CELEBRITY NEWS

လိုင်းပေါ် မှာ တစ်ချို့ လူ တွေလို လေမ ကြီးပဲ လက်တွေ့ လုပ်ပြ လိုက်တဲ့ အဆိုတော်ထူးအယ်လင်း

လိုင်းပေါ် မှာ တစ်ချို့ လူ တွေလို လေမ ကြီးပဲ လက်တွေ့ လုပ်ပြ လိုက်တဲ့ အဆိုတော်ထူးအယ်လင်း

မဂ်လာပါ ပရိတ်သတ် ကြီး တို့ ရေ

ပြီးခဲ့တဲ့ ရက်ပိုင်းက စကစရဲ့ အကြမ်းဖက် မီးရှို့ဖျက်စီးမှုတွေကြောင့် တစ်ရွာလုံးမီးလောင်ပြာကျခဲ့ရတဲ့ ကင်းမရွာကတော့ လက်ရှိအခြေ အနေ တွေမှာ အကူအညီတွေ တော်တော်များများ လို အပ် နေတာ ဖြစ် ပါ တယ်။

ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ရတာကြောင့် ပရဟိတအဖွဲ့အစည်းတွေနဲ့ စေတနာရှင်တွေကအကူအညီ ပေးနိုင်ဖို့ လုပ်ဆောင် နေ ကြပြီး အဆိုတော် ထူးအယ်လင်းကလည်းသူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ကင်းမရွာကို ကိုယ်တိုင်သွားရောက် ခဲ့ ပါတယ် ။

ထူးအယ်လင်းဟာ မီးလောင်ထားတဲ့ ရွာရဲ့အခြေအနေတွေကို အခက်အခဲတွေကြားက ကိုယ်တိုင် ကိုယ်ကျသွားရောက်ကြည့်ရှု့ရင်း ဒေသခံပြည်သူတွေအတွက် လိုအပ်တာတွေ ဖေးမကူညီ လှူဒါန်းခဲ့တာ ဖြစ်ပါ တယ်။

စားနပ်ရိက္ခာတွေနဲ့ အခြား လိုအပ်တာတွေ လှူဒါန်းရင်း အကြမ်းဖက်မှု တွေကြောင့် ပြည်သူ တွေ ကြုံတွေ့ ခံစား နေရ တဲ့ဒုက္ခ ဆင်းရဲ တွေ အမြန်ဆုံး ငြိမ်းအေး အဆင်ပြေစေဖို့ ကိုလည်း စိတ်မကောင်း စွာ ဆုတောင်း ပေးထားပါ သေးတယ်။

“အမြန်အဆင်ပြေကြပါစေဗျာ ပံ့ပိုးကူညီကြတဲ့ ခုနှစ်ရက်သားသမီး ရာဟုသားသမီးအပါ

အလှုရှင်များ၏ ကောင်းမှုကိုသာဓုခေါ်ဆို ကုသိုလ်အမျှရကြပါစေ သာဓု သာဓုသာဓု

၁၉.၆.၂၀၂၁(စနေနေ့)” ဆိုပြီး အလှူပုံရိပ်တွေကို ထူးအယ်လင်းက ပြန်လည်ဝေမျှထားတာ ဖြစ်ပါတယ်။

အခုလို အဘက်ဘက် ကနေ အကူအညီ တွေများစွာ လိုအပ်နေတဲ့ ကင်းမရွာပြည်သူတွေအတွက်
ကိုယ်တိုင် ကိုယ်ကျ သွားရောက်အားပေးရင်း ဖေးမကူညီခဲ့တဲ့ ထူးအယ်လင်းတို့ စေတနာရှင်တွေရဲ့ အလှူတွေကတော့ တကယ်ကို ချီးကျူးသာဓုခေါ်စရာ ကောင်းလှပါတယ်။
crd