CELEBRITY NEWS

Penthouseကားထဲက ဇာတ်ကောင်ပုံစံနဲ့ အပြင်မာ လုံးဝကွာခြားပြီး အချစ်ခံနေရတဲ့ မင်းသမီး Eungene

Penthouse စတား မင်းသမီး Eungene ရဲ့ ခင်ပွန်းသည် မင်းသား Ki Tae Young ဟာ KBS ရဲ့ ရုပ်သံရှိုး ‘Fun Staurant’ မှာ ပါဝင်တင်ဆက်နေပြီး ဇွန်လ ၁၈ ရက်နေ့ကအပိုင်းမှာ ဇနီးသည် Eungene ထိုးပေးထားတဲ့ အိတ်ကို အစီအစဉ်မှာ ထုတ်ကြွားခဲ့ပါတယ်။

KiTae Young က Eungene ဟာ သိုးမွေးထိုးရတာကို နှစ်သက်ပြီး ကလေးနဲ့ သူ့အတွက် အသုံးအဆောင်တွေကို ထိုးပေးလေ့ရှိတယ့်မိခင်တစ်ယောက်ပါ။

Eungene က သိုးမွေးထိုးရတာ ကြိုက်တယ်။ အထူးသဖြင့်တော့ အိတ်တွေပေါ့။ အဲဒီအိတ်တွေက ကျွန်တော့်အတွက်တော့ တခြားအိတ်တွေထက် အဖိုးအတန်ဆုံးပါပဲ။ luxury brands တွေထက်တောင်မှပေါ့” လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

သူမက သိုးမွေးထိုးတာ အရမ်းတော်တယ်။ သမီးအတွက် အိတ်တွေ၊ အကီၤျလေးတွေထိုးပေးတယ်။ သူ ကိုယ်ဝန်နဲ့တုန်းကဆိုရင် သိုးမွေးထိုးတဲ့နေရာမှာ အချိန်တော်တော်သုံးဖြစ်တယ်။ သူမလုပ်ထားတဲ့ အရာအားလုံးကို ကျွန်တော်တကယ် မြတ်နိုးတယ်” လို့လဲ ဖြေကြားခဲ့ပါတယ်။
Ki Tae Young က Eungene ထိုးထားတဲ့ အိတ်နဲ့ ဝတ်စုံပုံတချို့ကိုလည်း ပြသခဲ့ပြီး ကွဲပြားတဲ့ pattern ပုံစံနဲ့ အရောင်စုံကို သုံးပြီး ထိုးထားတာကို တွေ့ရပြီး အကုန်လုံးကလည်း Eungene ရဲ့ စွမ်းရည်ကို ချီးကျူးခဲ့ကြပါတယ်။