AMAZING

လူတွေရဲ့ ခန္ဓာကိုယ်တွေကို ဖုံးကွယ်သွားနိုင်လောက်အောင်ကြီးတဲ့ ဧရာမမျိုးစိတ်များ ရှင်သန်ရာ ကျွန်းများ

Sakhalin ကျွန်းဟာ ရုရှား Far East မှာ တည်ရှိပြီး ၅ မီတာအမြင့်အထိ ကြီးထွားနိုင်တဲ့ buckwheat, burdock နဲ့ butterbur စတဲ့ အပင်အမျိုးမျိုးရဲ့ ဧရာမမျိုးစိတ်များနေထိုင်ရာ နေရာဘဲဖြစ်ပါတယ်။ Sakhalin ဟာ ရုရှားဖက်မှာ အကြီးဆုံးကျွန်းဖြစ်တဲ့အပြင် ရာစုနှစ်များတစ်လျှောက် ဂျပန် နဲ့ ရုရှားအကြား အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပါတယ်။

သို့သော် ဆယ်စုနှစ်တစ်ခုကျော်အကြာ မှေးမှိန်သွားတဲ့ အစီရင်ခံစာများအရ ဂျပန်ကျွန်းစုရဲ့ မြောက်ဘက်စွန်းကျွန်း အနီးရှိ Kuril ကျွန်းတွေဟာ အမှန်တကယ်ကြီးမားတဲ့ အချိုးအစားနဲ့ သာယာလှပတဲ့ အပင်မျိုးကွဲများနေထိုင်ရာ နေရာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သာမန်အရွယ်ရောက်သူတစ်ဦးလောက်ရှိတဲ့ ဧရာမအပင်မျိုးတွေဖြစ်ပါတယ်။

ရုရှားသတင်းစာ Izvestia မှ ဖော်ပြချက်အရ ရုရှားသိပ္ပံပညာရှင်များက Sakhalin ကျွန်းရဲ့ အချို့ဒေသတွေမှာ ဧရာမအပင်တွေဟာ ကြာမြင့်စွာ ရှည်သန်နိုင်ပါတယ် ။ ၃ မီတာအမြင့်ရှိ Buckwheat အပင်များ နဲ့ burdock အရွက်များဟာ ၅ မီတာအထိ ရောက်ရှိလာခဲ့ပါတယ်။

သိပ္ပံပညာရှင်များ နဲ့ ရုရှားသိပ္ပံသုတေသီများရဲ့ အဆိုအရ Sakhalin နဲ့ Kunashir ကျွန်းများရဲ့ တောင်ဘက်ရှိ ဒေသ ၁၂ ခုမှာ ထူးခြားစွာတဲ့ ဧရာမအပင်များ နဲ့ ပတ်သက်ပြီး လေ့လာမှုများပြုလုပ်ခဲ့ပါတယ်။ ထင်ရှားတဲ့မြက်ပင်ရဲ့ အရွယ်အစားဟာ အပင်များက ပတ် ၀ န်းကျင်နဲ့ အနည်းငယ်သာ သက်ဆိုင်ပါတယ်။

ပတ်ဝန်းကျင်မှ ထုတ်ယူပြီး အခြားနေရာများကို စိုက်ပျိုးတဲ့အခါ ၎င်းတို့ဟာ သာမန်အရွယ်အစားသာ ကြီးထွားလာပါတယ်။ ဧရာမအပင်များက ကမ္ဘာ့အပေါ်ယံလွှာမှာ တည်ရှိတဲ့ gley နဲ့ ရေစိုတဲ့မြေဆီလွှာပေါ်မှာ ကြီးထွားလာတာကြောင့်ဖြစ်ပါတယ်။ ၎င်းမှတစ်ဆင့် အပင်များရဲာ အမြစ်ကိုလည်း အပူ နဲ့ ရေနံဟိုက်ဒရိုကာဘွန်များ ထောက်ပံ့ပေးထားတာပါ။ ပိုမိုမြင့်မားတဲ့ ကြေးနီ နဲ့ ခရိုမီယမ်ဒြပ်ပေါင်းတို့ကလည်း ထူးခြားတဲ့ ကြီးထွားမှုရဲ့ အလားအလာရှိတဲ့အချက်တစ်ခုအဖြစ်ကြောင်းကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။

မူရင်း ( ခရက်ဒစ် )

Zawgyi






မူရင်း ( ခရက်ဒစ် )