KNOWLEDGE

ဒီအချက် (၃၇) ချက်ကြောင့် မြန်မာပြည် ဆင်းရဲနေတာပါတဲ့

မြန်မာလူမျိုးတွေကို ဆင်းရဲစေတဲ့ အချက် (၃၇) ချက်ကို ဖော်ပြ ပေးလိုက်ပါတယ်။ ဖော်ပြထားတဲ့ အချက်တွေ တကယ် မှန်၊ မမှန် ဖတ်ကြည့်လိုက်ပါဦး ခင်ဗျာ-(၁) မြန်မာအများစုက (TEAM WORK) အားနည်းတယ်။ မညီညွတ်ဘူး။ (၂) ဘေးကနေ သွေးခွဲရ လွယ်တယ်။ (၃) မနာလိုစိတ် များတယ်။ (၄) အချင်းချင်း ထဲ ကိုယ့်ထက် သာသွားမှာ မလိုလားဘူး။ သာရင် လည်း မနာလိုဘူး။ (၅) သူများကို ချီးကျူးရင် မကြိုက်ဘူး။

ကိုယ့်စ်ယောက်တည်းကိုပဲ ချီးကျူး စေချင်တယ်။(၆) မုဒိတာ မပွါးနိုင်ဘူး။ (၇) ကြိုးစားရမယ့် နေရာတွေမှာ တက်တက်ကြွကြွ မရှိဘူး။ (၈) သူများ မလုပ်ရင် မလုပ်ချင်ဘူး။ (၉) အချောင်ခို ချင်တယ်။ (၁၀) ပိုက်ဆံရရင် အဖြုန်းများတယ်။ ဘာဝယ်ရင် ကောင်းမလဲ စဉ်းစားတယ်။(၁၁) ကိုယ်နဲ့ အသုံးတည့်တည့် မတည့်တည့် သူများ ဝယ်ရင် လိုက် ဝယ် ချင်တယ်။ (၁၂) စီးပွားရေးလုပ်ရမှာ ကြောက်တယ်။

(၁၃) ရေရှည် အကျိုးစီးပွါးကို မမျှော်ကိုးတတ်ဘူး။ (၁၄) ပုံမှန်သေချာရတဲ့ ငွေကို ပိုမက်တယ်။ ဝန်ထမ်း ပိုလုပ်ချင်တယ်။ (၁၅) အတွေးအခေါ်ပိုင်းမှာ တီထွင် ကြံဆမှု နည်းတယ်။ (၁၆) မိရိုးဖလာ အတွေးအခေါ်ကို မပယ်နိုင်ဘူး။ (၁၇) အများ လုပ်တာပဲ စောင့်ပြီး တစ်နိုင်ငံလုံး ဝိုင်းလုပ်တတ်တယ်။ ဒါကြောင့် ရေရှည်မခံဘူး။ (၁၈) ပြောင်းလဲနေတဲ့ ခေတ် ကို လိုက်နိုင်ဖို့ လိုအပ်တဲ့ ပညာရေးမှာ အားနည်းတယ်။ (၁၉) ဗဟုသုတ လေ့လာ ဖို့ အားနည်းတယ်။စိတ်မဝင်စားဘူး။

(၂၀) ဝေဖန်တာကိုအားသန်ပြီး လက်တွေ့ကျကျ ဆောင်ရွက်မှု အားနည်းတယ်။(၂၁) အကြံပြုတာ ကောင်းပြီး တကယ့် စီမံခန့်ခွဲဖို့ကျ ညံ့တယ်။ (၂၂) ပုတ်ခတ် တာကို မတရား ကြိုက်တယ်။ (၂၃) ကိုယ်ကျရှုံးတိုင်း သူများလည်း ကျရှုံးရမယ်ဆိုတဲ့အမြင် ရှိတယ်။ (၂၄) ရှုံးပြီး ပြန်ထဖို့ ပျင်းတယ်။ (၂၅) မအောင်မြင် ရင် ကံကို ပုံချတယ်။

(၂၆) ကိုယ်ကြုံဖူးတဲ့ အတွေ့အကြုံ တစ်ခု တည်းနဲ့ အရာ တော်တော် များများ ကို တစ်ဖက်သတ် သုံးသပ်တယ်။ (၂၇) ကိုယ်နဲ့မြင်မတူရင် အားမပေးဘဲ မတရား ရှုံ့ချတယ်။ (၂၈) ဘုရား ရှိခိုး တိုင်း ချမ်းသာရပါလို၏ ဆုတောင်းပြီး အခွင့်အလမ်း လာရင် အခွင့်အလမ်း မှန်းသိအောင် မလေ့လာဘဲ ကျော်သွားတယ်။

(၂၉) ပြီးတော့ ပုံမှန် ဘဝ ထဲမှာ ခပ်ပျော်ပျော် နေတယ်။ (၃၀) ကိုယ့် အကြောင်း ထက် သူများအကြောင်းကို ပိုပြီး စိတ်ဝင်စားတယ်။(၃၁) လေကန်ပြီး အချိန် ဖြုန်းတာ များတယ်။ (၃၂) ပိုဆိုးတာက ပိုက်ဆံ တော့ ရှိပါရဲ့။ တိုးပွါးအောင် လုပ် ဖို့ စိတ်ကူး နည်းတယ်။ (၃၃) ပိုက်ဆံကို ကျစ်ကျစ် ပါအောင် ဆုပ်ထားတယ်။ အကျိုး ရှိအောင် မရင်းနှီးတတ်ဘူး။ (၃၄) ဘဝမှာ ပိုက်ဆံတစ်ခုပဲ ရှိအောင် လုပ် တယ်။

(၃၅) အောင်မြင် ကျော်ကြားဖို့၊ အများအတွက် ဆောင်ရွက်ဖို့ စိတ် မဝင်စားဘူး။(၃၆) ကိုယ်သိတာကို သိသလို အသုံးမချတတ်ဘူး။ (၃၇) ပညာရှင် တွေကလည်း ကိုယ့်ပညာကို မျှဝေမပေးချင်ဘူး။ လူတော်တွေ ပေါ်ထွက် လာအောင် မမွေးမြူချင်ဘူး။“အဲဒါတွေက ဆင်းရဲစေတာပါပဲ”။

မူရင်း Crd