Daily News

လှိုင်သာယာက လုပ်သား ရာချီရှိတဲ့ အထည်စက်ရုံ အပြီးပိတ်သိမ်းလိုက်ပြီ (ဖတ်သာကြည့်ပါတော့ဗျာ)

လုပ်သားရာချီရှိသည့် လှိုင်သာယာကအထည်ချုပ်စက်ရုံ ၁ရုံ ကို ယမန်နေ့က အပြီးပိတ်သိမ်းလိုက်ပြီဟုသိရသည်။အပြီး ပိတ်သိမ်းလိုက် သည့်Hengmao(Myanmar)Garment Co.,Ltd က

“အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ Hengmao(Myanmar)Garment Co.,Ltd သည် လုပ်ငန်းရပ်တည်ရန် အခက်အခဲများစွာ ဖြစ်ပေါ်လာသည့်အတွက် 19.6.2021 စနေနေ့ တွင် စက်ရုံအားအပြီးပိတ်သိမ်းခဲ့ရပါသည်။ Hengmaoက ညီကို မောင်နမအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ ခုလိုပုံစံမျိုးနဲ့ခွဲရလိမ့်မယ်မထင်ထားခဲ့ပါဖူး။

အားလုံးရဲ့အပေါ်မှာ ကာယကံ ဝဇီကံ မနောကံ တို့နဲ့ ပြစ်မှားကျူးလွန်မိတာများရှိခဲ့ရင်လည်း အားလုံးကို နားလည်ပေးပါလို့ အနူးညွတ်တောင်းပန်အပ်ပါသည်ခင်ဗျာ ။ဝန်ထမ်းများအားလုံး လုပ်ငန်များအဆင်ပြေချောမွေ့ပါစေ ။

ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတဲ့ ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ”ဟု ပြောဆိုထားသည်။Hengmao(Myanmar)Garment Co.,Ltdသည် ယခင်နှစ်ကပင် လုပ်သား၁၀၀ကိုထပ်ခန့်ခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ Crd