Love & Relationship

၁၁နှစ်ကြာ စိတ်ဝေဒနာရှင် ဖြစ်ပြီး အိမ်မှဦးတည့်ရာ ထွက်သွားခဲ့သည့် အမျိုးသား ကိုဇနီးသည်က ပြန်တွေ့သောအခါ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အ ကြောင်းလေးကတော့ ကိုယ် အရမ်း ချစ်ခင်ရသူက ကိုယ့်ကို ခွဲခွာသွားတဲ့အခါ ရင်ထဲမှာ မချိတင်ကဲနဲ့ ဟိုနေရာမှာများတွေ့မလား ဒီနေရာမှာများ သူကိုတွေ့မလားဆိုပြီး ရှာမိတက်ကြတာ လူတိုင်းပါပဲ။

အခုလဲ ဗီယက်နမ်က အမျိုးသမီးတယောက်က နှစ်တွေအကြာရီး ကိုယ့်အနားက ထွက်ခွာသွားပြီး ကိုယ့်မှာတော့ စိတ်မကုန်ပဲ မမေ့နိုင်၍ ပြန်ဆုံတွေ့အောင် ဆုတောင်းခြင်း လိုက်ရှာခြင်းများပြုလုပ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ မျှော်လင့်ထားသည့်အတိုင်း ပြန်ဆုံခဲ့လို့ အင်မတန် ဝမ်းသာနေပါတယ်။

သူတို့ အဖြစ်ပျက်လေးက ဒီလိုပါ ”

ဗီယက်နမ်နိုင်ငံ Thanh Son ခရိုင်တွင် နေထိုင်သော အိမ်ထောင်သည် အမျိုးသားသည် စိတ်ဝေဒနာရှင် ဖြစ်ပြီး အိမ်မှ ရှေဦးတည့်ရာ ထွက်သွားပစ်ခဲ့သည်မှာ ၁၁နှစ်ကြာ ရှိသွားခဲ့သည်။

ဇနီးဖြစ်သူမှာလည်း ဘယ်နေရာမှ ရှာမရခဲ့၍ ရင်ကွဲ ပက်လက်ကျန်ခဲ့ရင်း သားသမီးတွေနှင့်အတူ စားဝတ်နေရေး အတွက်ရုန်းကန်ရင်း စိတ်ဝေဒနာ ခင်ပွန်းသည်အား အချိန်ရရင် ရသလိုကြိုးစားရှာခဲ့သော် လည်း အချည်းနှီးသာဖြစ်ရသည်။

ကံကောင်းချင်၍ ဇနီးဖြစ်သူသည် ဖုန်းထဲတွင် Tik Tok ကြည့်နေရင်း ခင်ပွန်းနှင့်တူသော အမျိုးသားအား ညစ်ပတ်ပေစုတ်နေကာ အိမ်ခြေရာမဲ့ တောင်းရမ်း စားသောက်သူအဖြစ် တွေ့ရှိခဲ့ရာဗီဒီယိုအား အကြိမ်ကြိမ် ပြန်ရစ်ကြည့်ခဲ့သည်။

ဇနီးသည်လည်း Tik Tok တင်ထားသော ပိုင်ရှင်အား မေးမြန်းစုံစမ်းခဲ့ရာ ရင်ဘတ်တွင် တက်တူးပါမပါ
ကြည့်ပေးရန် အကူအညီတောင်းခဲ့ရင်း နောက်ဆုံးတွင် သူမရဲ့ အနှစ်နှစ် အလလ ရှာနေသော ခင်ပွန်းဖြစ်နေ၍ ဝမ်းသာလွန်းပြီး မျက်ရည်များပါကျခဲ့ရသည်။ထို့နောက် ခင်ပွန်းရှိရာ ဒေသသို့ ဆွေမျိုးများနှင့်အတူ သွားရောက်၍ အိမ်သို့ပြန်ခေါ်ဆောင်လာခဲ့ပြီး အရင်တိုင်းပြုစုစောင့်ရှောက်ပေးခဲ့သည်။”

ဒီအဖြစ်ပျက်လေးမှာ မင်မင်ကတော့ နှစ်တွေကြာတာတောင် ယောက်ျားဖြစ်သူက သူတောင်းစားဖြစ်နတာတောင် ယောက်ျားပေါ် မေတ္တာမပျက်ပဲ သစ္စာရှိလွန်းတဲ့ ဇွဲရှိလွန်းတဲ့ ဇနီးဖြစ်သူကိုပဲ ချီးမွမ်းချင်ပါတယ်။
သစ္စာ မေတ္တာကြီးမားတဲ့ ဇနီးကို ပိုင်ဆိုင်ခွင့်ရတာလဲ ယောက်ျားလေးများအတွက် ကံကောင်းခြင်း လက် ဆောင်တခုပါပဲဗျာ …

စာဖတ်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်း သာကြပါစေ။