AMAZING

လက်ထပ်ခွင့်တောင်းခံရမယ့် အစ်မဖြစ်သူအတွက် မျက်မြင်သက်သေအနေနဲ့ ချုံပုတ်လိုဟန်ဆောင်ပြီး စောင့်ကြည့်ပေးနေခဲ့တဲ့ ညီမ

အခြားစုံတွဲတွေ လက်ထပ်ခွင့်တောင်းခံနေတဲ့ အဖြစ်အပျက်လေးတွေကိုကြည့်ရင် အရမ်းကြည်နှုးမိတာကို လူတိုင်းခံစားမိကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း Merkel အမည်ရှိတဲ့ မိန်းကလေးဟာ သူမရဲ့အစ်မဖြစ်သူ Rachel ကို ချစ်သူကောင်လေး Andrew က လက်ထပ်ခွင့်တောင်းတော့မှာကို ကြိုတင်သိထားနင့်သူပါ ။ အစ်မဖြစ်သူကလည်း Andrew အား ငါ့ကိုလက်ထပ်ခွင့်တောင်းရင် အဲ့နေရာမှာလုပ်ပေး ဆိုပြီးတောင်းဆိုခဲ့ဖူးတာကြောင့် Merkel က နေရာကိုပါကြိုတင်သိနင့်ထားသူပါ ။

ချစ်သူကောင်လေး Andrew ကလည်း အဆိုပါနေရာကို Rachel အကြိုက်တွေ့စေမဲ့ ပန်းပွင့်လေးတွေနဲ့ အလှဆင်ပြီး လက်ထပ်ခွင့်တောင်းနေခဲ့တာပါ ။ အစ်မဖြစ်သူက ‘yes’ လို့ မပြောခင် ချုံပုတ်ထဲမှာရှိနေတဲ့ Merkel ကမနေနိုင်တော့ဘဲ ထ ထွက်လာပြီး ‘ သူမက yes တဲ့ ၊ yes လို့ ပြောလိုက်တယ် ‘ ဆိုပြီး အော်ခဲ့ပါတယ် ။ အစ်မဖြစ်သူကလည်း အံ့အားသင့်ခဲ့ရပြီး ‘ ဘာလဲဟ…ထူးဆန်းတဲ့ ချုံပုတ်ပဲ ‘ ဆိုပြီး ပြောဆိုကာ လက်ထပ်ခွင့်တောင်းဆိုခဲ့တဲ့အခြေအနေလေးက ပျော်ရွှင်စရာ ၊ ဟာသဆန်ဆန်နဲ့ ပြီးမြောက်သွားခဲ့ပါတယ် ။

.

.

crd

Zawgyi



crd