Daily News

အချိန်မရလဲ ( ၅ )မိနစ်စာလောက် ခဏဝင်၍ ဖတ်ကြည့်ပေးစေချင်တယ်

မနက် 11 : 30 အချိန်လောက် ရှိနေပြီ ” လမ်းဘေးက ကော်ဖီဆိုင်ရဲ့ မြေတလင်းပြင်လေးမှာ ( ၇၅ ) နှစ် အရွယ် ၊အမေအို တစ်ယောက်နဲ့ တွေ့တော့ စကားမစပ် မေးမိပါတယ် ”။ ” အမေ” ဒီမှာ ဘာထိုင်လုပ်နေတာလဲ လို့ပေါ့။

ချိ့နဲ့နဲ့ အားအင်လေးနဲ့ ထကာ ” ကတုန်ကယင် အသံလေးတွေနဲ့ ..အမအိုပြောပုံက သားနဲ့ / သမီး လွှဲလိုက်တဲ့ ပိုက်ဆံလာထုပ်တာပါ ဘဏ်ရုံးမဖွင့်သေးလို့. ခနထိုင်စောင့်နေတာပါတဲ့ ၊၊

အမေ ဘာစားပြီးပြီလဲ မေးတော့….ဘာမှ့မစားရသေးပါဘူး သားရယ် မနက်ကတည်းက ရုံးဖွင်မည့် အချိန်ကို စောင့်နေတာ ” လာပါ ” အမေ ဆိုပြီး မုန့်ဟင်းခါး ဆိုင်ဘေးနားက ” ထမင်းဆိုင်လေးမှာ အမေအို အတွက် ထမင်းပွဲလေး မှာပြီး စီစဉ်ပေးလိုက်တယ် ၊၊ ဗိုက်ဆာနေလို့လား မသိပါဘူး ” အမအို စားလိုက်တာ ဇွတ်ရောတင်းရောပဲ ……

ကျွန်တော်ဖြင့် သနားလိုက်တာ ၊ မျက်ရည်တောင် ဝဲမိတယ် ၊၊ နေ့လယ်အချိန် ရောက်လာတော့ ရုံးက မဖွင့်သေးဘူး ဒီနေ့ရုံးပိတ်များလား မသိဘူး သေချာအောင် အမေ့ သားသမီးတွေဆီဖုန်းဆက်ကြည့်ပါ့လား။ ဖုန်းပါလား မေးလိုက်တော့ ပါတယ် ပါပါတယ် သားရယ် ပြောကာ အိပ်ထဲက. ဖုန်းလေးကို မမိတမိ ဆွဲကာ ကျွန်တော်ကို လှမ်းကြည့်နေတယ်၊၊ ဖုန်းနံပတ် သိလား အမေ ”

” ဒါပဲ သား ဒိဖုန်းနံပါတ်ပဲဆိုပြီး ပြောရင်းဆိုရင်း အမေအိုက ဖုန်းကိုဖွင့်ကာ နံပတ်တွေအား နှိပ်တော့တယ် ၊၊ လက်တွေ တုန်နေတာမို့ ၊ နှိပ့်၍ မရပေ၊၊ ကျွန်တော်လည်း ဖုန်းနံပတ်ကို အတိအကျ နှိပ့်ပြီး ဖုန်းခေါ်ကြည့်တော့ ဖုန်းဝင်သွားတယ်ဗျ ” ( ဟဲလို ) အကို……. ဒီမှာ အကိုရဲ့ ” အမေ ” ဘဏ်ရုံးမှာ လွှဲပေးတဲ့ အကိုပိုက်ဆံအချို့ကို လာပြီး ထုပ်တယ် ၊၊

အကို လွဲပေးလိုက်ပြီလား ” လွဲမပေးပါဘူး … ပိုက်ဆံရှာရတာ လွယ်တာ မဟုတ်ဘူးကွ ” အိမ်လည်း ပြန်လာမအားဘူး ” အလုပ်ရူပ်နေတယ် ….

ကျွန်တော် အဖွားအိုဘက် တစ်ချက်လှည့်ကြည့်တော့ ” ပြုံးစိစိနဲ့ အဖွားကလုပ်နေတယ် ၊၊ ငါ့သားလေးက ငါ့ကို လွမ်းနေတဲ့ အကြောင်းတွေ ပြောနေတာ ဖြစ်မယ်ဆိုပြီး…. အဖွားက ပြုံးပြုံးလေးနဲ့ ပြောပြနေတယ် ၊၊

( ဟဲလို ) ….အကို

အေး….. ပိုက်ဆံ လွဲမပေးတော့ဘူးလို့ ပြောလိုက် အဲ့အဖွားကြီးကို ” ပြီးတော့ ငါကဒီမှာ မိသားစု့ရှိနေပြီ ” ပျော်ပျော်ရွှင်ရွှင်လေး နေပါရစေကွာ။ လာမနှောက်ယှက်ပါနဲ့လို့ ပြောလိုက် အဖွားကြီးကို ….ဒါပဲ ဖုန်းချပြီ ” ဖုန်းပြောပီးအချိန်မှာ ” အမေအိုက ” သားဘာပြောလဲဟင်၊၊ အမေ့ကို နေကောင်းလားလို့ မေးတယ်မလား၊၊

အိမ်ပြန်လာမယ်လို့ရောပြောသေးလား။ အမေအို ကြားချင်နေတဲ့ စကားတွေ ကျွန်တော် လိမ်ညာပီး ဖြည့်ပြောပေးရမှာလား ၊၊ သားသမီးတွေရဲ့ စကားတွေကို ပြန်ပြောပြလိုက်ရင် ” အမေအို ရင်ကွဲပက်လက်ဖြစ်သွားမှာ စိုးတယ်။ ကျွန်တော် ထိန်းမရတဲ့ မျက်ရည်တွေနဲ့. ငိုချပစ်လိုက်တယ်၊၊ အမေ့ရဲ့ အဖြစ်ကို ကြည့်ပြီး ရင့်ကျိုးမရဖြစ်ခဲ့မိတယ်။ ကျွန်တော်ငိုတာကို ” အမေအိုက မြင်တော့ …

ဘာလို့ ငိုနေတာလဲ ” သား ”

သြော် အမေ့ရဲ့ ( သားသမိးတွေဆီက ဝမ်းသာတဲ့ စကားကြားရလိူ့ပါ။ ဒါကြောင့်ငိုတာပါ အမေလို့ ပြန်ပြောရင်း ကျွန်တော် အမေအိုကို အိမ်ခေါ်သွားတယ် ၊၊ ” အိမ်ပြန်ရောက်တော့ ” ယူပါ အမေ…ဒါက အမေ့ရဲ့ သားသမီးဆီက လွှဲပေးတဲ့ငွေတွေပါ။ တကယ်တော့ အဖွားအို မသိအောင် ကျွန်တော့်ရဲ့. ပိုက်ဆံအိပ်ထဲက. ငွေ ( ၂ )သိန်းကို ထုတ်ပြီး။ အဖွားအိုအတွက် ကန်တော့လိုက်တာပါ။

ကျေးဇူးမသိတဲ့ သားတွေ ၊ သမီးတွေအတွက်ရင်လေးမိပါတယ်၊၊ မုန်းလည်း မုန်းတီးမိပါတယ် ၊၊ရှာမကျွေးချင်နေပါ ဒုက္ခမပေးကြပါနဲ့။ လုပ်မကျွေးချင်နေပါ။ မစော်ကားကြပါနဲ့။ မေမေ ကျေးဇူးသိတတ်ပြီး ကျေးဇူးဆပ်နိုင်ကြတဲ့ သားကောင်း ၊ သမီးကောင်း ရတနာလေးများ ဖြစ်နိုင်ကြပါစေ၊၊

မေတ္တာများဖြင့် Credit Original Writer