်းအနေနဲ့ အသုံးချခံရတာမျိုး အသက်၊ အိုးအိမ်၊ စည်းစိမ်တွေအတွက် အာမခံချက်မရှိတော့တဲ့ အခြေအနေမျိုးတွေလည်း မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။

အပေါ်မှာ ပြောခဲ့တဲ့ဖြစ်ရပ်လိုပဲ၊ စစ်ကောင်စီရဲ့ ယုတ်မာပက်စက်မှုကို စစ်ကောင်စီရဲ့ ယုတ်မာပက်စက်မှုလို့ပဲ တည့်တည့်ရှုမြင်နိုင်မှ ဖြစ်မယ်။ တော်လှန်ရေးသမားတွေကြောင့်လို့ အပြစ်တင်ငြိုငြင်မယ်ဆိုရင်၊ သွေးကွဲကြမယ်ဆိုရင် တော်လှန်ရေးဟာ ပိုရှည်မယ်။ ပိုကြာမယ်။ ပိုကြာရင် ပိုပြီးအထိနာကြမှာကလည်း ပြည်သူပဲ။

Crisis ကြီးတစ်ခုမှာ ငါကတော့ ရှင်ကျန်သူ၊ Survivor ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ အတ္တကြီးမှုမျိုးတွေကို ကြိုတင်ပယ်သတ်ထားနိုင်ဖို့ စိတ်ဓါတ်တွေကို ကြိုတင်ပြင်ဆင်ကြရမယ်။ အချင်းချင်း ဖေးမကြမယ်။ အချင်းချင်း ကူကယ်ကြမယ်။

KIA နဲ့ တိုက်ပွဲဖြစ်တယ်။ ကချင်ရွာတွေကို မီးရှို့တယ်။ KNU နဲ့ တိုက်ပွဲဖြစ်တယ်။ ကရင်ရွာတွေကို မီးရှို့တယ်။ AAနဲ့ တိုက်ပွဲဖြစ်တယ်။ ရခိုင်ရွာတွေကို မီးရှို့တယ်။ KIAကြောင့်၊ KNU ကြောင့်၊ AA ကြောင့် မင်းတို့ရွာတွေ မီးရှို့ခံရတာ။

မင်းတို့ KIA ကို မုန်းကြ၊ မင်းတို့ KNU ကို မုန်းကြ၊ မင်းတို့ AA ကို မုန်းကြဆိုတဲ့ တိုင်းရင်းသားတပ်နဲ့ တိုင်းရင်းသားတွေကို သွေးခွဲတဲ့အကွက်ကို တောက်လျှောက် သုံးခဲ့တယ်။ နှစ်ပေါင်းဆယ်ချီ ပြည်တွင်းစစ်ကြားက တိုင်းရင်းသားတွေဟာ စစ်ကို ရင့်ကျက်လာကြတယ်။ ဘုံရန်သူကို ကောင်းကောင်းမြင်တယ်။

စစ်တပ်ရဲ့ သွေးထိုးမှုကို နားမယောင်ဘဲ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်မှာ တိုင်းရင်းသားအင်အား အပြည့်ရှိလို့ EAOsတွေဟာ ဆယ်စုနှစ်များစွာ တော်လှန်နိုင်ခဲ့တာ။စစ်နဲ့ မထိတွေ့ဖူးသေးတဲ့ ပြည်မသားတွေအနေနဲ့ စစ်အတွက် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ဖို့ အရင်ဆုံးအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ လိုပါပြီ။ မအိမ်လုံးတွေရဲ့ ဗျူဟာမှန်သမျှ စိတ်ပိုင်းဆိုင်ရာ ဖီဆန်ကြမယ်။

ပြည်သူချင်း၊ တော်လှန်သူချင်း အပြစ်တင်ချင်လာပြီဆိုရင် စကစရဲ့ အကွက်ကြီး ဖျင်ထဲ နှစ်ပေါင်းခြောက်ဆယ် အနည်းလေးဝင်မယ့်အရေး ကြိုတွေးထားကြရမယ်။ ငါတို့မှာ ငါတို့ပဲ ရှိတယ်။ ငါတို့ စည်းလုံးကြမယ်။ အရေးတော်ပုံ အောင်ကို အောင်အောင်တိုက်မယ်။

Crd ပန်ဆယ်လို

Zawgyi

စစ္တပ္မွာ ဗ်ဴဟာတစ္ခုရွိတယ္။ ဇေကာေလာက္မွ ေဇာက္မနက္တဲ့ က်က္သတုံးဗ်ဴဟာေပါ့။ စိတ္ကိုတိုက္တဲ့ ဗ်ဴဟာကို ႀကိဳသိထားရင္ စိတ္ပိုင္းဆိုင္ရာ ႀကိဳတင္ျပင္ဆင္လို႔ ရနိုင္ေအာင္ပါ။ေဖေဖာ္ဝါရီအကုန္ မတ္ေလာက္မွာ Gen Z ေတြ Defense Line ကေန ခုခံၾကတာ မွတ္မိၾကဦးမွာပါ။ သဲအိတ္ေတြကာ၊ မ်က္ရည္ယိုဗုံးေတြ ျငႇိမ္း၊ မီးရႉးနဲ႕ အခ်ိဳ႕ျပန္ပစ္တာမ်ိဳးေပါ့။

အဲ့ဒီ့အခ်ိန္မွာ Defense Line လုပ္ၿပီး ဆႏၵျပၾကတဲ့ ေနရာေတြက ရပ္ကြက္ေတြကိုပါ စကစက ရန္ျပဳတယ္။ လမ္းေဘးမွာ ရပ္ထားတဲ့ ကားေတြကို ေျမေကာ္ကားေတြနဲ႕ ထိုးပစ္တယ္။ အိမ္ေတြကို ျပသနာရွာတယ္။ ဖိႏွိပ္တယ္။အဲ့ေတာ့ ဘာျဖစ္လာလဲဆိုေတာ့ ရပ္ကြက္ထဲက လူေတြက Defense Line က လူငယ္ေတြကို မၾကည္ျဖဴၾကေတာ့ဘူး။ ေသနတ္နဲ႕ပစ္ေနတဲ့ စစ္ေကာင္စီကိုက် မေဝဖန္ရဲတဲ့အခါ မနိုင္နိုင္ရာ Gen Z ေတြကို ေျပာဆိုႏွင္ထုတ္ အျပစ္တင္တာမ်ိဳးေတြ လုပ္လာတယ္။

ရပ္ကြက္က မၾကည္ျဖဴတဲ့အခါ အသက္နဲ႕ရင္းလုပ္ေနၾကတဲ့ Gen Z ေတြ စိတ္ပ်က္လက္ပ်က္ ရပ္ပစ္လိုက္ရေတာ့တယ္။ ဒါဟာ ျပည္သူအခ်င္းခ်င္း ရန္တိုက္ေပးတဲ့ စကစရဲ႕ စိတ္ဓါတ္ဗ်ဴဟာပဲ။အခု ဘာလို႔ ဒါကို ျပန္ေရးျပေနတာလဲဆိုေတာ့ စိတ္ဓါတ္ေတြကို ႀကိဳတင္ျပင္ဆင္ထားၾကဖို႔ လိုအပ္လို႔ပဲ။ စစ္က လာမွာပဲ။ လာကိုလာမွာ။ ေရွာင္လႊဲလို႔မရဘူး။ က်ားျမႇီးဆြဲထားတဲ့ စစ္တပ္နဲ႕ က်ားနာခဲခဲမယ့္ျပည္သူ။ စစ္ဟာ ဘယ္အခ်ိန္လို႔ အတပ္ေျပာလို႔မရေသးေပမယ့္ လာကိုလာမွာ။

စစ္ဆိုတာ အျပန္အလွန္ပစ္ခတ္ၾကမွာ။ ေနအိမ္ထဲ က်ည္ဝင္လာတာမ်ိဳး၊ ဖ်က္ဆီးခံရတာမ်ိဳး၊ လက္နက္ႀကီးထိတာမ်ိဳး စသျဖင့္။ လူသားဒိုင္းအေနနဲ႕ အသုံးခ်ခံရတာမ်ိဳး အသက္၊ အိုးအိမ္၊ စည္းစိမ္ေတြအတြက္ အာမခံခ်က္မရွိေတာ့တဲ့ အေျခအေနမ်ိဳးေတြလည္း မျဖစ္လာနိုင္ဘူးလို႔ မေျပာနိုင္ဘူး။

အေပၚမွာ ေျပာခဲ့တဲ့ျဖစ္ရပ္လိုပဲ၊ စစ္ေကာင္စီရဲ႕ ယုတ္မာပက္စက္မႈကို စစ္ေကာင္စီရဲ႕ ယုတ္မာပက္စက္မႈလို႔ပဲ တည့္တည့္ရႈျမင္နိုင္မွ ျဖစ္မယ္။ ေတာ္လွန္ေရးသမားေတြေၾကာင့္လို႔ အျပစ္တင္ၿငိဳျငင္မယ္ဆိုရင္၊ ေသြးကြဲၾကမယ္ဆိုရင္ ေတာ္လွန္ေရးဟာ ပိုရွည္မယ္။ ပိုၾကာမယ္။ ပိုၾကာရင္ ပိုၿပီးအထိနာၾကမွာကလည္း ျပည္သူပဲ။

Crisis ႀကီးတစ္ခုမွာ ငါကေတာ့ ရွင္က်န္သူ၊ Survivor ျဖစ္ကိုျဖစ္ရမယ္ဆိုတဲ့ အတၱႀကီးမႈမ်ိဳးေတြကို ႀကိဳတင္ပယ္သတ္ထားနိုင္ဖို႔ စိတ္ဓါတ္ေတြကို ႀကိဳတင္ျပင္ဆင္ၾကရမယ္။ အခ်င္းခ်င္း ေဖးမၾကမယ္။ အခ်င္းခ်င္း ကူကယ္ၾကမယ္။

KIA နဲ႕ တိုက္ပြဲျဖစ္တယ္။ ကခ်င္႐ြာေတြကို မီးရွို႔တယ္။ KNU နဲ႕ တိုက္ပြဲျဖစ္တယ္။ ကရင္႐ြာေတြကို မီးရွို႔တယ္။ AAနဲ႕ တိုက္ပြဲျဖစ္တယ္။ ရခိုင္႐ြာေတြကို မီးရွို႔တယ္။ KIAေၾကာင့္၊ KNU ေၾကာင့္၊ AA ေၾကာင့္ မင္းတို႔႐ြာေတြ မီးရွို႔ခံရတာ။

မင္းတို႔ KIA ကို မုန္းၾက၊ မင္းတို႔ KNU ကို မုန္းၾက၊ မင္းတို႔ AA ကို မုန္းၾကဆိုတဲ့ တိုင္းရင္းသားတပ္နဲ႕ တိုင္းရင္းသားေတြကို ေသြးခြဲတဲ့အကြက္ကို ေတာက္ေလွ်ာက္ သုံးခဲ့တယ္။ ႏွစ္ေပါင္းဆယ္ခ်ီ ျပည္တြင္းစစ္ၾကားက တိုင္းရင္းသားေတြဟာ စစ္ကို ရင့္က်က္လာၾကတယ္။ ဘုံရန္သူကို ေကာင္းေကာင္းျမင္တယ္။

စစ္တပ္ရဲ႕ ေသြးထိုးမႈကို နားမေယာင္ဘဲ တိုင္းရင္းသားလက္နက္ကိုင္ေတြဘက္မွာ တိုင္းရင္းသားအင္အား အျပည့္ရွိလို႔ EAOsေတြဟာ ဆယ္စုႏွစ္မ်ားစြာ ေတာ္လွန္နိုင္ခဲ့တာ။စစ္နဲ႕ မထိေတြ႕ဖူးေသးတဲ့ ျပည္မသားေတြအေနနဲ႕ စစ္အတြက္ စိတ္ပိုင္းဆိုင္ရာ ရင့္က်က္ဖို႔ အရင္ဆုံးအေနနဲ႕ ႀကိဳတင္ျပင္ဆင္ထားၾကဖို႔ လိုပါၿပီ။ မအိမ္လုံးေတြရဲ႕ ဗ်ဴဟာမွန္သမွ် စိတ္ပိုင္းဆိုင္ရာ ဖီဆန္ၾကမယ္။

ျပည္သူခ်င္း၊ ေတာ္လွန္သူခ်င္း အျပစ္တင္ခ်င္လာၿပီဆိုရင္ စကစရဲ႕ အကြက္ႀကီး ဖ်င္ထဲ ႏွစ္ေပါင္းေျခာက္ဆယ္ အနည္းေလးဝင္မယ့္အေရး ႀကိဳေတြးထားၾကရမယ္။ ငါတို႔မွာ ငါတို႔ပဲ ရွိတယ္။ ငါတို႔ စည္းလုံးၾကမယ္။ အေရးေတာ္ပုံ ေအာင္ကို ေအာင္ေအာင္တိုက္မယ္။

Crd ပန္ဆယ္လို