Daily News

တိုင်းပြည်အပေါ်ထားတဲ့ သဘောထားအမှန်ကို ဖခင်ထံမှာ ရင်ဖွင့်ပြီးပြောပြလာခဲ့တဲ့ ဒေါက်တာဆာဆာ

တိုင်းပြည်နွံနစ်နေချိန်မှာ ကူညီဆွဲတင်နေတဲ့သူတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဒေါက်တာဆာဆာဟာ မြန်မာပြည်ဖွား ချင်းလူမျိုးတစ်ယောက်ဖြစ်ပြီး ကိုယ်တိုင်လည်း စစ်ကောင်စီရဲ့ရက်စက်မှုကိုခံစားခဲ့ရတဲ့တိုင်းရင်းသားတစ်ယောက်ဖြစ်တာကြောင့် အခုလို တစ်တိုင်းပြည်လုံး ဒုက္ခပင်လယ်ဝေနေချိန်မှာ ကိုယ်တတ်နိုင်တဲ့ဖက်က အကောင်းဆုံးလုပ်ပြီး တိုင်းပြည်အတွက်ကူညီပေးနေခဲ့သူပါ။

ကိုယ်တိုင်လည်းအဖေတစ်ယောက်ဖြစ်လာခဲ့ချိန်မှာ ဖခင်တစ်ယောက်ရဲ့မေတ္တာကိုအပြည့်အဝခံစားမိလာခဲ့ပြီးနောက် ဇွန်လ (၂၀) ရက်နေ့မှာ ကျရောက်တဲ့အဖေများနေ့အတွက် ဖခင်ကိုရည်ရွယ်ပြီး သူ့ရဲ့လူမှုကွန်ရက်မှာ ရင်တွင်းဖြစ် စကားလေးတွေပြောလာခဲ့ပါတယ်။

အဖေများနေ့အတွက် အမှတ်တရစကားလေးကို ” ချစ်ခင်ရပါသော ဖေဖေ၊ ဒီနေ့က ဖခင်များအတွက် နေ့ထူးနေ့မြတ် “ ဖခင်များနေ့ ”ဖြစ်ပါတယ်၊ သို့သော် သားတို့ရဲ့ နေ့ရက်တွေ ဟာ မရေမတွက်နိုင်သော နာကျင်မှုများ၊ ဆင်းရဲဒုက္ခများနဲ့ ပြည့်နှက်နေတဲ့အချိန်မှာ ပျော်ရွှင်သော “ ဖခင်များနေ့ ” ပါဟု သားပြောမထွက်ရက်ပါဘူး၊ ဒါပေမယ့် ဤမျှကာလ ပတ်လုံးဆင်းရဲဒုက္ခခံစားခဲ့ရသော မြန်မာနိုင်ငံရှိ ဖခင်များအားလုံးအတွက် ပိုမိုကောင်းမွန်သော နေ့ရက်သစ်များ မကြာမီရောက်ရှိလာတော့မည်ဟူသော သားရဲ့မျှော်လင့်ချက်နဲ့ ယုံကြည်ချက်ကို ထုတ်ဖော် ဖော်ပြခွင့်ပြုပါ။

သားရဲ့ဆုတောင်းချက်ကတော့ ရိုးရိုးလေးပါ၊ မြန်မာ ပြည်သူပြည်သားများ အားလုံးအတွက် အမှောင်ထုနှင့် ရက်စက်လွန်းသော အိပ်မက်ဆိုးကြီးကို အဆုံးသတ်ဖို့ပဲဖြစ်ပါတယ်။ ချစ်ခင်ရပါသော ဖေဖေ၊ မိမိတို့၏ သားသမီးများ အပါအဝင် မြန်မာနိုင်ငံတော်နှင့် ပြည်သူ များ၏လွတ်လပ်ခွင့်အတွက် အသက်များပေးဆပ်ခဲ့ကြသော ကြီးမြတ်သည့်ဖခင်များအားလုံးနှင့် ဖေဖေ့အား “ ပျော်ရွှင်သောဖခင်များနေ့ပါ ”ဟု ဆုတောင်းနိုင်မည့် အခွင့်အရေးသည် မကြာမီ ရောက်ရှိလာမည်အကြောင်း သားမျှော်လင့်လျက် ဆုတောင်းပေးနေပါသည်။

ဤကဲ့သို့ ဖခင်များ၏ ပေးဆပ်စွန့်လွှတ်အနစ်နာခံမှုကြောင့် မြန်မာပြည်သူပြည်သားအားလုံးအတွက် ဖက်ဒရယ် ဒီမိုကရေစီ၊ လွတ်လပ်မှုနှင့်တရားမျှတမှုတို့ မှအနိုင်ရရှိကာ အုပ်စိုးနိုင်လိမ့်မည်ဖြစ်သည်။ ချစ်ခင်ရပါသောဖေဖေ၊ ယနေ့ဖခင်များနေ့တွင် ဆုမွန်ကောင်း တောင်းပေးခြင်းထက်၊ အဖေ့သားဟာ မိမိတတ်နိုင်သည့်အရာမှန်သမျှ သာမကဘဲ၊ အဖေချစ်ပြီးမြတ်နိုးလှသည့် ဤနိုင်ငံ ဤပြည်သူများအတွက် လိုအပ်လာလျှင် အသက်ကိုပင် ပဓါနမထားဘဲ စတေးဖို့အသင့် ဖြစ်နေပြီဆိုသည်ကို အဖေ့ကို သားသိစေတယ်အဖေ။ ” ဆိုပြီး အစချီကာ ပြောလာခဲ့ပါတယ်။

ဒီနောက်မှာလည်း ” သားဟာ ချစ်ရတဲ့ မြန်မာပြည်သူများအတွက် ဆုတောင်းနေသည့်အပြင်၊ ရက်စက် ကြမ်းကြုတ်သည့် စစ်အာဏာရှင်၏လက်တွင် ၎င်းတို့၏မိဘများအား ဆုံးရှုံးကြရသည့် မြန်မာပြည်သူ ပြည်သားများအတွက် သားတတ်နိုင်သမျှ အားတွန်ခွန်စိုက် ဆောင်ရွက်နေပါတယ်။ ချစ်ခင်ရပါသောဖေဖေ၊ အဖေဂုဏ်ယူရတဲ့သားဟာ မြန်မာနိုင်ငံရှိ စစ်အာဏာရှင်အား ဆန့်ကျင်ရင်ဆိုင်နေကြတဲ့ ရဲစွမ်းသတ္တိရှိကြတဲ့ မြန်မာပြည်သူများအတွက် ဂုဏ်ယူအလေးပြုကြောင်း အဖေ့ကိုသိစေချင်ပါတယ်။

အဖေအပါအဝင် ကမ္ဘာအရပ်ရပ်ရှိ ဖခင်များသည် ၎င်းတို့၏ ကလေးများအတွက် ဒီမိုကရေစီအရေးနှင့်တရားမျှတရေးကို ပေးလိုတဲ့ဆန္ဒရှိသော အဖေများ ဖြစ်ဖို့အပြင် ၎င်းတို့တတ်အားသ၍ လုပ်ဆောင်ပေးရန်နှင့် တရားမျှတရေး နှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အတူတကွလက်တွဲညီညီ လုပ်ဆောင်ကြပြီး၊ ကျွန်ုတော်တို့နိုင်ငံ အတွက် အသက်ပေး ကြွေလွင့်ရတဲ့ သူရဲကောင်းများအား အလေးပြုဆုတောင်ပေးသည့် အဖေများဖြစ်ဖို့၊ အဖေများအားလုံးနှင့် မြန်မာပြည်သူပြည်သား များအားလုံးမှ ရက်စက်ကြမ်းကြုတ်သည့် စစ်အာဏာရှင် အား အတူတွန်းလှန်ကြရန်အတွက် သားဆုတောင်းနေပါတယ် အဖေ။ ချစ်ခင်ရပါသောဖေဖေ၊ သားဟာ ၎င်းတို့ကိုယ်တိုင်အပြင် ၎င်းတို့ချစ်ရသည့်ကလေးများအား လူသတ်သမားများရန်မှ အမြန်ဆုံးလွတ်မြောက် နိုင်ရန် မြန်မာပြည်ရှိမိဘများအားလုံးအတွက် တတ်စွမ်းသမျှလုပ်ဆောင်နေတယ်ဆိုတာ အဖေ့ကို သားသိစေချင်တယ်အဖေ။

မြန်မာပြည်သူ ပြည်သားများအားလုံးသည် ရက်စက်ကြမ်းကြုတ် သော စစ်အာဏာရှင်၏ အကြမ်းဖက်မှုများမှ အမြန်ဆုံးလွတ်မြောက်ပြီး၊ ပေါ်ထွန်းလာမည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံအသစ်ကို အမြန်ဆုံးတည်ဆောက်နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါ သည်။ ” ဟုဆိုကာ တိုင်းပြည်အပေါ်ထားတဲ့ သူ့ရဲ့ခံယူချက်ကို ပြောပြလာခဲ့ပါတယ်။

တိုင်းပြည်နွံနစ်နေချိန်မှာ ကူညီဆွဲတင်နေတဲ့သူတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဒေါက်တာဆာဆာဟာ မြန်မာပြည်ဖွား ချင်းလူမျိုးတစ်ယောက်ဖြစ်ပြီး ကိုယ်တိုင်လည်း စစ်ကောင်စီရဲ့ရက်စက်မှုကိုခံစားခဲ့ရတဲ့တိုင်းရင်းသားတစ်ယောက်ဖြစ်တာကြောင့် အခုလို တစ်တိုင်းပြည်လုံး ဒုက္ခပင်လယ်ဝေနေချိန်မှာ ကိုယ်တတ်နိုင်တဲ့ဖက်က အကောင်းဆုံးလုပ်ပြီး တိုင်းပြည်အတွက်ကူညီပေးနေခဲ့သူပါ။

ကိုယ်တိုင်လည်းအဖေတစ်ယောက်ဖြစ်လာခဲ့ချိန်မှာ ဖခင်တစ်ယောက်ရဲ့မေတ္တာကိုအပြည့်အဝခံစားမိလာခဲ့ပြီးနောက် ဇွန်လ (၂၀) ရက်နေ့မှာ ကျရောက်တဲ့အဖေများနေ့အတွက် ဖခင်ကိုရည်ရွယ်ပြီး သူ့ရဲ့လူမှုကွန်ရက်မှာ ရင်တွင်းဖြစ် စကားလေးတွေပြောလာခဲ့ပါတယ်။ Crd