Articles

အကြော်သည်အမေအိုတစ်ယောက်ရဲ့ ရင်တွင်းစကားသံကို ကြားလိုက်ရသောအခါ

Unicode :

အကြော်တစ်ခုကို ၅၀ပါ…၁၀၀ဖိုးကို ၃ ခု ထားလိုက်…

မရလို့ပါကွယ်…၂၀၀ ဖိုး ၅ ခုတော့ ထားလိုက်ပါလို့

ပြောလိုက်သောအခါ

“ကျွန်တော်နဲ့အကြော်သည်အမေကြီး”အမှတ်တမဲ့ပါပဲ

နားထဲခပ်သဲ့သဲ့ကြားလိုက်တာပါ။

 

အကြော်တစ်ခုကို ဘယ်လောက်လဲ ?ကလေးတစ်

ယောက်ကိုလက်ဆွဲပြီးတော့ အမျိုးသမီးတစ်ယောက်

(ငွေကြေးပြည့်စုံတဲ့ အသိုင်းအဝိုင်းက ပုံစံမျိုးပါပဲ)

အကြော်ဝယ်ဖို့မေးနေတဲ့ အသံပါ။

အကြော်တစ်ခုကို ၅၀ပါ၁၀၀ဖိုးကို ၃ ခု ထားလိုက်

မရလို့ပါကွယ်၂၀၀ ဖိုး ၅ ခုတော့ ထား…

တအောင့်လောက်နေတော့..နောက်ထပ်ကြား

လိုက်ရတယ်”လာ…သား…အကြော်တွေက

ညစ်တီးညစ်ပတ်နဲ့ မသန့်ရှင်းဘူး…မစားချင်

နဲ့..သား”..ဆိုပြီး .ကလေးကို ဆွဲခေါ်သွားတယ်။

 

ကျွန်တော် စိတ်ဝင်စားသွားတယ်…သေချာလှမ်းကြည့်

လိုက်တော့…အသက်(၆၀)ကျော် အမေကြီး

တစ်‌ေယာက်အကြော်ရောင်းနေတာကို

အမျိုးသမီးတစ်ယောက်က ဈေးဆစ်နေတာ။

သြော်..လူတွေများခက်လိုက်တာဗျာ

အကြော်ဝယ်ဖို့ ဈေးဆစ်လို့မရတော့

ညစ်ပတ်တယ်မစားနဲ့လို့ ပြောသွားတယ်။

 

ထိုအမျိုးသမီးရဲ့ စိတ်ဓာတ်နဲ့အဆင့်အတန်းကို

မဝေဖန်ချင်တော့ မစဉ်းစားချင်တော့ဘဲ

အကြော်သည်အမေကြီးကို ကြည့်လိုက်တော့

အားငယ်သွားတဲ့မျက်နှာလေးနဲ့ထွက်ခွာသွားတယ်။

“ဟောဒီက…အကြော်ပူပူလေး…”ရင်ထဲမှာ

တော်တော်လေးစိတ်မကောင်းဖြစ်သွားတယ်

ကျွန်တော် ကမန်းကတန်းလှမ်းခေါ်လိုက်တယ်

 

အမေကြီး…

ခဏနေပါအုံးဗျ အကြော်ဝယ်ချင်လို့ပါ

ပြန်လှည့်လာပြီး…အကြော်ဗန်းကို ချပေးတယ်

ကြည့်လိုက်တော့ မုန့်ပေါင်းနဲ့ အကြော်လေးတွေက

အစီအရီ…ဗန်းထဲမှာ စားချင်စဖွယ်

သန့်သန့်ရှင်းရှင်းလုပ်ထားတာပါ။

 

(စဉ်းစားမိတယ် နေရဲ့ အပူရှိန်အောက်မှာ အကြော်

တွေကမနက်က ကြော်ထားတာဖြစ်နိုင်ပေမယ့် အပူရှိန်

ကြောင့် အကြော်တွေကပူနေမှာမလွဲ

အကြော်ပူပူလေးလို့ အော်ရောင်းတာနဲ့ အကိုက်ပဲ)

သြော်..ဒီအသက်အရွယ်နဲ့ နေပူပူမှာ

ဘယ်လောက်ပင်ပန်း ရှာလေမလဲ….

ငါ့အမေ များ ဒီလိုဆိုရင်ဆိုတဲ့ အတွေးနဲ့

ကိုယ်ချင်းစာစိတ်မကောင်းဖြစ်မိတယ်။

 

အမေကြီး ” အကြော် တစ်ခု ဘယ်လောက်လဲ”

သိပေမယ့် ထပ်မေးလိုက်တယ်…” အကြော်တစ်ခု

(၅၀)ပါ သားလေးရယ်”(နောက်ထပ်ဈေးဆစ်မှာ

ရောင်းမကောင်းမှာစိုးရိမ်နေပုံပါပဲ..မျက်နှာပေါ်က

ချွေးစက်တွေကိုသဘက်နဲ့သုတ်ရင်း

ခပ်တိုးတိုးဖြေတယ်)

” အမေကြီး အကြော်တွေက စားချင်စရာပဲ..စား

ကောင်းမယ့်ပုံပဲဗျ ” ..ဆိုပြီး အကြော်တစ်ခုကို

ကောက်ဝါးလိုက်တယ်။(သူ့ခမျာ အမောပြေ

သဘောကျသွားပုံပဲညှိုးငယ်နေတဲ့

မျက်နှာချက်ခြင်းပြုံးလာတယ် ဝမ်းသာသွားပုံပဲ)

” အရသာရှိတယ် အမေကြီးး.ရုံးကလူတွေလည်း

ကျွေးချင်လို့ ..အကုန်လုံးဆိုရင်ဘယ်လောက်ကျလဲ”

လို့မေးပြီး..ငါးထောင်တန် တစ်ရွက်ထုတ်

ပေးလိုက်တယ် အကြော်တွေထည့်ရင်းနဲ့…

ဗန်းအောက်က ငါးရာတန်နဲ့နှစ်ရာတန်

အနွမ်းလေးတွေတုန်တုန်ရီရီနဲ့ ထုတ်ရေပြီး..

ပြန်အမ်းဖို့ ကြိုးစားနေတယ်။

 

“ရတယ်အမေကြီး..ပြန်မအမ်းပါနဲ့တော့” ဆိုတော့

“မဟုတ်တာ သားလေးရယ်” တဲ့” ရတယ်..

ပိုတာကိုကုသိုလ်လုပ်တာပါလို့ ပြောလိုက်

ရော….ကျေးဇူးတင်လိုက်တာ စိတ်ကောင်းရှိလိုက်တာ

သားလေးရယ်။အိမ်က သားတွေများ ဒီလိုသိတတ်ရင်

ဆိုပြီး ပုခုံးပေါ်တင်ထားတဲ့ သဘက်အနွမ်းလေးနဲ့

မျက်ရည်စတချို့ကို ဖျတ်ခနဲသုတ်ရှာတယ်။

 

“ရင်ထဲမှာမကောင်း မိဘချင်းကိုယ်ချင်းစာစိတ်နဲ့

မျက်ရည်လည်မိတယ်” အမေကြီး အသက်

ဘယ်လောက်ရှိပြီလဲ ဆိုတော့(၆၅)နှစ်တဲ့

ကျွန်တော့်အမေနဲ့ အသက်သိပ်မကွာ။လောကဒဏ်ရဲ့

ရိုက်ပုတ်မှု၊ပင်ပန်းဆင်းရဲမှု‌ေတွကြောင့်

အမေ့ထက်တောင် အများကြီးအိုစာနေပါလား။

 

“တကယ်ဆို ဒီအရွယ်က ဘုရားရိပ်..တရားရိပ်

မှာ..တရားအားထုတ်ပြီး အေးအေးချမ်းချမ်းနေရမယ့်

အရွယ်လေ”သားသမီးတွေ ရှိလားလို့လည်း

ကျွန်တော် မမေးချင်တော့ပါ….သားသမီးတွေက

မထောက်ပံ့ကြဘူးလားလို့လည်း မမေးချင်တော့ပါ…

ဒီလို ပင်ပင်ပန်းပန်း ဈေးရောင်းနေကြရတဲ့

အမေမျိုးတွေ မြန်မာပြည်မှာ ဘယ်လောက်တောင်

ရှိနေမလဲ…ကျွန်တော်ကကော ဘယ်နှစ်ခါ

ဘယ်လောက်ကူညီနိုင်မှာမို့လဲ။

တကယ်တော့ ….လူတိုင်းရဲ့ ရင်ထဲမှာ ကိုယ်ချင်းစာ

နားလည်တတ်တဲ့စိတ် သားသမီးတိုင်းရဲ့ ရင်ထဲ

မှာ..မိဘကျေးဇူးကိုသိတတ်နားလည်လုပ်ကျွေး

ပြုစုချင်တဲ့စိတ်လူသားတိုင်းရဲ့ ရင်ထဲမှာကိုယ်စီ

တာဝန်ကျေနားလည်မှုတွေအပြည့်ရှိနေကြမယ်ဆိုရင်

ဘယ်လောက်ကောင်းလိုက်မလဲ…


Zawgyi :

အေၾကာ္တစ္ခုကို ၅၀ပါ…၁၀၀ဖိုးကို ၃ ခု ထားလိုက္…

မရလို႔ပါကြယ္…၂၀၀ ဖိုး ၅ ခုေတာ့ ထားလိုက္ပါလို႔

ေျပာလိုက္ေသာအခါ

“ကြၽန္ေတာ္နဲ႕အေၾကာ္သည္အေမႀကီး”အမွတ္တမဲ့ပါပဲ

နားထဲခပ္သဲ့သဲ့ၾကားလိုက္တာပါ။

 

အေၾကာ္တစ္ခုကို ဘယ္ေလာက္လဲ ?ကေလးတစ္

ေယာက္ကိုလက္ဆြဲၿပီးေတာ့ အမ်ိဳးသမီးတစ္ေယာက္

(ေငြေၾကးျပည့္စုံတဲ့ အသိုင္းအဝိုင္းက ပုံစံမ်ိဳးပါပဲ)

အေၾကာ္ဝယ္ဖို႔ေမးေနတဲ့ အသံပါ။

အေၾကာ္တစ္ခုကို ၅၀ပါ၁၀၀ဖိုးကို ၃ ခု ထားလိုက္

မရလို႔ပါကြယ္၂၀၀ ဖိုး ၅ ခုေတာ့ ထား…

တေအာင့္ေလာက္ေနေတာ့..ေနာက္ထပ္ၾကား

လိုက္ရတယ္”လာ…သား…အေၾကာ္ေတြက

ညစ္တီးညစ္ပတ္နဲ႕ မသန႔္ရွင္းဘူး…မစားခ်င္

နဲ႕..သား”..ဆိုၿပီး .ကေလးကို ဆြဲေခၚသြားတယ္။

 

ကြၽန္ေတာ္ စိတ္ဝင္စားသြားတယ္…ေသခ်ာလွမ္းၾကည့္

လိုက္ေတာ့…အသက္(၆၀)ေက်ာ္ အေမႀကီး

တစ္‌ေယာက္အေၾကာ္ေရာင္းေနတာကို

အမ်ိဳးသမီးတစ္ေယာက္က ေဈးဆစ္ေနတာ။

ေၾသာ္..လူေတြမ်ားခက္လိုက္တာဗ်ာ

အေၾကာ္ဝယ္ဖို႔ ေဈးဆစ္လို႔မရေတာ့

ညစ္ပတ္တယ္မစားနဲ႕လို႔ ေျပာသြားတယ္။

 

ထိုအမ်ိဳးသမီးရဲ႕ စိတ္ဓာတ္နဲ႕အဆင့္အတန္းကို

မေဝဖန္ခ်င္ေတာ့ မစဥ္းစားခ်င္ေတာ့ဘဲ

အေၾကာ္သည္အေမႀကီးကို ၾကည့္လိုက္ေတာ့

အားငယ္သြားတဲ့မ်က္ႏွာေလးနဲ႕ထြက္ခြာသြားတယ္။

“ေဟာဒီက…အေၾကာ္ပူပူေလး…”ရင္ထဲမွာ

ေတာ္ေတာ္ေလးစိတ္မေကာင္းျဖစ္သြားတယ္

ကြၽန္ေတာ္ ကမန္းကတန္းလွမ္းေခၚလိုက္တယ္

 

အေမႀကီး…

ခဏေနပါအုံးဗ် အေၾကာ္ဝယ္ခ်င္လို႔ပါ

ျပန္လွည့္လာၿပီး…အေၾကာ္ဗန္းကို ခ်ေပးတယ္

ၾကည့္လိုက္ေတာ့ မုန႔္ေပါင္းနဲ႕ အေၾကာ္ေလးေတြက

အစီအရီ…ဗန္းထဲမွာ စားခ်င္စဖြယ္

သန႔္သန႔္ရွင္းရွင္းလုပ္ထားတာပါ။

 

(စဥ္းစားမိတယ္ ေနရဲ႕ အပူရွိန္ေအာက္မွာ အေၾကာ္

ေတြကမနက္က ေၾကာ္ထားတာျဖစ္နိုင္ေပမယ့္ အပူရွိန္

ေၾကာင့္ အေၾကာ္ေတြကပူေနမွာမလြဲ

အေၾကာ္ပူပူေလးလို႔ ေအာ္ေရာင္းတာနဲ႕ အကိုက္ပဲ)

ေၾသာ္..ဒီအသက္အ႐ြယ္နဲ႕ ေနပူပူမွာ

ဘယ္ေလာက္ပင္ပန္း ရွာေလမလဲ….

ငါ့အေမ မ်ား ဒီလိုဆိုရင္ဆိုတဲ့ အေတြးနဲ႕

ကိုယ္ခ်င္းစာစိတ္မေကာင္းျဖစ္မိတယ္။

 

အေမႀကီး ” အေၾကာ္ တစ္ခု ဘယ္ေလာက္လဲ”

သိေပမယ့္ ထပ္ေမးလိုက္တယ္…” အေၾကာ္တစ္ခု

(၅၀)ပါ သားေလးရယ္”(ေနာက္ထပ္ေဈးဆစ္မွာ

ေရာင္းမေကာင္းမွာစိုးရိမ္ေနပုံပါပဲ..မ်က္ႏွာေပၚက

ေခြၽးစက္ေတြကိုသဘက္နဲ႕သုတ္ရင္း

ခပ္တိုးတိုးေျဖတယ္)

” အေမႀကီး အေၾကာ္ေတြက စားခ်င္စရာပဲ..စား

ေကာင္းမယ့္ပုံပဲဗ် ” ..ဆိုၿပီး အေၾကာ္တစ္ခုကို

ေကာက္ဝါးလိုက္တယ္။(သူ႕ခမ်ာ အေမာေျပ

သေဘာက်သြားပုံပဲညွိုးငယ္ေနတဲ့

မ်က္ႏွာခ်က္ျခင္းၿပဳံးလာတယ္ ဝမ္းသာသြားပုံပဲ)

” အရသာရွိတယ္ အေမႀကီးး.႐ုံးကလူေတြလည္း

ေကြၽးခ်င္လို႔ ..အကုန္လုံးဆိုရင္ဘယ္ေလာက္က်လဲ”

လို႔ေမးၿပီး..ငါးေထာင္တန္ တစ္႐ြက္ထုတ္

ေပးလိုက္တယ္ အေၾကာ္ေတြထည့္ရင္းနဲ႕…

ဗန္းေအာက္က ငါးရာတန္နဲ႕ႏွစ္ရာတန္

အႏြမ္းေလးေတြတုန္တုန္ရီရီနဲ႕ ထုတ္ေရၿပီး..

ျပန္အမ္းဖို႔ ႀကိဳးစားေနတယ္။

 

“ရတယ္အေမႀကီး..ျပန္မအမ္းပါနဲ႕ေတာ့” ဆိုေတာ့

“မဟုတ္တာ သားေလးရယ္” တဲ့” ရတယ္..

ပိုတာကိုကုသိုလ္လုပ္တာပါလို႔ ေျပာလိုက္

ေရာ….ေက်းဇူးတင္လိုက္တာ စိတ္ေကာင္းရွိလိုက္တာ

သားေလးရယ္။အိမ္က သားေတြမ်ား ဒီလိုသိတတ္ရင္

ဆိုၿပီး ပုခုံးေပၚတင္ထားတဲ့ သဘက္အႏြမ္းေလးနဲ႕

မ်က္ရည္စတခ်ိဳ႕ကို ဖ်တ္ခနဲသုတ္ရွာတယ္။

 

“ရင္ထဲမွာမေကာင္း မိဘခ်င္းကိုယ္ခ်င္းစာစိတ္နဲ႕

မ်က္ရည္လည္မိတယ္” အေမႀကီး အသက္

ဘယ္ေလာက္ရွိၿပီလဲ ဆိုေတာ့(၆၅)ႏွစ္တဲ့

ကြၽန္ေတာ့္အေမနဲ႕ အသက္သိပ္မကြာ။ေလာကဒဏ္ရဲ႕

ရိုက္ပုတ္မႈ၊ပင္ပန္းဆင္းရဲမႈ‌ေတြေၾကာင့္

အေမ့ထက္ေတာင္ အမ်ားႀကီးအိုစာေနပါလား။

 

“တကယ္ဆို ဒီအ႐ြယ္က ဘုရားရိပ္..တရားရိပ္

မွာ..တရားအားထုတ္ၿပီး ေအးေအးခ်မ္းခ်မ္းေနရမယ့္

အ႐ြယ္ေလ”သားသမီးေတြ ရွိလားလို႔လည္း

ကြၽန္ေတာ္ မေမးခ်င္ေတာ့ပါ….သားသမီးေတြက

မေထာက္ပံ့ၾကဘူးလားလို႔လည္း မေမးခ်င္ေတာ့ပါ…

ဒီလို ပင္ပင္ပန္းပန္း ေဈးေရာင္းေနၾကရတဲ့

အေမမ်ိဳးေတြ ျမန္မာျပည္မွာ ဘယ္ေလာက္ေတာင္

ရွိေနမလဲ…ကြၽန္ေတာ္ကေကာ ဘယ္ႏွစ္ခါ

ဘယ္ေလာက္ကူညီနိုင္မွာမို႔လဲ။

တကယ္ေတာ့ ….လူတိုင္းရဲ႕ ရင္ထဲမွာ ကိုယ္ခ်င္းစာ

နားလည္တတ္တဲ့စိတ္ သားသမီးတိုင္းရဲ႕ ရင္ထဲ

မွာ..မိဘေက်းဇူးကိုသိတတ္နားလည္လုပ္ေကြၽး

ျပဳစုခ်င္တဲ့စိတ္လူသားတိုင္းရဲ႕ ရင္ထဲမွာကိုယ္စီ

တာဝန္ေက်နားလည္မႈေတြအျပည့္ရွိေနၾကမယ္ဆိုရင္

ဘယ္ေလာက္ေကာင္းလိုက္မလဲ…