Daily News
စကစကို ဂရုမစိုက်ပဲ ဆန့်ကျင်ခဲ့တဲ့ ပြည့်လျှံအောင်အတွက် သတင်းကောင်းတွေကြီး ဆက်တိုက်ဖြစ်ပေါ်နေ
ဂိုးသမား ကိုပြည့်လျှံအောင်က ယိုကိုဟားမားအခြေစိုက် လိဂ်-၃ ကလပ်တစ်ခုနဲ့ပြောပြီးဆိုပြီသွားပြီဗျ စာချုပ်ချုပ်ဖို့ပဲကျန်ပါတော့တယ်။Release Letter ရဖို့အခက်အခဲရှိမှန်းသိတဲ့ ဂျပန်အစိုးရက သူ့ကိုနိုင်ငံသားအဖြစ်ပါပေးဖို့ အားကြိုးမာန်တက်ကြိုးပမ်းပေးနေတယ်လို့ သိရပါတယ်။ ဒီအတွက် ရဖို့လည်းအတော်လေးနီးစပ်နေပါပြီ။
ဂျပန်နိုင်ငံသားအဖြစ်ခံယူခွင့်ရတာနဲ့ မြန်မာပြည်က Release Letter ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကိစ္စမရှိတော့ဘူးလို့ သူနဲ့နီးစပ်သူတစ်ဦးကပြောလာပါတ
ယ်။ နိုင်ငံသားဖြစ်ခွင့်ရတာနဲ့ JFA က ဂျေလိဂ်မှာကစားခွင့် Approve ပေးဖို့လည်း အဆင်သင့်ဖြစ်နေပါပြီတဲ့။
မြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေအရပ်ရပ်ကိုသိတဲ့ ဂျပန်နိုင်ငံက ကလပ်တွေကလည်း ပြည့်လျှံအောင်ကို အပြိုင်အဆိုင်ကမ်းလှမ်းကြပါတယ်။ သူကဂိုးသမားတစ်ယောက်ဖြစ်နေတာလည်းပါတာပေါ့လေ..ပြည့်လျှံအောင်ကတော့ ကမ်းလှမ်းလာတဲ့အသင်းတွေအနက်က သူ့နောင်ရေးအတွက်ပါ ထည့်သွင်းစဉ်းစားပေးတဲ့ ယိုကိုဟားမားအခြေစိုက်ကလပ်ကိုရွေးချယ်လိုက်ပါတယ်။
အဲဒီကလပ်က ပြည့်လျှံအောင် ကစားသမားအဖြစ်က အနားယူရင်တောင် အသင်းဂိုးနည်းပြအဖြစ်ဆက်လက်အသက်မွေးနိုင်ဖို့ ထောက်ပံ့မယ်လို့သိရတော့..ပြည့်လျှံအောင်အတွက် ဝမ်းသာမိတယ်။
ကျနော်အမှတ်မမှားဘူးဆိုရင် ပြည့်လျှံအောင်သာ ဂျေလိဂ်မှာကစားခွင့်ရရင် မြန်မာလူမျိုးထဲက ပထမဆုံးကစားခွင့်ရတဲ့သူအဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။ Crd
Zawgyi