Love & Relationship

တစ်ဖဝါးမှ မခွဲချင်တာကြောင့် (၁၂၃)ရက်ကြာလက်ထိတ်ခတ်ပြီး အတူနေခဲ့တဲ့စုံတွဲရဲ့ ရင်နာစရာ ဇာတ်သိမ်း

photo crd

ခုခေတ်လူငယ်တွေဟာ ချစ်သူနဲ့ နှစ်ယောက်သိ ချစ်နေရတာကိုပင်အားမရ သူတို့ဘယ်လိုချစ်ကြောင်း လိုင်းပေါ်မှာတင်ပြီး အများပြည်သူသိအောင် ဝါကြွားချင်ကြပါတယ်။ အခု လူငယ်စုံတွဲတစ်တွဲလည်း ဒီသဘောပါဘဲ။ တစ်ယောက်နဲ့တစ်ယောက် တစ်ဖဝါးမှ မခွဲခွာချင်လို့ဆိုပြီး ရက်ပေါင်း (၁၂၃)ရက်ကြာ လက်ထိတ်ခတ်ပြီး အတူနေခဲ့ကြတာပါ။

သူတို့နှစ်ယောက်ရဲ့ လုပ်ရပ်ကို သူငယ်ချင်းတွေ၊ လူမှုကွန်ရက်ပေါ်က ပရိသတ်အသီးသီးက ထောက်ခံအားပေးခဲ့ကြပါတယ်။ သူတို့တစ်တွေရဲ့အမည်ကတော့ Alexander Kudlay (၃၃)နှစ်နဲ့ Viktoria Pustovitova (၂၉)နှစ်တို့ ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံ၊ Kharkiv မြို့မှာ နေထိုင်ကြတာပါ။

photo crd

သူတို့တစ်တွေဟာ သုံးလတိုင်တိုင် အတူလက်ထိတ်ခတ်ပြီး နေလိုက်ရုံနဲ့ အချစ်ရေးမှာဖြစ်ပေါ်နေတဲ့ မြေပြင်ပြဿနာတွေ လွယ်လွယ်လေး အနည်ထိုင်ပြီး၊ တစ်ယောက်နဲ့တစ်ယောက် ဆထက်ထမ်းပိုး ပိုပြီးချစ်ကြမယ်လို့ ယူဆတယ်လို့ ကနဦးက ပြောခဲ့ပါတယ်။ သို့ပေမယ့် တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်ထားတဲ့ လက်ထိတ်ကို ဖြုတ်လိုက်ချိန်မှာတော့ချက်ချင်းဆိုသလို ခွာပြဲခဲ့ကြတာပါ။

သူတို့တစ်တွေဟာ လူငယ်တွေပီပီ ရိုဆန်ဖို့အတွက် Kyiv မြို့က ညီညွှတ်ရေးရုပ်တုအနီးမှာ အချင်းချင်း လက်ထိတ်အခတ်ခံပြီး ရိုဆန်ခဲ့ကြတာပါ။ ဒီလိုပဲ လက်ထိတ်ဖြတ်ဖို့အတွက်ကိုလည်း အဲဒီနေရာအထိ ပြန်သွားပြီး အလွန်ကြီးမားတဲ့ ကတ်ကြေးကြီးနဲ့ ဖြတ်တောက်ခဲ့ပါတယ်။

photo crd

ကတ်ကြေးကြီးနဲ့ ဖြတ်တောက်ပြီး သိပ်မကြာခင်မှာပဲ နှစ်ယောက်သား အတိုင်အဖောက်စလွဲပြီး၊ ကိုယ့်လွတ်လပ်ရာ လမ်းကြောင်းတွေကို အသီးသီးရွေးချယ်ကာ ကျောခိုင်းသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ Viktoria က “ကျွန်မ အမှီအခိုကင်းတဲ့ဘဝကို ရောက်ဖို့ မစောင့်နိုင်တော့ဘူးလေ နောက်ပြီး အမှီအခိုကင်းကင်းနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ချင်ပြီ “လို့ ပြောပါတယ်။

သူမက “အခုဆို လွတ်မြောက်သူ ဖြစ်သွားပါပြီ “လို့ သူမက ဖြည့်စွက်ပြောပါတယ်။ Alexander ရဲ့အပြောအရ ဒီလို လက်ထိတ်ခတ်ပြီးမနေခင်တုန်းက သူမက နှစ်ယောက်သား ဇာတ်လမ်းဖြတ်ဖို့ ပြောခဲ့ပါသတဲ့။ သူက အခုလို အကြံကိုပေးခဲ့တာမို့ နှစ်ယောက်သား ပြောတဲ့အတိုင်းနေပြီး၊ တစ်ယောက်ကိုတစ်ယောက် စိတ်မကုန်ရင် ဒီစီမံကိန်းပြီးတာနဲ့ ဆက်ပေါင်းကြဖို့ သဘောတူခဲ့တာပါတဲ့။

photo crd

Alexander က ” ကျွန်တော်တို့ကို ဝန်းရံကြသူတိုင်းကို ကျေးဇူးတင်ပါတယ် ။အခုဆို သူနဲ့ကျွန်တော့်ကြားမှာ အကွာအဝေးတစ်ခု ရှိသွားပါပြီ … ကျွန်တော်တို့ ဒီလို လုပ်ခဲ့ကြလို့ ပျော်ခဲ့ကြသလို ဘဝမှာရခဲ့တဲ့ ဒီအတွေ့အကြုံအတွက်လည်း ပျော်ရွှင်ရပါတယ် “လို့ ပြောပါတယ်။ သုံးလတာအတွင်းမှာ သူတို့ လက်ထိတ်တစ်ခါမှ မချွတ်ခဲ့ကြောင်း လုပ်စရာတွေ အတူတူလုပ်ကြပြီး၊ ရေအိမ်ဝင်ရင်တောင် နှစ်ယောက်အတူတူ ဝင်ရတယ်လို့ ဆိုပါတယ်။

လက်ထိတ်တကားကားနဲ့ စျေးတွေ၊ စတိုးတွေ လျှောက်တိုးခဲ့ရတာကလည်း ပျော်စရာပါပဲတဲ့။ သူတို့တစ်တွေ လက်ထပ်ဖို့အထိ စီစဉ်ထားသော်လည်း ကိုယ်ရေးကိုယ်တာ ချုပ်ချယ်မှုတွေက ဒီအိပ်မက်တွေကို ဖျက်ဆီးခဲ့တာလို့ သူက ပြောခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် ကမ္ဘာ့စံချိန်မှတ်တမ်းတစ်ခုတော့ သူတို့ ရရှိလိုက်ပါသတဲ့။

ခ ရက် ဒစ်