Local News

မွေးနေ့မှာ ဆုတောင်းပေးတဲ့ ပြည်သူတွေကိုသတင်းစကားပါးလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်

မွေးနေ့မှာ ဆုတောင်းပေးတဲ့ ပြည်သူတွေကိုသတင်းစကားပါးလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ အသက် ၇၆ နှစ်ပြည့်ခဲ့တာပါ။ ဒီနှစ် မွေးနေ့ဟာ သူ့အတွက် ဆယ်စုနှစ်တစ်ခုကျော်ကြာအပြီးမှာ ပထမအကြိမ် မတရားအထိန်းသိမ်းခံဘဝနဲ့ ပြန်လည်ဖြတ်သန်းရတာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့မှာ ဆုတောင်းပေးခဲ့ကြသူတွေကို အထူးကျေးဇူးတင်တဲ့အကြောင်း ပြောလာပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံရပြီး ပုဒ်မတပ်စွပ်စွဲခံထားရတဲ့အမှုတွေထဲက ၃ မှုအတွက် ဒီနေ့ ဇွန်လ ၂၁ ရက်မှာ ပြုလုပ်တဲ့ နေပြည်တော်က ရုံးချိန်းမှာ ရှေ့နေအဖွဲ့နဲ့တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်က အခုလို သတင်းစကားပါးလိုက်တာဖြစ်ပါတယ်။

ဒါ့ပြင် ပြည်သူတွေအတွက်ဆုတောင်းမေတ္တာပို့သတယ်ဆိုတဲ့စကားလည်း ပါးလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က ရုံးချိန်းအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဇွန်လ ၁၉ ရက်တုန်းကတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အပြင် ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေကိုပါ ဂုဏ်ပြုတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ်လှုပ်ရှားမှုကို ပြည်တွင်းရော၊ ပြည်ပမှာပါ လူထုက ပြုလုပ်ခဲ့ကြပါတယ်။

လူထုရွေးကောက်တင်မြှောက်ပြီး နိုင်ငံကိုလက်တွေ့ဦးဆောင်မှုပေးခဲ့တဲ့၊ ငါးနှစ်တာနိုင်ငံရေးခရီးလမ်းကိုနောက်တစ်ကြိမ် ရှေ့ မဆက်နိုင်ခင်မှာပဲ အာဏာသိမ်းခံလိုက်ရတဲ့၊ ရွေးကောက်ပွဲတောင်ပြို ကမ်းပြိုအနိုင်ရ ပါတီခေါင်းဆောင်ဟာ အခုတော့ နိုင်ငံရေးခယောင်းလမ်းကို ဆက်လျှောက်ရဖွယ်ရှိ နေပါတယ်။

အာဏာသာမသိမ်းခဲ့ရင် ဒီအချိန်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အစိုးရအဖွဲ့ နောက်သက်တမ်းတစ်ခုကို ဆက်လက်ဦးဆောင်နိုင်မယ့် မွေးနေ့ရှင်ဟာ အခုတော့ စစ် ကောင်စီက တမှုပြီးတမှု ထပ်တိုးတရားစွဲဆိုနေတဲ့ပုဒ်မတွေကို ရင်ဆိုင်နေရတာပါ။ Crd

Zawgyi

ေမြးေန႕မွာ ဆုေတာင္းေပးတဲ့ ျပည္သူေတြကိုသတင္းစကားပါးလိုက္တဲ့ ေဒၚေအာင္ဆန္းစုၾကည္

၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁၉ ရက္မွာ ေဒၚေအာင္ဆန္းစုၾကည္ ဟာ အသက္ ၇၆ ႏွစ္ျပည့္ခဲ့တာပါ။ ဒီႏွစ္ ေမြးေန႕ဟာ သူ႕အတြက္ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာအၿပီးမွာ ပထမအႀကိမ္ မတရားအထိန္းသိမ္းခံဘဝနဲ႕ ျပန္လည္ျဖတ္သန္းရတာပါ။

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သူ႕ရဲ႕ ၇၆ ႏွစ္ျပည့္ ေမြးေန႕မွာ ဆုေတာင္းေပးခဲ့ၾကသူေတြကို အထူးေက်းဇူးတင္တဲ့အေၾကာင္း ေျပာလာပါတယ္။

စစ္တပ္အာဏာသိမ္းၿပီးကတည္းက ဖမ္းဆီးထိန္းသိမ္းခံရၿပီး ပုဒ္မတပ္စြပ္စြဲခံထားရတဲ့အမႈေတြထဲက ၃ မႈအတြက္ ဒီေန႕ ဇြန္လ ၂၁ ရက္မွာ ျပဳလုပ္တဲ့ ေနျပည္ေတာ္က ႐ုံးခ်ိန္းမွာ ေရွ႕ေနအဖြဲ႕နဲ႕ေတြ႕ဆုံခ်ိန္ ေဒၚေအာင္ဆန္းစုၾကည္က အခုလို သတင္းစကားပါးလိုက္တာျဖစ္ပါတယ္။

ဒါ့ျပင္ ျပည္သူေတြအတြက္ဆုေတာင္းေမတၱာပို႔သတယ္ဆိုတဲ့စကားလည္း ပါးလိုက္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေရွ႕ေနအဖြဲ႕က ႐ုံးခ်ိန္းအၿပီးမွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

ဇြန္လ ၁၉ ရက္တုန္းကေတာ့ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေမြးေန႕အျပင္ ဖမ္းဆီးထိန္းသိမ္းခံေနရသူေတြကိုပါ ဂုဏ္ျပဳတဲ့ စစ္အာဏာရွင္ဆန႔္က်င္ေရး ပန္းသပိတ္လႈပ္ရွားမႈကို ျပည္တြင္းေရာ၊ ျပည္ပမွာပါ လူထုက ျပဳလုပ္ခဲ့ၾကပါတယ္။

လူထုေ႐ြးေကာက္တင္ျမႇောက္ၿပီး နိုင္ငံကိုလက္ေတြ႕ဦးေဆာင္မႈေပးခဲ့တဲ့၊ ငါးႏွစ္တာနိုင္ငံေရးခရီးလမ္းကိုေနာက္တစ္ႀကိမ္ ေရွ႕ မဆက္နိုင္ခင္မွာပဲ အာဏာသိမ္းခံလိုက္ရတဲ့၊ ေ႐ြးေကာက္ပြဲေတာင္ၿပိဳ ကမ္းၿပိဳအနိုင္ရ ပါတီေခါင္းေဆာင္ဟာ အခုေတာ့ နိုင္ငံေရးခေယာင္းလမ္းကို ဆက္ေလွ်ာက္ရဖြယ္ရွိ ေနပါတယ္။

အာဏာသာမသိမ္းခဲ့ရင္ ဒီအခ်ိန္မွာ အတိုင္ပင္ခံပုဂၢိဳလ္အျဖစ္ အစိုးရအဖြဲ႕ ေနာက္သက္တမ္းတစ္ခုကို ဆက္လက္ဦးေဆာင္နိုင္မယ့္ ေမြးေန႕ရွင္ဟာ အခုေတာ့ စစ္ ေကာင္စီက တမႈၿပီးတမႈ ထပ္တိုးတရားစြဲဆိုေနတဲ့ပုဒ္မေတြကို ရင္ဆိုင္ေနရတာပါ။ Crd